ဖေဖော်ဝါရီလ (၁၃)ရက်။
စစ်ခေါင်းဆောင်ဟာ စစ်မီးထဲ ပြည်သူတစ်ရပ်လုံးကို ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဆွဲသွင်းတာဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဦးဆောင်တဲ့ တရာမးဝင် အာဏာသိမ်းစစ်အစိုးရက လွန်ခဲ့တဲ့ (၁၄)နှစ်ခန့်က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ ရေးဆွဲထားတဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းလိုက်တာလို့ ဆိုပါတယ်။
အဲ့ဒီဥပဒေဟာ ဒီမိုကရေစီစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတာမရှိဘဲ လူထုကို ကန့်သတ်ဖိနှိပ်တဲ့ဥပဒေဖြစ်ကာ ခေတ်ကာလနဲ့ ဆီလျော်တာမရှိတဲ့အတွက် လူထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာရှင်နဲ့ စစ်အာဏာရှင်စနစ်ရဲ့ နိဂုံးချုပ်ချိန် နီးကပ်လာတာနဲ့အမျှ လူထုအပေါ် ဖိနှိပ်ချုပ်ချယ်တဲ့ မတရားဥပဒေတွေ ပုံသဏ္ဍာန်မျိုးစုံနဲ့ ထွက်ပေါ်လာနိုင်တယ်လို့ ရေးသားထားပါတယ်။
ဒါ့ကြောင့် လူထုတစ်ရပ်လုံးအနေနဲ့ ညီညွတ်စွာ အသက်ငွေ့ငွေ့သာကျန်တဲ့ စစ်ဝါဒီမိစ္ဆာတွေကို အားကုန်သုံး တွန်းလှန်ရမယ့်အချိန်ဖြစ်တယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောဆိုထားပါတယ်။
လူထု၊ လူတန်းစားတစ်ရပ်လုံးအနေနဲ့ ရရာနည်းလမ်းတွေနဲ့ စစ်အာဏာရှင်တွေကို ပုန်ကန်ကြဖို့ကိုလည်း ထည့်သွင်းတိုက်တွန်းထားတယ်လို့ သိရပါတယ်။