နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမှာ ရေဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး (၁)ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့

ဇူလိုင်လ (၁၀)ရက်။

မနေ့က ည(၉)နာရီ (၅၀)မိနစ်အချိန်က မုံရွာမြို့၊ ထနောင်းတောမြောက်ရွာက ရေဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။

မုံရွာ-မန္တလေးအမြန်လမ်းရှိ မုံရွာအ၀င် မြေနဲကျေးရွာအနီးက စွမ်းရည်ထက် စစ်ကောင်စီဂိတ်ကနေ ဒရုန်းတစ်စီးပျံဝဲလာပြီး ရေဘေးရှောင်ပြည်သူတွေအပေါ် ဗုံးသီးတလုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။

ရေဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် မိသားစု၀င်တွေဖြစ်တဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး(၃)ဦး ဒဏ်ရာရခဲ့ကာ ဖခင်ဖြစ်သူဟာ (၁)နာရီအကြာမှာ သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီကနေ့ နံနက်(၈)နာရီခွဲကလဲ ထနောင်းတောမြောက်ရွာကို စစ်ကောင်စီရဲ့ မအူဂိတ်ကနေ လက်နက်ကြီးတလုံး ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ဇူလိုင်လ (၇)ရက်နဲ့ (၈)ရက်ကလဲ စစ်ကောင်စီမအူဂိတ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ထနောင်းတောတောင်ရွာက ပြည်သူ (၇)ဦးနဲ့ ထနောင်းတောမြောက်ရွာက (၁)ဦး ထိခိုက်ကာ လင်းပိုးရွာအနီးက ခရီးသွားပြည်သူတစ်ဦး ထိခိုက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မုံရွာ-အမြင့်လမ်းဘေးက ကျေးရွာတွေကို စစ်ကောင်စီဂိတ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် စုစုပေါင်းပြည်သူ (၁၀၀)ကျော်ခန့် ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 9 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့
မြန်မာသတင်း

ပုလော ထားဝယ်လမ်းပိုင်း သွားလာတာတွေကို လျော့ချဖို့ KNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 8 Views
မေလ (၁)ရက်။ အခုအခါ သရက်ချောင်းလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့အကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ KNLA တပ်မဟာ(၄) အထူးတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ငဖဲမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 8 Views
မေလ (၁)ရက်။ မနေ့က နံနက် (၈)နာရီအချိန် ငဖဲမြို့ ပဇီရွာတပ်စခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်းရဲ့ ကာကင်းဖြစ်တဲ့ ပဇီရွာတပ်စခန်းကနေ
မြန်မာသတင်း

အလုပ်သမားရှားပါးလာတာကြောင့် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 20 Views
မေလ (၁)ရက်။ ပြည်ပကို သွားရောက်လုပ်ကိုင်တာတွေကြောင့် ပြည်တွင်းမှာ အလုပ်သမားရှားပါးနေတဲ့အတွက် ဘဝလုံခြုံမှုရှိတဲ့ ပြည်တွင်းမှာ လုပ်ကိုင်နိုင်ဖို့ ဆောင်ရွက်မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ အလုပ်သမားနေ့ကို ပေးပို့တဲ့ သဝဏ်လွှာထဲ ပြောဆိုထားတယ်လို့ သိရပါတယ်။ သဝဏ်လွှာထဲ စစ်ခေါင်းဆောင်က
မြန်မာသတင်း

နွေဦးတော်လှန်ရေး အမြန်ဆုံးပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 15 Views
မေလ (၁)ရက်။ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်ပြီးဆုံးဖို့ အလုပ်သမားတွေအပါအဝင် ပြည်သူတရပ်လုံး ဆက်လက်တိုက်ပွဲဝင်ဖို့ NUG ယာယီသမ္မတက ဒီကနေ့မှာကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ အလုပ်သမားထုကို ပေးပို့တဲ့သဝဏ်လွှာထဲ ‌တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်အာဏာသိမ်းဖို့ကြိုးပမ်းတာကြောင့် ချွတ်ခြုံကျနေတဲ့ နိုင်ငံရဲ့ စီးပွားရေးဟာ
မြန်မာသတင်း

ညောင်ဦးမှာ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅)ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 16 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၇)ရက်နဲ့ (၂၈)ရက်တို့မှာ ညောင်ဦးခရိုင်ထဲ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တို့အကြား နှစ်ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ Popa Guerilla Force(PGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧပြီလ (၂၆)ရက်နေ့က ညောင်ဦးခရိုင်
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 17 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
မြန်မာသတင်း

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 20 Views
ဧပြီလ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်ရှုံးကောင်စီရဲ့ တပခထဲကို ၁၀၇မမ