နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 11 ရက်

1027 Operations

1027 Operations မြန်မာသတင်း

သီပေါမြို့ကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့၊ သီပေါထောင်ပွင့်သွားပြီလို့ဆို

ဩဂုတ်လ (၁၀)ရက်။

ဒီကနေ့ နံနက် (၁၀)နာရီခွဲကျော်အချိန်ကစပြီး သီပေါမြို့ထဲက စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။

“ ဒီကနေ့ နံနက် (၁၀)နာရီ (၄၃)မိနစ်လောက်မှာ ဖုန်းရ‌တာတော့ အခြေအနေမကောင်းဘူးပေါ့။ သီပေါကို တော်လှန်ရေးတပ်တွေ သိမ်းလိုက်ပြီလို့ပြောတယ်။ ပစ်ခတ်တဲ့အသံတွေလဲ ဆူညံနေတာ” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

သီပေါမြို့သိမ်းတိုက်ပွဲထဲ နံနက် (၁၁)နာရီအချိန်ခန့်မှာ သီပေါထောင်ကို ဖွင့်ပေးလိုက်ပြီး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာလို့ ပြောဆိုနေကြပေမယ့် အသေးစိတ်တော့ မသိရသေးပါ။

“ သီပေါထောင်နား တိုက်ပွဲဖြစ်ပြီး ထောင်ကို ဖွင့်ပေးလိုက်တာလို့ ကြားတယ်။ သီပေါတံတားနဲ့ စံဖိတ်မုခ်ဦးမှာ တပ်စွဲထားတဲ့ စကစတွေလဲ အားလုံးသိမ်းပြီး ခလရ(၂၃)ထဲကို ၀င်သွားကြတယ်၊ နေ့လယ်ပိုင်းလောက်မှာ ပစ်ခတ်သံတွေ မကြားရတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

အခုအခါ သီပေါမြို့ထဲ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ကင်းစင်သွားကာ မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သိမ်းပိုက်ထားနိုင်ခဲ့ပြီး စစ်ကောင်စီရဲ့ ခမရ (၅၀၁)နဲ့ (၅၀၂)ဘက်မှာ ရှေ့တိုက်ဒုံးအပါအ၀င် ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

နေ့လယ် (၁)နာရီကျော်အချိန်ကစပြီး သီပေါမြို့မှာ တိုက်ပွဲဖြစ်ပွားတာမရှိတော့သလို လေကြောင်းသွားလာတာမျိုးမရှိဘဲ ဒေသခံတွေအနေနဲ့ သတိနဲ့ နေထိုင်နေရတယ်လို့ ပြောဆိုထားချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 6 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 5 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 10 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 6 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 19 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 118 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်/ကျဉ်းတွေ ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့လှုပ်ရှားမှု ပြုလုပ်မယ်

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 22 Views
ဧပြီလ (၁၀)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ‌ကျန်းမာဘေးကင်းစေဖို့ ဆုတောင်းမေတ္တာပို့သတဲ့ လှုပ်ရှားမှု ပြုလုပ်မယ်လို့ NLD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုဟာ လာမယ့် နှစ်ဆန်းတရက်နေ့ နှစ်သစ်ကူးအချိန်မှာ နှစ်သစ်ကူး‌ဆုတောင်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတလုပ်တဲ့ မင်းအောင်လှိုင်က ပြည်သူက ရွေးချယ်တင်မြှောက်တာဆိုပြီးပြော

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 27 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ သမ္မတ၊ ဒုသမ္မတ(၁)နဲ့ ဒုသမ္မတ (၂)တို့ ကျမ်းကျိန်ပွဲကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီကျမ်းကျိန်ပွဲမှာ မင်းအောင်လှိုင်က သမ္မတအပြင် ညိုစောနဲ့ နန်းနီနီအေးတို့က ဒုသမ္မတအနေနဲ့ လွှတ်တော်နာယကရှေ့မှာ