အောက်တိုဘာလ (၁၂)ရက်။
မနေ့က နေ့လယ် (၁)နာရီခွဲအချိန်မှာ မတ္တရာမြို့နယ် ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဝေါစုရွာက စစ်ရှောင်စခန်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ဒါဟာ စစ်ဆင်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ လုပ်ရပ်ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စစ်ရှောင်စခန်း လေကြောင်းကနေ တိုက်ခိုက်ခံရတာကြောင့် သံဃာတော်တွေနဲ့ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ (၁၂)ဦးသေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီက စစ်ဘေးရှောင်စခန်းကို လေကြောင်းတိုက်ခိုက်ခဲ့တာဟာ စစ်ဆင်ရေးနဲ့ လုံးဝမသက်ဆိုင်တဲ့ လုပ်ရပ်တစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ဂုဏ်သိက္ခာ အကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်လို့လဲ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။



