နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်းရှိ မြို့နယ် (၇)ခုခန့်က ပအဖတွေကို တာ၀န်ရပ်ဆိုင်းအရေးယူပြီး အစားထိုးခန့်အပ်တာတွေ ပြုလုပ်နေတယ်လို့ NUG ပြည်ထဲရေးပြော

စက်တင်ဘာလ (၁၂)ရက်။

စစ်ကိုင်းတိုင်းရှိ မြို့နယ် (၇)ခုခန့်က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေကို အရေးယူတာတွေနဲ့ အစားထိုးခန့်အပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG ပြည်ထဲရေး၀န်ကြီး ဦးလွင်ကိုလတ်ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

“ အုပ်ချုပ်ရေးအဖွဲ့တစ်ခုဆို တစ်ဖွဲ့လုံးကို ယာယီရပ်ဆိုင်းလိုက်ပါတယ်။ အဲ့ဒီလိုရပ်ဆိုင်းတဲ့အခါမှာ တစ်ဦးချင်းစီအနေနဲ့ဆိုရင်တော့ တာ၀န်ကရပ်ဆိုင်းတာ (၄၊ ၅)ယောက်ပဲရှိတယ်။ ဒါပေမယ့် တဖွဲ့လုံး အသစ်ကနေ ပြန်လုပ်ရမှာဆိုတော့ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းတာရှိတယ်” လို့ ၀န်ကြီးက ဆိုပါတယ်။

NUG အနေနဲ့ စစ်ကိုင်းတိုင်းရှိ မြို့နယ်တစ်ခုက ပအဖတစ်ဖွဲ့လုံးကို တာ၀န်ရပ်ဆိုင်းပြီး စစ်ဆေးတာတွေပြုလုပ်နေသလို မြို့နယ် (၆)ခုက ပအဖ အဖွဲ့၀င်အချို့ကို အစားထိုးခန့်အပ်တာတွေ ပြုလုပ်သွားဖို့ရှိနေကာ ဘယ်အဖွဲ့တွေဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမရှိပါဘူး။

အခုအခါ ပအဖ၊ ပလဖနဲ့ ပကဖတွေနဲ့ပတ်သက်ပြီး တိုင်ကြားထားတဲ့အမှုပေါင်း (၈၀)ကျော်ရှိပေမယ့် အမှု (၁၀)ခုကျော်ကိုသာ အရေးယူထားနိုင်ပြီး ကျန်အမှုတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောဆိုထားပါတယ်။

“ စစ်တဲ့အခါမှာ ကြန့်ကြာတာတွေရှိပါတယ်။ ပြဿနာက ဒီလိုကိစ္စမျိုးတွေကို ခုံတွေဖွဲ့ပြီး စစ်ဆေးကြတဲ့အခါ သက်သေထွက်ဆိုတာ အားနည်းတဲ့အခြေအနေတွေ ရှိပါတယ်။ ဒါ့ကြောင့် အားနည်းလိုအပ်ချက်တွေအတွက် တိုင်း၀န်ထမ်းယန္တရားကို စဖွဲ့နေပါပြီ” လို့ သူက ဆက်ပြောပါတယ်။

ဒီလိုအားနည်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အတွက် NUG အနေနဲ့ တိုင်း၀န်ထမ်းယန္တရားကို စတင်ဖွဲ့စည်းနေပြီဖြစ်ကာ ၀န်ကြီး၊ ဒု၀န်ကြီးနဲ့ အမြဲတမ်းအတွင်း၀န်တို့က မြေပြင်ကွင်းဆင်းစစ်ဆေးဖို့ ယာယီသမ္မတနဲ့ ၀န်ကြီးချုပ်တို့ပါ၀င်တဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ဆုံးဖြတ်ချက်ချထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် NUG ၀န်ထမ်းတွေနဲ့ ပသုံးလုံးတို့ရဲ့ ပြစ်မှုကျူးလွန်တာတွေအပါအဝင် အခြားရာဇ၀တ်မှုနဲ့ လိင်ပိုင်းကျူးလွန်တာတွေနဲ့ပတ်သက်ပြီး NUG ရဲ့ ဗဟိုတိုင်ကြားစာကော်မတီနဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေး (၂)ခုပေါင်းဖွဲစည်းထားတဲ့ တိုင်ကြားစာများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အပြင် အွန်လိုင်းကဆိုရင် https://mohai.nugmyanmar.org/ ကနေ တိုင်ကြားနိုင်တယ်လို့ သိရပါတယ်။

https://mohai.nugmyanmar.org/ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 19 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 24 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 26 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 20 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊
မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 17 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 32 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 25 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 28 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်