နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

ဆောင်းပါးများ

ဆောင်းပါးများ မြန်မာသတင်း

တရုတ်အရွေ့နဲ့ စစ်အုပ်စု

တရုတ်ခေါင်းဆောင်မော်စီတုံးကို သူတို့လေးစားတဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်က ဝှာကျုံးနဲ့ နန်ယန် တရုတ်စာသင်ကျောင်းက ကျောင်းသားတွေက မော်စီတုံးတံဆိပ်တွေကို ရင်ဘတ်မှာ ထိုးခဲ့ကြတဲ့အတွက် ကျောင်းဆရာတွေ ဆရာမတွေက ရင်ထိုးတွေ မထိုးဖို့‌ပြောရင်း အတိုက်အခံ ဖြစ်ကြပြီး ကျောင်းဆရာမတွေကို တရုတ်ကျောင်းသားတွေက ဖမ်းထားတယ်ဆိုတဲ့ ကောလဟလ ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လူထုက ကျောင်းတွေကို ဝိုင်းလာတာကစပြီး တရုတ်-ဗမာအရေးအခင်း ၁၉၇၃ ခုနှစ်မှာ ဖြစ်လာခဲ့တယ်။

အဲဒီအချိန်မှာ မြန်မာပြည်မှာ ဆန်ပြတ်လတ်မှု ပြဿနာကလည်း ဖြစ်နေတဲ့အတွက် စစ်အုပ်စုက လူထု‌ဒေါသကို တရုတ်ကျောင်းသားတွေဖက်ကို လွှဲပေးလိုက်တာဖြစ်တယ်လို့ နိုင်ငံရေးနိုးကြားသူတွေက ဆိုခဲ့ကြတယ်။

ဒီလို သူတို့ခေါင်းဆောင်ကို လေးစားတဲ့ မြန်မာပြည်ဘွား တရုတ်ကျောင်းသားတွေကို ဓားစာခံအဖြစ် အသုံးချပြီး အစိုးရအပေါ် မကျေနပ်မှုကို တရုတ်ကျောင်းသားတွေအပေါ် ကျရောက်စေခဲ့ပြီး တရုတ်ကျောင်းသားတွေကို သတ်ဖြတ်ခဲ့တာကြောင့် တရုတ်ကွန်မြူနစ် အစိုးရဟာ‌ ဒေါသအမျက် ချောင်းချောင်း ထွက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ ညီနောင်ပါတီဖြစ်တဲ့ ဗမာကွန်မြူနစ်ပါတီကို လူသူလက်နက်အ‌မြောက်အများ ပုံအောပြီးပေးခဲ့တယ်။

တရုတ်တပ်နီက စစ်သားတွေ ဗမာကွန်မြူနစ်ပါတီ တပ်သား အမှတ်တံဆိပ်တွေတပ်ပြီး ဝင်တိုက်ပေးခဲ့ဖူးတာကို ဗမာကွန်မြူနစ်ပါတီက တပ်မှူးတယောက်က ရွှေလီမြို့မှာ တွေ့စဥ်ပြောပြတာကို နားထောင်ခဲ့ရဖူးတယ်။ ဗမာကွန်မြူနစ်ပါတီဟာ တရုတ်တပ်အကူအညီနဲ့ တိုက်ခဲ့ပေမဲ့ မြန်မာစစ်တပ်ကို နိုင်အောင် မတိုက်နိုင်တဲ့အခါ တရုတ်အစိုးရဟာ သူထောက်ပံ့ ပေးထားတာတွေကို ရုတ်သိမ်းပြီး ဗိုလ်ချုပ်နေဝင်းအစိုးရကို ပြန်လည်ဆက်သွယ်ပြီး ထောက်ခံလာခဲ့သလို ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်တွေကို ကူမင်းမှာ ခိုလှုံခွင့်ပေးပြီး ထောက်ပံ့ထားခဲ့တာ ဒီနေ့အချိန်ထိပဲ ဖြစ်ပါတယ်။

မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးတဲ့နောက် ကမ္ဘာ့နိုင်ငံအများက မထောက်ခံခဲ့တဲ့ အထဲမှာ အာစီယံနဲ့ တရုတ်လည်း ပါပါတယ်။ မင်းအောင်လှိုင်ကို တနိုင်ငံလုံးက ဆန့်ကျင်ပြီး ပြည်တွင်း ပြည်ပကနေ ဆန့်ကျင်တော်လှန်ခဲ့ကြသလို အဓိက NLD ပါတီ လွှတ်တော်အမတ်တွေ ပါဝင်တဲ့ NUG နဲ့ ပါတီတွေ အင်ဂျီအိုတွေ ပါဝင်တဲ့ NUCC လည်း ပေါ်လာပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေမျိုးစုံပေါ်လာခဲ့ပြီး ဒီတော်လှန်ရေးတပ်ဖွဲ့တွေကို NUG က မစုစည်းနိုင်ခဲ့ပါဘူး၊ မစုစည်းတဲ့အပြင် စစ်ကိုစစ်နဲ့တူအောင် မတိုက်ဘဲ စစ်ပြီးကာလ အုပ်ချုပ်ရေးကို မျှော်ပြီး အမေကျော်ဒွေးတော်လွမ်းနေတဲ့ အုပ်ချုပ်ရေးကို ဇောင်းပေးလုပ်နေတဲ့ အတွက်ရယ် ‌ဒေသခံကာကွယ်ရေးအဖွဲ့တွေကို ငါအောက်မဝင်ရင် တရားမဝင် အဖွဲ့အစည်း ဖြစ်တယ် ပူးတွဲမလုပ်ရဘူးဆိုတဲ့ ခွဲခြားဆက်ဆံရေးတွေကြောင့် တော်လှန်ရေးက မအောင်မြင်နိုင်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း ဘုံသဘောတူညီချက်ကို မတည်ဆောက်နိုင်ပါဘူး။

ဒီလိုနဲ့ ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်လာတဲ့အခါ သူမနိုင် ကိုယ်မနိုင် အခြေအနေကြောင့် မြန်မာနိုင်ငံဟာ ကျဆုံးနိုင်ငံဘဝကို ရောက်လာခဲ့ပါတယ်။ NUG ဟာ စစ်ကို ဗမာပြည်ကွန်မြူနစ်ပါတီလို နိုင်အောင် မတိုက်နိုင်တဲ့အခါ တရုတ်က မင်းအောင်လှိုင်ကို ထောက်ခံအားပေးဖို့ ရွေးချယ်လိုက်တယ်လို့ မြင်ပါတယ်။

ထွန်းအောင်ကျော်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 22 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 47 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 17 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 19 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 35 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 26 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊