နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

တရားမဝင်ကုန်ပစ္စည်းတွေကို (၄)ဆတိုးပြီး ဖမ်းဆီးဖို့ ဒုစစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၁၂)ရက်။

တရားမဝင်ကုန်ပစ္စည်းတွေကို အခုထက်ပိုပြီး (၄)ဆတိုးကာ ထိထိရောက်ရောက် ဖမ်းဆီးရမယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဒီဇင်ဘာလ (၁၀)ရက်နေ့ကပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ခုနှစ် နိုဝင်ဘာလအထိ (၂)နှစ်နဲ့ (၁၁)လကလထဲ ဖမ်းဆီးရမိခဲ့တဲ့ အမှုတွဲ (၁၇၂၅၈)မှုရှိပြီး ခန့်မှန်းတန်ဖိုး ကျပ်(၃၇၉)ဒသမ(၂၄၇)ဘီလီယံ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အခုနှစ် စက်တင်ဘာလ၊ အောက်တိုဘာလနဲ့ နိုဝင်ဘာလထဲ ဖမ်းဆီးရမိခဲ့တာဟာ အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းမိခဲ့ပြီး မန္တလေးမှာ အများဆုံးဖြစ်ကာ ဒုတိယအများဆုံးက ကရင်နဲ့ တတိယအများဆုံးက ကချင်တို့ဖြစ်တယ်လို့ သိရပါတယ်။

ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရမိခဲ့တာတွေထဲ လုပ်ငန်းသုံးကုန်ပစ္စည်းတွေက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့‌မော်တော်ယာဉ်နဲ့ တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းမိတာက ဒုတိယအများဆုံးနဲ့ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းတွေလို့ ပြောဆိုထားပါတယ်။

နောက်ပြီး အခုနှစ် လအလိုက် ဖမ်းဆီးရမိတာဟာ တစ်လထက်တစ်လ တိုးတက်ဖမ်းဆီးနိုင်ခဲ့ပေမယ့် ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံတွေရဲ့ ပို့ကုန်/သွင်းကုန်လက်ခံစာရင်းတွေ တိုက်ဆိုင်စစ်ဆေးတဲ့အခါ နိုင်ငံရဲ့ ပို့ကုန်ကော သွင်းကုန်လက်ခံပိုင်းမှာပါ များစွာလျော့နည်းနေတယ်လို့ ဆက်ပြောပါတယ်။

ဒါ့ကြောင့် တရားမဝင်ကုပစ္စည်းတွေကို လေးဆခန့် ထိထိရောက်ရောက် ဖမ်းဆီးသွားဖို့နဲ့ ပို့ကုန်နှစ်ဆ တိုးမြှင့်ဖို့ကိုလဲ ညွှန်ကြားထားကာ တရားမဝင်ကုန်သွယ်တာက လုပ်ငန်းရှင်တွေ အရည်အသွေးမီ ဈေးကွက်ဝင်ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့အတွက် အဟန့်အတားဖြစ်တယ်လို့ ဒုစစ်ခေါင်းဆောင်က ပြောဆိုထားပါသေးတယ်။

ဒါ့အပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဟာ အရေးကြီးတဲ့လုပ်ငန်းဖြစ်ပြီး ဦးဆောင်ကော်မတီနဲ့ အထူးအဖွဲ့တွေက နိုင်ငံအတွက် အဓိကအထောက်အကူပြုတဲ့အဖွဲ့ဖြစ်တာကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို ဆက်လက်ဖမ်းဆီးအရေးယူဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 106 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 32 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 40 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 47 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။