နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကွင်းဆက်လူသတ်မှုတွေ ကျူးလွန်ထားတဲ့ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ကို NUG စစ်ဆေးနေ

ဧပြီလ (၁၂) ရက်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာ လူသတ်မှု အနည်းဆုံး (၄) မှု ကျူးလွန်ထားပြီး အရေးယူမှု မခံရဘဲ ကြာရှည်စွာ လွတ်မြောက်နေကာ ဘယ်မီဒီယာကမှ မဖော်ပြခဲ့တဲ့ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ကို ပြီးခဲ့တဲ့နှစ် မေလမှာ ကျေးရွာပကဖဒုတာဝန်ခံကို သတ်မှုနဲ့ NUG က ဖမ်းဆီးထားတယ်လို့ ပကဖ အောင်သောင်းနိုင်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရတဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတစ်ဦးက သတင်းပို့လာပါတယ်။

မောင်နှမလေးဦးနဲ့ ဦးညွန့်ဝင်း အသတ်ခံရမှု

********************************

၂၀၂၂ ခုနှစ်၊ ဧပြီလ (၉) ရက်နေ့က ဒီပဲယင်းဒေသခံတစ်ဦးက ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့ဝင်တစ်ဦးကို ဆက်သွယ်လာပြီး ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က ကျေးရွာတခုမှာ မောင်နှမသုံးဦး အသတ်ခံရခဲ့တဲ့ ဖြစ်စဉ်ကို တင်ပြလာခဲ့ပါတယ်။ အဲ့ဒီမောင်နှမသုံးယောက်ကို သတ်တဲ့သူက ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင် ဖြစ်တယ်လို့ ပြောပါတယ်။

ခေတ်မျက်လုံးသတင်းဌာနအနေနဲ့ မြေပြင်ချိတ်ဆက်ပြီး စုံစမ်းကြည့်တဲ့အခါ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်နဲ့ အဲ့ဒီမောင်နှမ သုံးဦးက တရွာတည်းဖြစ်တယ်လို့ သိရပါတယ်။ ဒီမောင်နှမတွေနဲ့ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်တို့ဟာ တရွာတည်းဖြစ်ပြီး တစ်အိမ်နဲ့တစ်အိမ် အကွာအဝေးက ကိုက် ၅၀၀ လောက်ပဲဝေးတယ်လို့ ရွာခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ ဆင်ရောက်ကုန်းရွာမှာ နေထိုင်တဲ့ မောင်နှမသုံးဦးဖြစ်သူ ဒေါ်သန်းသန်းလှိုင် အသက် (၅၁) နှစ်၊ ကိုသောင်းဝင်းဆွေ အသက် ( ၄၇) နှစ်၊ ကိုဝေဇော်ဟိန်း အသက် (၃၈) နှစ် တို့ဟာ ၂၀၂၂ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်မှာ ဒီပဲယင်းမြို့နယ်၊ အုံးတပင်ရွာနဲ့ ပေါက်တောရွာအကြားမှာ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်တို့ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီး ကျန်မိသားစုများကိုလည်း ဒလန်တွေလို့ စွပ်စွဲပြီး သတ်ဖြတ်ခိုင်းထားတယ်လို့ ကြားသိရပြီး ကျန်မိသားစုဝင်အားလုံး ထွက်ပြေးရတဲ့အတွက် မောင်နှမသုံးယောက်ရဲ့ အလောင်းဓာတ်ပုံမှတ်တမ်း ရယူတာတွေ၊ သဂြိုဟ်တာတွေ မလုပ်ခဲ့ရဘူးလို့ ဆိုပါတယ်။ သေဆုံးသွားသူတွေရဲ့ ဖုန်းတွေ၊ လက်ဝတ်လက်စားတွေကိုလည်း ယူသွားခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ စစ်ကြောင်းဝင်မယ် နွားတွေကို ရွှေ့ထားလို့ ပြောတဲ့အတွက် နွားတွေ ရွှေ့ပြောင်းမောင်းနှင်လာရာ အုံးတပင်ရွာနဲ့ ပေါက်တောရွာအကြားမှာ ကိုသောင်းဝင်းဆွေ အသက် ( ၄၇) နှစ်၊ ကိုဝေဇော်ဟိန်း အသက် (၃၈) နှစ်တို့ကို အောင်သောင်းနိုင်တို့ အုပ်စုက သတ်လိုက်တယ်ဆိုတာကို သတင်းကြားလို့ လိုက်သွားတဲ့ အမကြီး ဒေါ်သန်းသန်းလှိုင် အသက် (၅၁) နှစ်ကိုလည်း ထပ်မံသတ်ဖြတ်လိုက်ပြီး လက်ဝတ်လက်စားတွေကို အောင်သောင်းနိုင်တို့အဖွဲ့က ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကိုအကြီးဆုံးဖြစ်သူ CDM ဝင်ထားတဲ့ ဒုမြို့နယ်ပညာရေးမှူးဦးအောင်ကျော်

*******************************************************************

ဒီဖြစ်စဉ်မတိုင်ခင်မှာ မောင်နှမသုံးဦးတို့ရဲ့ အကိုအကြီးဆုံးဖြစ်သူ CDM ဝင်ထားတဲ့ ဒုမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ဟာ သူ့မိတ်ဆွေ ဦးညွန့်ဝင်းအိမ်ကို သွားရာကနေ ၂၀၂၁ ခုနှစ်၊ ၈ လ၊ ၂၁ ရက်နေ့ လမ်းခရီးတနေရာမှာ ဒလန်လို့ စွပ်စွဲပြီး ဖမ်းဆီးခံလိုက်ရပြီး အသတ်ခံလိုက်ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ အဲ့ဒီရွာခံက ဒုမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ကို မသတ်ခင်မှာ ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ကို ဖုန်းဆက်အကြောင်းကြားတာကို ကြားလိုက်ရတယ်လို့ ဆိုပါတယ်။ ရွာခံတွေကတော့ ဒုမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ကို ဒလန်လို့ စွပ်စွဲပြီး ဖမ်းဆီးခိုင်းလိုက်တာလည်း ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင် ဖြစ်တယ်လို့ ဖုန်းပြောဆိုနေတာတွေကို ကြားလိုက်ရတဲ့သူတွေက ပြောပါတယ်။

CDM ဝင်ထားတဲ့ ဒုမြို့နယ်ပညာရေးမှူး ဦးအောင်ကျော် အသတ်ခံရပြီး မကြာခင်မှာပဲ ဦးအောင်ကျော် သွားရောက်လည်ပတ်မယ့် အိမ်က အိမ်ရှင် ဦးညွန့်ဝင်းကိုလည်း ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်တို့အဖွဲ့က လာရောက်ဖမ်းဆီးသွားပြီး အိမ်ကို ပြန်မလာတော့ဘူးလို့ ရွာခံတွေက ပြောပါတယ်။

ဒီမောင်နှမလေးဦး အသတ်ခံရမှုနဲ့ပတ်သက်ပြီး ခေတ်မျက်လုံးက MOD အတွင်းဝန် ဦးနိုင်ထူးအောင်ရဲ့ Signal ကို ပို့ပေးခဲ့သလို NUG ရဲ့ သက်ဆိုင်ရာတွေကိုလည်း မိသားစုတွေက တိုင်ကြားထားပေမယ့် ဒီအမှုကို ဒီနေ့အထိ စစ်ဆေး အရေးယူတာ မရှိသေးပါဘူး။

အုံးတပင်ရွာ လူသတ်မှု

*********************

အဲ့ဒီအပြင် အုံးတပင်ရွာက ကိုဇော်မိုးကိုလည်း ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်တို့အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်ပြီး အလောင်းဖျောက်ဖျက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုမှ ဘာကြောင့် ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ကို NUG ဖမ်းဆီးရသလဲ။

*****************************************************************************

ကွင်းဆက်လူသတ်မှု ကျူးလွန်ထားတာကို အဲ့ဒီရွာနားနီးစပ်တွေ အကုန်သိထားပေမယ့် NUG က ဘာကြောင့် အရေးမယူလဲဆိုတာကို အားလုံးက မေးခွန်းထုတ်နေကြတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

အခုမှ ဘာကြောင့် ဒီလို အရေးယူတာပါလဲ။

***************************************

ကျေးရွာပကဖ ဒုတာဝန်ခံကို သတ်ဖြတ်မှုနဲ့ အရေးယူတာလို့ သိရပါတယ်။ ဒီဖြစ်စဉ်ကလည်း မနှစ်က မေလမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ အဲ့ဒီကျေးရွာရဲ့ ပကဖတာဝန်ခံက မြို့နယ်ပကဖ အောင်သောင်းနိုင်နဲ့ ပူးတွဲပြီး ကျေးရွာရဲ့ လယ်ယာမြေတွေကို အလွဲသုံးစား လုပ်နေတာကို ဒုတာဝန်ခံ ကိုပြေငြိမ်းဦးက သဘောမတူလို့ မလိုက်လျောတဲ့အခါ ဒလန်လို့ စွပ်စွဲပြီး လက်နက်အပြည့်အစုံ ရင်း (၄) ရင်းနဲ့ ဒုတာဝန်ခံ ကိုပြေငြိမ်းဦးရဲ့ အိမ်ကို လာဝိုင်းပြီး အိမ်ပေါ်က ဆင်းခိုင်းတာကနေ အိမ်ပေါ်က ထွက်ပြေးတဲ့ ကိုပြေငြိမ်းဦးကို ၁၀ ယောက်လောက်က ဝိုင်းဝန်းပစ်ခတ်လို့ သေဆုံးသွားတယ်လို့ သိရပါတယ်။

မိသားစုတွေကိုလည်း ဒလန်လို့ စွပ်စွဲတဲ့အတွက် မိသားစုတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒီဖြစ်စဉ်ကို သိတဲ့ ဒေသခံတဦးက ပြောပါတယ်။ အဲ့ဒီအမှုကိုလည်း တနှစ်ကြာတဲ့အထိ အရေးမယူလို့ ဖခင်ဖြစ်သူက မီဒီယာတခုကနေ တိုင်တမ်းရာကနေ အခု ဒီအမှုအတွက် ဒီပဲယင်းမြို့နယ်ပကဖ အောင်သောင်းနိုင်ကို အကျယ်ချုပ်ချပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒီပဲယင်းမြို့နယ်ပကဖ အောင်သောင်းနိုင်ဆိုတာ ဘယ်သူလဲ။ ဘာကြောင့် ဒီလောက်ဇောင်းထက်ရတာလဲ။

***************************************

ဒီပဲယင်းမြို့နယ်ပကဖ အောင်သောင်းနိုင်ဆိုတာ ဒီပဲယင်းမြို့နယ် NLD ရဲ့ အတွင်းရေးမှူးဖြစ်တယ်လို့ သိရပြီး အသက် ၅၀ ဝန်းကျင်ရှိပြီး လက်ရှိ စစ်ကိုင်းတိုင်း ဒုတိုင်းတာဝန်ခံ ဒေါက်တာနိုင်အောင်နဲ့လည်း အလွန်ရင်းနှီးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဒုတိုင်းတာဝန်ခံ ဒေါက်တာနိုင်အောင်က အမှုတွေတက်လာတိုင်း ကာကွယ်ပေးနေလို့ အပေါ်ထိ မရောက်ဘဲ ကြန့်ကြာနေတာလို့ ပြောပါတယ်။

ဒီပဲယင်းမြို့နယ် ပကဖ အောင်သောင်းနိုင်ရဲ့ မတရားသတ်ဖြတ်ခြင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေက အသတ်ခံရသူတွေ တရားမျှတမှုရအောင် သူတို့အမှုတွေကိုလည်း တခါတည်းစစ်ဆေးပြီး လူသတ်တရားခံကို အရေးယူပေးဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။

ဒီအမှုတွေလိုပဲ ယင်းမာပင် သပြေအေးအမှုမှာ အသတ်ခံရသူ စုစုပေါင်း (၂၁) ဦးရှိပြီး NUG က ၁၀ ဦးပဲ အတည်ပြုထားပေမယ့် လူသတ်တရားခံတွေ အခုထိ လွတ်မြောက်နေသလို ခေါင်းဆောင်ခဲ့တဲ့ သပြေအေးဘုန်းကြီးလည်း ယင်းမာပင် မြို့နယ်အုပ်ချုပ်ရေးမှာ တာဝန်ယူထားဆဲ ဖြစ်ပါတယ်။ ခေတ်မျက်လုံးကို တည်ထောင်ခဲ့ရတာနဲ့ ဆက်စပ်နေတဲ့အတွက် အချိန်ကျလာရင် အသေးစိတ်တင်ပြပေးသွားပါ့မယ်။

အယ်ဒီတာအဖွဲ့မှတ်ချက်။

+++++++++++++++

ဒီအမှုကို ခေတ်မျက်လုံးအသင်းအနေနဲ့ မိသားစုဝင်များ၊ မြေပြင်တော်လှန်ရေးအဖွဲ့ဝင်များ၊ ဒေသခံများကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့သလို မြေပြင်မှာ လူချင်းတွေ့ဆုံပြီး သတင်းယူခဲ့ပါတယ်။ ကံမကောင်းစွာဘဲ ဒီအမှုအတွက် မြေပြင်မှာ သတင်းယူပေးနေတဲ့သူ အဖမ်းခံလိုက်ရပြီး အခုအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။ ဆက်လက်စုံစမ်းနေဆဲအမှုဖြစ်ပြီး နောက်ဆုံးအခြေအနေများကို ထပ်မံတင်ပြသွားပါ့မယ်။

အသတ်ခံရတဲ့ မောင်နှမလေးဦး (မိသားစုဝင်ပေးပို့)

ဓာတ်ပုံ (၁)

CDM ဝင်ထားတဲ့ ဒုမြို့နယ်ပညာရေးမှူးဦးအောင်ကျော်

ဓာတ်ပုံ (၂) ညာဖက်

ဒေါ်သန်းသန်းလှိုင် အသက် (၅၁) နှစ်

ဓာတ်ပုံ (၃)

ကိုသောင်းဝင်းဆွေ အသက် ( ၄၇) နှစ်

ဓာတ်ပုံ (၄)

ကိုဝေဇော်ဟိန်း အသက် (၃၈) နှစ်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရမည်းသင်းကနေ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 28 Views
စစ်တပ်ဘက်က ထိခိုက်တာတွေရှိပြီး ဒရုန်းတစင်း သိမ်းဆည်းရမိခဲ့တယ်လို့ PLA ထုတ်ပြန် ဧပြီလ (၉)ရက်။ ဧပြီလ (၁)ရက်နေ့ကစပြီး ရမည်းသင်းမြို့ကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို
မြန်မာသတင်း

ဖက်ပင်အိုင်ရွာ အကြမ်းဖက်ခံရတဲ့ဖြစ်စဉ် ပြည်သူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 23 Views
ဧပြီလ (၉)ရက်။ မြင်းခြံမြို့ ဖက်ပင်အိုင်ရွာကို စစ်အုပ်စုနဲ့ ပျူစောထီးတို့ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်း ကန့်ကွက်သူမရှိဘဲ အောင်လင်းဒွေး အတည်ပြုကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 27 Views
ဧပြီလ (၉)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင်ရဲ့ ဝန်ကြီးစာရင်းကို အောင်လင်းဒွေးက အတည်ပြုကြေညာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ သူဖွဲ့စည်းတဲ့ ဝန်ကြီးဌာန (၃၁)ခုမှာ ဝန်ကြီး (၃၀)ဦးကို ခန့်အပ်ဖို့ လွှတ်တော်ကို နာမည်စာရင်းပေးပို့ခဲ့ရာ
မြန်မာသတင်း

ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး အရာရှိတွေအပါအဝင် (၁၀)ဦးထက်မနည်း သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 9 ရက်
  • 29 Views
ဧပြီလ (၈)ရက်။ ဘုတ်ပြင်းနယ်မှာ စစ်ကောင်စီတပ် အထိုင်ချတပ်စွဲထားတဲ့ နေရာတွေကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ အင်အား (၂၀၀)ခန့်နဲ့ လေညာ-ရတနာပုံလမ်းပိုင်းရှိ မိုင်တိုင်အမှတ် (၈)မိုင်အနီးကို စစ်ကြောင်းထိုးဝင်လာပြီး မိုင်တိုင်အမှတ်
မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 42 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ KIO တောင်ပိုင်း တပ်ရင်းတွေကို သွားရောက်စစ်ဆေးတာရှိပါတယ်။ အဲ့ဒီမှာ နမ့်ဖက်ကာရွာက ဒေသခံတွေ
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 34 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်ကြီးတံခွန်မြို့မှာ မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ သတင်းရတာကြောင့် ဖမ်းဆီးခဲ့ရာ ဖြန့်ဖြူးရောင်းချသူတွေဖြစ်တဲ့ လင်မယား
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 34 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 27 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး