နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြင်းမူမြို့နယ် လက်ထုတ္တောရွာမှာ အစုလိုက်အပြုံလိုက် စစ်ကောင်စီ ပစ်သတ်

vမေလ (၁၁) ရက်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာအတွင်းကို ဒီနေ့ မေလ ၁၁ ရက် မနက် (၅) နာရီအချိန်မှာ စစ်ကောင်စီ စစ်ကြောင်း အင်အား ၁၀၀ ကျော်က ရွာကို နှစ်ဖက်ညှပ်ကာ ရုတ်တရက် ပစ်ခတ်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတွေ ဘုန်းကြီးကျောင်း ၂ ကျောင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ဘုန်းကြီးကျောင်း ၂ ကျောင်းမှာ ပုန်းနေတဲ့ ပြည်သူ ၃၀ ကျော်ကို ဘုန်းကြီးကျောင်းထဲမှ ခေါ်ထုတ်ပြီး စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ CDSOM အဖွဲ့ခေါင်းဆောင် ကိုနွေဦး (မြောင်) ဆီက သိရပါတယ်။

အမျိုးသမီးအလောင်း ၃ လောင်း ဘုန်းကြီးကျောင်း ၁ ကျောင်းမှာ ၂၃ လောင်း၊ နောက် ၁ ကျောင်းမှာ ၅ လောင်းနဲ့ ရွာထဲလမ်းမကြီးမှ ၂ လောင်း စုစုပေါင်း ၃၀ တွေ့ရှိထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ နေအိမ်တွေကိုပါ မီးရှိဖျက်ဆီးပြီးနောက် လက်ထုတ္တောကျေးရွာကနေ ပြန်လည်ထွက်ခွာသွားကြပြီလို့ သိရပါတယ်။

အဲ့ဒီရွာကို မနှစ်က (၂၀၂၃ ခုနှစ်) မေ ၆ ရက်ကလည်း အိမ်ခြေ ၄၀၀ ကျော် မီးရှိဖျက်ဆီးခံထားရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အမ်း-ပဒါန်းလမ်းပိုင်းမှာ စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 0 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က ညနေပိုင်းအချိန် ငဖဲမြို့ အမ်း-ပဒါန်းလမ်းပိုင်းတနေရာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်(ACDF)ရဲ့ ဒီကနေ့မှာထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

တရုတ်ရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” နဲ့ ကိုးကန့်ဒေသတို့ ကုန်စည်ဖြတ်သန်းခွင့်ရရှိ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 0 Views
ဇန်နဝါရီလ (၂၀)ရက်။ ဒီကနေ့ကစပြီး တရုတ်အစိုးရရဲ့ ညွှန်ကြားချက်နဲ့ “ ဝ” ဒေသနဲ့ ကိုးကန့်ဒေသတို့အကြား ကုန်စည်ဖြတ်သန်းခွင့် ရရှိပြီဖြစ်တယ်လို့ UWSA
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူတွေ တစ်မြို့လုံးနီးပါး တိမ်းရှောင်နေကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 4 Views
ဇန်နဝါရီလ (၂၀)ရက်။ တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူ‌တွေ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ အခုက တစ်မြို့လုံးနီးပါး ပြောင်းနေကြပြီ၊ ပစ္စည်းတွေသယ်ဖို့ကို ကားတွေငှားတာ မလိုက်ကြလို့ အခင်တွေ့နေတယ်။
မြန်မာသတင်း

ရွာလုံးကျွတ်နီးပါး မီးရှိခံရပြီး (၂)နှစ်ကြာ နေရပ်မပြန်နိုင်သေးတဲ့ ဆားလင်းကြီးမြို ထန်းတောရွာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 0 Views
+++++++++++++++++++++++++++++++++++++++++++++++ ဇန်နဝါရီလ (၂၀)ရက်။ ဆားလင်းကြီးမြို ထန်းတောရွာဟာ အိမ်ခြေထက်ဝက်ကျော် မီးရှိခံရပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်တာ (၂)နှစ်ပါးရှိနေပြီဖြစ်တယ်လို ဒေသခံတွေထံက သိရပါတယ်။ “ အိမ်ခြေ (၅၀၀)လောက်ရှိတဲ့အထဲ (၂၆၀)ကျော်လောက် မီးရှိခံရတာပြီး ကျန်အိမ်တွေဟာ ခိုးယူခံရတာတွေ
1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 17 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation Front ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 9 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတိုင်ခင်ရွာအနီး ကင်းလှည့်ထွက်လာတဲ့ စခတွေ၊ ရဲတွေနဲ့ စစ်မှုထမ်းခိုင်းဖို့
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 14 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို