အောက်တိုဘာလ (၁၂)ရက်။
အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းမှာ စစ်တွေအကျဉ်းထောင်က အကျဉ်းသား (၃၅၁)ဦး ပုသိမ်ထောင်သို့ ရောက်ရှိလာခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ရခိုင် စစ်တွေထောင်က ထောင်ပြောင်းခံရတဲ့ အကျဉ်းသားတွေ အောက်တိုဘာလ (၁၀)ရက်နေ့ ညနေပိုင်းအချိန်မှာ ဧရာဝတီတိုင်း ပုသိမ်မြို့ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်” လို့ ဆိုပါတယ်။
စစ်တွေထောင်ကနေ ပုသိမ်ထောင်ကို ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသား (၃၅၀)ဦးရှိခဲ့ကာ အဲ့ဒီအထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်တယ်ဆိုပေမယ့် အရေအတွက်ကိုတော့ ဖော်ပြထားတာမရှိပါဘူး။
အခုလို ထောင်ပြောင်းရွှေ့တာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာမရှိဘဲ ပုသိမ်ထောင်ကို ရောက်ရှိလာတဲ့ အကျဉ်းသားတွေအနေနဲ့ စားသောက်နေထိုင်ဖို့ ခက်ခဲနေတယ်လို့လဲ PPNM က ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ ကူညီထောက်ပံ့တာတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတဆင့် ငွေကြေးပျောက်ဆုံးတာ မရှိစေဘဲ ထိရောက်စွာ ကူညီနိုင်တယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် ငါတို့မှာ ငါတို့ပဲရှိတယ်ဆိုတဲ့ စကားလုံးဟာ စကားလုံးအနေနဲ့ ရှိနေတာမဟုတ်ဘဲ လက်တွေ့လုပ်ဆောင်ပြီး နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ၊ LGBT+ တွေနဲ့ အသက်မပြည့်သူတွေကို ကူညီနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။