နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်

ကရင်ပြည်နယ်

ကရင်ပြည်နယ် မြန်မာသတင်း အရှေ့တောင်အာရှ

မြန်မာစစ်တပ်သည် ထိုင်းနယ်စပ်ရှိ အဓိကမြို့တစ်မြို့ကို ထိန်းချုပ်နိုင်မှု ဆုံးရှုံးသွားသည်ဟု တော်လှန်ရေးသမားများကဆို

*** CNN ၏ “Myanmar military loses control of key town on Thai border, rebels say, in major win for anti-junta resistance” ကိုခေတ်မျက်လုံးမှ တိုက်ရိုက်မြန်မာပြန်သည်။

မြန်မာစစ်အစိုးရကို တိုက်ခိုက်နေသော တော်လှန်ရေးအင်အားစုများက ၎င်းတို့သည် အဓိက နယ်စပ်မြို့တစ်မြို့၌ နောက်ဆုံးလက်ကျန် စစ်အခြေစိုက်စခန်းကို သိမ်းပိုက်လိုက်ကြောင်းနှင့် အာဏာကို ဆုပ်ကိုင်ထားရန် ရုန်းကန်နေရသည့် တိုင်းပြည်၏ စစ်အာဏာရှင်များအတွက် နောက်ဆုံး သိသာထင်ရှားသော ထိုးနှက်ချက်ဖြစ်ကြောင်း ပြောသည်။ မြဝတီမြို့အရှေ့တောင်ဘက်ရှိ တပ်စခန်းများမှ စစ်သား ၂၀၀ ခန့်သည် စခန်းကို စွန့်လွှတ်ကာ အမှတ် (၂) ချစ်ကြည်ရေးတံတားဖက်သို့ ဆုတ်ခွာလာခဲ့ကြောင်း ကရင်တော်လှန်ရေးသမားများက ဗုဒ္ဓဟူးနေ့ညက တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာနှင့် ထိုင်းနယ်စပ် ချစ်ကြည်ရေးတံတားသို့ မြန်မာစစ်သားများ ပြေးလွှားရောက်ရှိလာခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“မနေ့ညကတည်းက မြဝတီမြို့ကို တရားဝင် ထိန်းချုပ်ထားပါတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ စောတောနီက ပြောသည်။ ထိုင်းနိုင်ငံနှင့် အဓိကကုန်သွယ်ရာနေရာ ဆုံးရှုံးခြင်းသည် “စစ်တပ်အတွက် ကြီးမားသော ပြဿနာတစ်ရပ်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ KNU ၏ အဆိုကို CNN မှ သီးခြား အတည်မပြုနိုင်ပေ။ တော်လှန်ရေးအင်အားစုများသည် နယ်စပ်တံတားကို မထိန်းချုပ်နိုင်သေးကြောင်း ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားခဲ့ပြီး စစ်သားများသည် ထိုင်းနိုင်ငံအတွင်းသို့ လုံခြုံစွာ ဖြတ်သန်းဝင်ရောက်ရန် ကြိုးပမ်းနေသည်ဟု ဆိုသည်။

ဗျူဟာမြောက် အရေးပါသော လူဦးရေ ၂၀၀,၀၀၀ ရှိသည့် မြဝတီသည် ထိုင်းနိုင်ငံ မဲဆောက်မြို့၏ တဖက်ကမ်းတွင် တည်ရှိသည်။ စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင်ရှိသော နယ်စပ်ဖြတ်ကျော်သည့်နေရာသည် ကုန်သွယ်မှု အထူးသဖြင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်သော ကုန်သွယ်မှုနှင့် စားသောက်ကုန်များ သယ်ယူပို့ဆောင်မှုအတွက် အရေးကြီးပါသည်။ ၎င်းနေရာသည် မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၏ တရားဥပဒေမဲ့နယ်စပ်ဒေသများတွင် ဒေါ်လာဘီလီယံနှင့်ချီ၍ လိမ်လည်နေသော အွန်လိုင်းလိမ်လည်မှု အဆောာက်အအုံနေရာများကို ဖန်တီးတည်ဆောက်ထားသည့် အလုပ်ရုံအများအပြားအတွက် နေရာတစ်ခုဖြစ်ပြီး ၎င်းတို့ထဲမှ အများစုမှာ ယနေ့ခေတ် ကျွန်စနစ်ကဲ့သို့ အတင်းအကျပ် အလုပ်ခိုင်းစေခြင်းခံနေရသော လိမ်လည်ခေါ်ဆောင်ခြင်းခံရသည့် နိုင်ငံခြားသား ဝန်ထမ်းများဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အဆောက်အအုံများတွင် လူပေါင်း ၁၂၀,၀၀၀ အထိ ထိန်းသိမ်း ခိုင်းစေထားမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။

Reuters မှ မျှဝေထားသည့် ဗီဒီယိုဖိုင်တွင် ကြာသပတေးနေ့တွင် ထိုင်းနယ်စပ်သို့ ဖြတ်ကျော်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအချို့က တိုက်ပွဲများကြားတွင် ကြောက်လန့်နေသည်ဟု အချို့က ဆိုသည်။ ထိုင်းစစ်တပ်ယာဉ်များနှင့် တပ်ဖွဲ့ဝင်များသည် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသည့် ဗီဒီယိုဖိုင်ကိုလည်း ပြသခဲ့သည်။

မြန်မာ့နိုင်ငံ၏ သြဇာအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KNU မှ ၎င်း၏ လက်နက်ကိုင်အဖွဲ့သည် မြို့တွင်းနောက်ဆုံးကျန်ရှိနေသည့် တပ်ရင်း ခလရ (၂၇၅) ကို ည ၁၀ နာရီအချိန်ခန့်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ ဗုဒ္ဓဟူးနေ့တွင် စစ်အစိုးရတပ်များနှင့် လက်နက်ချရန် ညှိနှိုင်းပြီးနောက် ပျက်ပြားသွားခဲ့သည်။

“ကျနော်တို့က သူတို့ကို ပြန်မတိုက်ခိုက်ဖို့ စည်းရုံးပြီး လက်နက်ချဖို့ နာရီပေါင်းများစွာ ကြိုးစားခဲ့ပါတယ်” ဟု စောနော်တီးက ပြောသည်။ မြဝတီမြို့တစ်ဝိုက်တွင် တိုက်ပွဲများ ရက်အတန်ကြာ ဖြစ်ပွားနေပါသည်။ ဧပြီလ ၅ ရက်နေ့မှစပြီး KNU ၏ တပ်မတော်နှင့် မဟာမိတ်တပ်များသည် မြဝတီမြို့အစွန်ရှိ စစ်စခန်းများနှင့် တပ်စခန်းများကို သိမ်းယူထားပြီဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအပြီးတွင် စစ်အစိုးရ တပ်သား ၆၇၀ က KNLA သို့ လက်နက်ချခဲ့ကြောင်း စောနော်တီးက ပြောသည်။

တပ်ရင်း (၂၇၅) ကပဲ ခံတိုက်နေတာဟု သူက ဆိုသည်။ ဗုဒ္ဓဟူးနေ့ညတွင် ထိုနေရာတွင် တပ်စွဲထားသော တပ်ဖွဲ့ဝင်များသည် ၎င်းတို့အား ကူညီရန် တပ်မတော် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ စစ်ကူများကို မျှော်လင့်ထားသည်။ စစ်ကူများ ရောက်မလာသည့်အခါ စစ်သားများသည် ၎င်းတို့၏ စခန်းများကို စွန့်ကာ နယ်စပ်တံတားသို့ ထွက်ပြေးသွားခဲ့ကြောင်း KNU ထံ မှ သိရသည်။ CNN သည် မြန်မာစစ်အစိုးရထံ မှတ်ချက်တောင်းရန် ဆက်သွယ်ခဲ့သည်။ မြဝတီတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ထူထောင်ရန် စီစဉ်နေကြောင်း စောနော်တီက ပြောသည်။

ယိုင်နဲ့နေသောစစ်အစိုးရ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချကာ စစ်အာဏာရှင်အစိုးရနှင့် အစားထိုးပြီးနောက် မြန်မာနိုင်ငံသည် ဆိုးရွားသော ပြည်တွင်းစစ်အတွင်း ကျဆင်းသွားခဲ့သည်။

အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် ရုန်းကန်နေရသော မြန်မာစစ်အစိုးရသည် မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့သည်။ KNU ကဲ့သို့ နိုင်ငံ၏ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်များ အများအပြား ပါဝင်သော တနိုင်ငံလုံး အတိုင်းအတာ လက်နက်ကိုင် တော်လှန်ရေး လှုပ်ရှားမှုသည် ယခုအခါ စစ်အစိုးရ အတွက် တရားဝင် ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေသည်။ မြဝတီမြို့ခံ ဒေသခံများနှင့် တော်လှန်ရေးသမားများ ကြားတွင် တပ်မတော်မှ နယ်မြေစိုးမိုးမှု ပျက်ပြားသွားသည့်အတွက် မြို့တွင်းသို့ လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်မည်ကို စိုးရိမ်မှုများ ရှိနေသည်။

မြဝတီမြို့တွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက CNN သို့ ကြာသပတေးနေ့တွင် တိုက်လေယာဉ်များ ခေါင်းပေါ်မှ ပျံ့လွင့်နေသည့်အတွက် ၎င်း၏ကလေး ၈ ဦးကို ဘေးကင်းစေရန် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း CNN သို့ ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ “မြဝတီမှာ လူတချို့ ကျန်နေသေးပေမယ့် တချို့က လေကြောင်းတိုက်ခိုက်မှု အန္တရာယ်အတွက်ရော သူခိုးတွေအတွက်ပါ လုံခြုံရေးအတွက် ဆက်လက်ပြီး သတိဝရိယနဲ့ နေနေကြရတယ်” ဟု သူမက ဆိုသည်။

“မြို့ထဲမှာ ကျန်နေတဲ့သူတွေ အားလုံးက ဖြစ်ပေါ်လာနိုင်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွက် စိုးရိမ်နေကြပါတယ်” ဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။ “ ကျွန်မတို့အားလုံးမှာ ကလေးတွေရှိတဲ့ မိသားစုတွေရှိတယ်၊ ဒါကြောင့် မြို့ထဲမှာ ကြီးကြီးမားမား ထိခိုက်မှုတွေ မဖြစ်စေချင်ဘူး။” ထိုင်းတတိယတပ်မတော် တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး ပါရာဆန် စန်စီရီရက်ခ် (Prasarn Saengsirirak) က အဆိုပါ အခြေစိုက်စခန်းအား သူပုန်များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းအတည်ပြုခဲ့ပြီ ထိုင်းနိုင်ငံအတွင်းသို့ လေကြောင်းမှ ကျူးကျော်ဝင်ရောက်လာပါက မြန်မာစစ်တပ်အားမောင်းထုတ်မည်ဟု သတိပေးထားကြောင်း CNN သို့ ကြာသပတေးနေ့တွင် အတည်ပြု ပြောကြားခဲ့သည်။

“ပိုအရေးကြီးတာက ထိုင်းဘက်ခြမ်းကို ကျရောက်မလာစေရဘူး။ သူတို့အနေနဲ့ အရမ်းသတိထားရမယ်။ သူတို့ (ထိုင်းဘက်ခြမ်း) ဝင်လာရင် သူတို့ကို သတိပေးမယ်” ဟု ပါရာဆန် က ပြောသည်။ “ သူတို့ရဲ့လေယာဉ်ပျံတက်လာတာနဲ့ ငါတို့သိမှာပါ” ထိုင်းစစ်တပ်သည် နယ်စပ်တလျှောက် ကင်းလှည့်မှုများ တိုးမြှင့်ထားပြီး ထိခိုက်ခံစားရသည့် အရပ်သားများအတွက် ယာယီဘေးကင်းရာ နေရာတစ်ခု ပြင်ဆင်ထားကြောင်း ပါရာဆန် က ဆက်လက်ပြောသည်။ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှင့် ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ၎င်းက ပြောသည်။

မြဝတီမြို့ကို တော်လှန်ရေးတပ်များလက်ထဲသို့ ကျဆုံးသွားခြင်းသည် စစ်အာဏာရှင်တို့ အတွက် နောက်ဆုံး အရှက်ရစေသော ရှုံးနိမ့်မှုဖြစ်ပြီး နိုင်ငံတဝှမ်းရှိ မြို့များ၊ တပ်စခန်းများနှင့် နယ်မြေများ ထိန်းချုပ်မှု ဆုံးရှုံးကာ တပ်များ ကျဆုံးခြင်းနှင့် အစုလိုက်အပြုံလိုက် ဘက်ပြောင်းလာမှုများနှင့် ရင်ဆိုင်နေရသည်။ ပြီးခဲ့သည့်လက ကချင်ပြည်နယ် မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များသည် မြန်မာ-တရုတ် နယ်စပ်ရှိ အချက်အချာကျသော ကုန်သွယ်ရေးမြို့တစ်မြို့နှင့်အတူ ကင်းစခန်းများနှင့် အခြေစိုက်စခန်း ဒါဇင်များစွာနှင့်အတူ သိမ်းပိုက်ခဲ့ကြောင်း ပြည်တွင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ရခိုင်ပြည်နယ် အနောက်ဘက်တွင် ရက္ခိုင့်တပ်မတော်က မကြာသေးမီက အဓိက မြို့ကြီးများကို သိမ်းပိုက်ခဲ့ပြီး စစ်အစိုးရတပ်များကို ဆန့်ကျင်ကာ အရေးပါသော နယ်မြေနေရာများကို ရရှိနေပြီဖြစ်သည်။

မြဝတီမြို့ တော်လှန်ရေးဘက်သို့ ကျဆုံးသွားခြင်းသည် တဆစ်ချိုး ပြောင်းလဲသွားမှု ဖြစ်သည်ဟု သုံးသပ်သူများက ဆိုသည် အဘယ့်ကြောင့်ဆိုသော် စစ်အစိုးရ၏ ရှုံးနိမ့်မှုများကို ပြန်လည်တွန်းလှန်ရန် မစွမ်းဆောင်နိုင်ခြင်းကြောင့်ဖြစ်သည်။ “ဒီဆုံးရှုံးမှုတွေကို တဆင့်ပြီးတဆင့် စောင့်ကြည့်နေရပြီး ဘာ တုံ့ပြန်မှုမှပြန်လည် မလုပ်နိုင်ပါဘူး” ဟု လွတ်လပ်သော မြန်မာသုတေသီ ကင် ဂျိုလီဖီ (Kim Jolliffe) က ပြောသည်။ “အဲဒါကြောင့် စစ်အာဏာရှင် ပြိုလဲတော့မယ်ဆိုတာ ထပ်လောင်းအတည်ပြုပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်အစိုးရက ဗျူဟာကျကျ အခြေအနေကို နောက်ပြန်လှည့်နိုင်ဖို့ အစပြုတဲ့ ပြန်လည်ရယူနိုင်စွမ်းကို ဘယ်အချိန်မှာမှ မပြနိုင်လို့ပါပဲ” ဟုဆိုသည်။

CNN ၏ “Myanmar military loses control of key town on Thai border, rebels say, in major win for anti-junta resistance” ကိုခေတ်မျက်လုံးမှ တိုက်ရိုက်မြန်မာပြန်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 21 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 21 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 32 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ
မြန်မာသတင်း

တော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၂)ရက်။ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေး (၅)နှစ်တာထဲမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပိုပြီး စနစ်တကျနဲ့ ရက်စက်လာတာကို
မြန်မာသတင်း

အုတ်တွင်းမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅၀)ဦးခန့်သေဆုံးကာ တပ်ပျက်ထွက်ပြေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 26 Views
ဇန်နဝါရီလ (၃၁)ရက်။ အုတ်တွင်းမြို့မှာ အင်အား (၁၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အင်အား (၁၅၀)လောက်နဲ့ တိုင်းဗဟို(၆) အမြှောက်တပ်ကနေ စစ်ကြောင်းထိုးဝင်လာတာ။ အဲ့ဒီစစ်ကြောင်းကို အုတ်တွင်း-ပေါက်ခေါင်းလမ်းမှာ
မြန်မာသတင်း

မအလရဲ့(၃)လသက်တမ်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 1 ရက်
  • 29 Views
NUGရဲ့မူးယစ်ခြေမှုန်းခန်း တရုတ်ရဲ့အာဏာစက်နန်း အထက်ပါခေါင်းစဥ်နဲ့ ဒီတနင်္ဂနွေနေ့ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်းအပိုင်း(၃၂)  ကိုဦးထွန်းအောင်ကျော်နဲ့ ဦးထွန်းကြည်တို့က ဆွေးနွေးတင်ပြကြမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ(၃)ဆင့်ပြုလုပ်ပြီးအများတွက်ထားပြီးသားဖြစ်တဲ့အတိုင်’စစ်တပ်ပိုင်ကြံခိုင်ရေးပါတီကအနိုင်ရလာခဲ့ပြီးတဲ့နောက်မင်းအောင်လှိုင်က မြို့နယ်တွေမှာ အရေးပေါ်အခြေအနေ ကြောညာတဲ့အမိန့်ကို ရက်ပေါင်း (၉၀) အတည်ဖြစ်တယ်လို့လဲ ထုတ်ပြန်ထားပါတယ်။ NUG ကလည်းဖမ်းမိတဲ့မူးယစ်ဆေးဝါးတွေကိုမီးရှို့ဖျက်ဆီးနေတဲ့ပုံတွေကိုပြသခဲ့ပါတယ်။ တဖက်မှာလည်းအိမ်နီးချင်းတရုတ်နိုင်ငံကတောင်းလို့ပေးအပ်လိုက်ရတဲ့
မြန်မာသတင်း

တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 36 Views
ဇန်နဝါရီလ (၃၁)ရက်။ တော်လှန်ရေးရန်ပုံငွေ ရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ အလုပ်မလုပ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မူးယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့တော်လှန်ရေးရဲ့ ရန်ပုံငွေရှာဖွေဖို့ ဘယ်လောက်ခက်ခက် မူးယစ်ဆေးဝါးနဲ့ ကျနော်တို့