နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျောက်တံခါးမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရ၊ စစ်ကောင်စီရဲ (၂)ဦး ဒဏ်ရာရခဲ့

အောက်တိုဘာလ (၁၂)ရက်။

မနေ့က နေ့လယ် (၃)နာရီခန့်က ကျောက်တံခါးမြို့နယ်၊ ကျွန်းချောင်းကျေးရွာအုပ်စုမှာ သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကျွန်းချောင်းကျေးရွာအုပ်စုမှာ သန်းခေါင်စာရင်းလိုက်ကောက်နေတဲ့အဖွဲ့ လမ်းမပေါ်မှာ ဗုံးခွဲခံရတာ။ သန်းခေါင်စာရင်းကောက်တဲ့သူတွေကို လုံခြုံရေးယူနေတဲ့ ရဲတွေ ထိခိုက်သွားတာတွေ့တယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုလို သန်းခေါင်စာရင်းလိုက်လံကောက်ယူနေတဲ့အဖွဲ့ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာကြောင့် လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင် (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေက ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းပြီး သန်းခေါင်စာရင်းကောက်သူတွေနဲ့ ပါဝင်ကူညီသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌အောက်တိုဘာလ (၇)ရက်မှာ သတိပေးထားပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ သူတို့အာဏာတည်မြဲဖို့၊ အာဏာရှင်အသက်သွေး ဆက်လက်လည်ပတ်ဖို့ ဖြစ်တာကြောင့် သန်းခေါင်စာရင်းကောင်တာကို ကန့်ကွက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းကနေ ဖယ်ရှားဖို့ ကော်မတီဖွဲ့ ဆောင်ရွက်သွားမယ်လို့ NLD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 13 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ကို ဖမ်းဝရမ်းထုတ်တာကနေ စာရင်းဖယ်ရှားဖို့ ကော်မတီတရပ် ဖွဲ့စည်းသွားမယ်လို့ NLD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးတို့မှာ ပြည်ပနိုင်ငံသား (၂၀၀)ကို စစ်ကောင်စီထပ်ဖမ်း

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က မြဝတီမြို့ရှိ ရွှေကုက္ကိုလ်၊ KK Park နဲ့ မယ်ထော်သလေးနယ်မြေတို့မှာ ကျားဖြန့်လုပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံသား (၂၀၀)ကို
မြန်မာသတင်း

(၃)ရက်တာထဲ စစ်ကောင်စီတပ်သား (၂၃)ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိခဲ့တယ်လို့ CDF-ASHO ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဖေဖော်ဝါရီလ (၂၄)ရက်ကနေ (၂၆)ရက်နေ့အထိ တောထဲနေရာတွေကနေ စခန်းစွန့်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား (၂၃)ဦးကို ဖမ်းမိခဲ့တယ်လို့ CDF-ASHO ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သားတွေကို လက်နက်ခဲယမ်းတွေနဲ့အတူ နတ်ရေကန် ဆက်သွယ်ရေးတာဝါတိုင် မြောက်ဘက်
မြန်မာသတင်း

ဆားလင်းကြီးမြို့က ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပအဖ ညွှန်ကြား

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ ဆားလင်းကြီးမြို့နယ်ထဲရှိ ကျေးရွာတွေမှာ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်ကြဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ညွှန်ကြားထားတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ ဗုံးခိုကျင်းနဲ့ ကတုတ်ကျင်းတွေ တူးဖော်နိုင်ဖို့ကို ယင်းမာပင်ခရိုင်ပအဖက ဖေဖော်ဝါရီလ (၂၂)ရက်နေ့ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာလို့ ဆိုပါတယ်။ ယင်းမာပင်ခရိုင်ထဲ
မြန်မာသတင်း

မုံရွာရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မုံရွာမြို့ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့်တာဝါတိုင်ကုန်းစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ MRTV အသံလွှင့်တာဝါတိုင်ကုန်း(ဗောဓိတထောင်)စခန်းမှာ ရဲအင်အား (၁၇)ဦး အခြေချထားပြီး
မြန်မာသတင်း

ရန်ကုန်-မန္တလေးလမ်းဟောင်းက စစ်ကောင်စီဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 17 Views
ဖေဖော်ဝါရီလ (၂၇)ရက်။ အခု (၂)ရက်တာထဲ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီဂိတ်စခန်း (၇)ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၅)ရက်နဲ့ (၂၆)ရက်နေ့တို့မှာ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် စစ်ကောင်စီတပ်တွေ
1027 Operations မြန်မာသတင်း

စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းရမယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ စစ်ရာဇဝတ်မှုပေါင်းစုံ ကျူးလွန်နေတဲ့ စစ်အုပ်စုကို တရားစွဲဖို့လုပ်တဲ့ ဘယ်အဖွဲ့နဲ့မဆို ပူးပေါင်းဖို့လိုတယ်လို့ TNLA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ် တားဘုန်းကျော်က ဒီကနေ့မှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ “ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ (သို့) နိုင်ငံတခုခုက
မြန်မာသတင်း

ပေါင်မြို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယား(၂)ဦး ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၇)နာရီအချိန်က ပေါင်မြို့နယ်ရှိ ညောင်ကုန်းကြီးရွာရဲ့ အုပ်ချုပ်ရေးမှူး လင်မယား (၂)ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေထံက သိရပါတယ်။ “ ညောင်ကုန်းကြီးရွာ အုပ်ချုပ်ရေးမှူး မြင့်စိုးနဲ့ သူ့မိန်းမ