နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးမြို့နယ်ထဲ စစ်ကောင်စီက အိမ်ခြေ (၄၀၀)ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ကာကွယ်ရေးရဲဘော် (၃)ဦးကို သတ်ဖြတ်ခဲ့

စက်တင်ဘာလ (၁၁)ရက်။

ဩဂုတ်လ (၃၁)ရက်ကစပြီး ဒီကနေ့အထိ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ (၁၃)ရွာရှိ အိမ်ခြေ (၄၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီမီးရှို့ဖျက်ဆီးခဲ့တဲ့ ကျေးရွာတွေဟာ ငကြိုင်း၊ အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ ဆီဆုံ‌လေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့နဲ့ စည်ပုတ္တရာကျေးရွာတို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ မဒေါင်းကြီးနဲ့ ရွှေကာကျေးရွာပတ်လည်ကနေ စစ်ကောင်စီက စစ်ကြောင်းလှုပ်ရှားနေတာကြောင့် မီးရှို့ခံထားရတဲ့ ကျေးရွာတွေအပြင် သရက်ကန်၊ ပြေကုန်း၊ ပင်တင်း စတဲ့ ကျေးရွာတွေက ဒေသခံတွေပါ တိမ်းရှောင်နေရတယ်လို့ ဖော်ပြထားပါတယ်။

မနေ့ကလဲ ဂျပို့၊ ပေါက်သင့်တုံနဲ့ စည်ပုတ္တရာကျေးရွာတို့ကို စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ပြီး မဒေါင်းကြီးနဲ့ ရွှေကာ ကျေးရွာအနီး စစ်ကြောင်းအထောက် ရောက်ခဲ့တဲ့ ဒေသကာကွယ်ရေးရဲဘော် (၃)ဦးကို ကျေးရွာထိပ်မှာ ပစ်သတ်ထားခဲ့သေးတယ်လို့ ရေးသားထားပါတယ်။

မဒေါင်းလှပျူစခန်းသိမ်းတိုက်ပွဲ နောက်ဆက်တွဲအနေနဲ့ ဝါသဝလက်အောက်ခံ ပျူစောထီးနဲ့ ကန့်ဘလူသကြားစက် စစ်‌ကောင်စီတပ် ပူးပေါင်းအင်အား (၁၇၀)ခန့်ဟာ ခင်ဦးနဲ့ ကန့်ဘလူကြား ကျေးရွာတွေကို စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီလို တိုက်ခိုက်တာတွေကြောင့် ကျေးရွာပေါင်း (၂၀)ဝန်းကျင်က ဒေသခံပြည်သူပေါင်း (၁၀၀၀၀)ကျော်ဟာ မိုးရာသီထဲ လယ်ယာမစိုက်နိုင်ဘဲ ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာ (၁)လပြည့်တော့မှာဖြစ်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။

မဒေါင်းလှပျူစခန်းကို ဩဂုတ်လ (၁၈)၊ (၁၉)နဲ့ (၃၁)ရက်တို့မှာ တိုက်ခိုက်ခဲ့တာနဲ့ ခြေလျင်စစ်ကြောင်း တိုက်ခိုက်တာတွေထဲ စစ်ကောင်စီတပ်သား အရာရှိတစ်ဦးအပါအဝင် (၃၀)ကျော် သေဆုံးခဲ့ပြီး ကာကွယ်ရေးအဖွဲ့ရဲဘော် (၈)ဦး အသက်ပေးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အခုအခါ စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်ရက်ဆက်များပြားလာတာကြောင့် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်တွေဟာ နေစရာ၊ စားစရာ အဓိက အခက်အခဲဖြစ်နေကြပြီး တတ်နိုင်သမျှ ဝန်းရံထောက်ပံ့ပေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းချက်နဲ့

  • 2026 ခုနှစ်၊ ဧပြီလ 26 ရက်
  • 25 Views
နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး” မင်းအောင်လှိုင်ကအတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းတယ်လို့ ပြီးပြည်နယ်တွေ တိုင်းတွေကို ဗုံးတွေကြဲနေတယ်၊ နောက်သူသမတတက်လုပ်ပြီးတဲ့နောက် မတရား ဖမ်းဆီးထားတဲ့နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးမယ်ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အများစုကိုလွှတ်မပေးဘူး။
မြန်မာသတင်း

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေပြော

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 25 Views
ဧပြီလ (၂၅)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ ချင်းပြည်နယ် ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ပြောဆိုထားတယ်လို့ သိရပါတယ်။ ချင်းပူးပေါင်းတပ်တွေ
မြန်မာသတင်း

ဘိုဒါးရွာထဲ (၂)နှစ်ကျော်ကြာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 25 Views
ဧပြီလ (၂၅)ရက်။ ဘိုဒါးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့စခန်းကို ‌တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ ဘိုဒါးစခန်းဟာ လယ်ကဆောမြို့နယ်၊ ဘုတ်ပြင်းမြို့နဲ့ ပြည်ကြီးမဏ္ဍိုင်မြို့ကြား ပြည်ထောင်စုလမ်းမပေါ်ရှိ ဘိုဒါးရွာထဲမှာ စစ်တပ်က (၂)နှစ်ကျော်ကြာ
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့အပေါ် NUCC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 25 ရက်
  • 23 Views
ဧပြီလ (၂၅)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်ပေါင်း (၁၀၀)ထဲ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်တာနဲ့ပတ်သက်ပြီး NUCC က ဒီကနေ့မှာ သဘောထားထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖိတ်ခေါ်တာဟာ စစ်အာဏာသိမ်းတာကြောင့် ပျက်ပြယ်ပြီးဖြစ်တဲ့ ၂၀၀၈ခြေ/ဥနဲ့ NCA လမ်းကြောင်းကနေတဆင့် တော်လှန်ရေးအင်အားစုတွေကို သက်လျှိုသွေးခွဲဖို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ကပစ(၂၄) ရှော့တိုက်ဒုံးတွေ၊ လက်လုပ်ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 33 Views
ဧပြီလ (၂၄)ရက်။ ဧပြီလ (၂၀)ရက်နေ့က ပေါက်မြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ကပစ(၂၄)ကို ရှော့တိုက်ဒုံးတွေ၊ လက်လုပ် ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မကွေးတိုင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကပစ(၂၄)ကို MGY–30 Special Operations Unit–3
မြန်မာသတင်း

ဝက်လက်နယ်ရှိ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 32 Views
အရပ်သားတဦးသေဆုံးပြီး စာသင်နေတဲ့ ကျောင်းသားကျောင်းသူတွေ ထိခိုက်ဒဏ်ရာရခဲ့ ဧပြီလ (၂၄)ရက်။ မနေ့က နေ့လယ် (၁၁)နာရီခွဲအချိန်က ဝက်လက်မြို့ မုဆိုးခြုံ(ရွာမ)ရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက သိရပါတယ်။ “ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ မုဆိုးခြုံ(ရွာမ)ရွာစာသင်ကျောင်းကို
မြန်မာသတင်း

မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဂုဏ်ပြုတယ်ဆိုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတယ်လို့ MNDAA ပြော

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 29 Views
ဧပြီလ (၂၄)ရက်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ကြိုဆိုဂုဏ်ပြုတဲ့ သဝဏ်လွှာအတု ထွက်ပေါ်နေတာကြောင့် သတိပြုကြဖို့ ကိုးကန့်တပ်(MNDAA)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အခုအခါ လူမှုကွန်ရက်စာမျက်နှာတွေမှာ “ The Kokang” နဲ့ တရုတ်ဘာသာနဲ့
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံ‌ခြားရေးဝန်ကြီးပြောတယ်ဆိုပြီး စစ်လော်ဘီတွေဖြန့်ဝေနေ

  • 2026 ခုနှစ်၊ ဧပြီလ 24 ရက်
  • 28 Views
ဧပြီလ (၂၄)ရက်။ ‌အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောတယ်ဆိုပြီး စစ်လော်ဘီချန်နယ်တွေက ရေးသားဖြန့်ဝေနေကြတယ်လို့ သိရပါတယ်။ အခုရက်ပိုင်းထဲ နေပြည်တော်ကို ရောက်ရှိလာတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ထည့်သွင်းပြောဆိုခဲ့တာလို့