နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေ စီးနင်းတိုက်ခိုက်ခံရပြီး (၁၄)ဦးသေဆုံးကာ (၄)ဦးဖမ်းဆီးခံရ

မတ်လ (၁၃)ရက်။

မန္တလေးတိုင်း၊ တကောင်းမြို့နဲ့ လက်ပံကုန်းရွာတို့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြတယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

မတ်လ (၅)ရက်၊ (၆)ရက်နဲ့ (၇)ရက်နေ့တို့မှာ တကောင်းမြို့နဲ့ လက်ပံကုန်းရွာတို့က စစ်ကောင်စီတပ်တွေကို ကာကွယ်ရေးပူပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဝင်ရောက်စီးနင်းတိုက်ခိုက်ခံရတဲ့ (၃)ရက်တာအတွင်း စစ်ကောင်စီဘက်က တပ်သား (၁၄)ဦးသေဆုံးကာ (၄)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်မျိုးစုံ (၁၈)လက်နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော် (၁)ဦးကျဆုံးကာ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီတပ်တွေကို အမှတ်(၁)စစ်ဒေသ၊ မန္တလေးတိုင်း PDF တာဝန်ခံရုံးကွပ်ကဲမှုနဲ့ အမှတ်(၃)အထူးလှုပ်ရှားတပ်ရင်း(SR-3)၊ အမှတ်(၅၁၁)တပ်ရင်း၊ (၅၁၂)တပ်ရင်း၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နဲ့ သပိတ်ကျင်းပကဖတို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလထဲ လူသားစာနာမှုအနေနဲ့ ကျပ်သန်း(၅၀၀)နီးပါး ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 0 Views
မတ်လ (၁၀)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ လူသားချင်းစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၄၉၈.၃၂)သန်း အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

ရန်ကုန် တာမွေမြို့မှာ နေအိမ်တိုက်ခန်းတခန်း အနုကြမ်းစီးခံရ

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 1 Views
မတ်လ (၁၀)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က တာမွေမြို့ မေတ္တာညွန့်ရပ်ကွက်ရှိ ၀ဏ္ဏသိင်္ဂီလမ်းက နေအိမ်တိုက်ခန်းတခန်းမှာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 0 Views
စစ်ကောင်စီအဖွဲ့ဝင်တွေ ဖဲကြိုးဖြတ်ပြီးတာနဲ့ ကသုတ်ကရိုက်ထွက်ပြေးသွား ဒီဇင်ဘာလ (၁၀)ရက်။ မနေ့က ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စကစရဲ့ ဂျိုင်းတံတားသစ်ဖွင့်ပွဲအခမ်းအနားကို နံနက်(၅)နာရီခွဲကျော်အချိန်နဲ့ (၈)နာရီခွဲလောက်မှာ ဒရုန်းနဲ့ ဗုံးသီး
မြန်မာသတင်း

စစ်ကောင်စီတပ်က ပြည်သူတွေကို ပစ်မှတ်ထားပြီး ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲ ပစ်ခတ်တိုက်ခိုက်နေ

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 1 Views
မတ်လ (၁၀)ရက်။ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၅)ရက်နေ့ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ စစ်ကောင်စီတပ်က အသေခံဒရုန်းတွေ အသုံးပြုတိုက်ခိုက်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 1 Views
မတ်လ (၁၀)ရက်။ တိုက်ပွဲတွေပြင်းထန်နေတဲ့ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အသေခံဒရုန်း(Fixed Wing)တွေ အသုံးပြုတိုက်ခိုက်လာတယ်လို့ မိုးဗြဲ-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲပြင်းထန်နေတဲ့ မိုးဗြဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အသေခံဒရုန်း(Fixed Wing)တွေ အသုံးပြုပြီး
မြန်မာသတင်း

ရေစကြိုမြို့မှာ စစ်ကောင်စီတပ်က ပြည်သူ (၁၁)ဦးကို မီးရှို့သတ်ဖြတ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 1 Views
မတ်လ (၁၀)ရက်။ မတ်လ (၂)ရက်နေ့ နံနက် (၆)နာရီခွဲကစပြီး (၃)ရက်ဆက်တိုက် ရေစကြိုမြို့ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်ရွာကို စစ်ကောင်စီတပ်ရာနဲ့ချီက စစ်ကြောင်းထိုးဝင်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ (၂)ရက်နေ့ကနေ (၄)ရက်နေ့အထိ မြေစွန်းတော်ရွာကို စကစရဲ့ ပခုက္ကူတပ်မ(၁၀၁)၊
မြန်မာသတင်း

ပြည်ထောင်စု ပေါ်ထွန်းရေးလား၊ စစ်ဘုရင်ဝါဒ မှိုလိုပေါက်ရေးလား?။

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 10 Views
ပြည်ထောင်စု ပေါ်ထွန်းရေးလား။ စစ်ဘုရင်ဝါဒ မှိုလိုပေါက်ရေးလား။ ဒီအပတ်မှာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ အချင်းချင်းနယ်မြေလုနေကြတာနဲ့ပတ်သက်လို့ ပြည်ထောင်စုပေါ်ပေါက်ရေး ရည်မှန်းချက်တွေကို ဆွေး‌နွေးထားပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင် ရုရှားနဲ့ ဘယ်ဘာရုစ်ကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘာအင်အားကြီးနိုင်ငံ နှစ်နိုင်ငံဖြစ်တဲ့ ရုရှားနဲ့
မြန်မာသတင်း

ရန်ကုန်မှာ စစ်ကောင်စီကို ILO ပုဒ်မ(၃၃)နဲ့ အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ မတ်လ 10 ရက်
  • 6 Views
မတ်လ (၁၀)ရက်။ ဒီကနေ့ ရန်ကုန်မှာ စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ရဲ့ ညီလာခံမှာ ပုဒ်မ(၃၃)နဲ့ အရေးယူဖို့ တောင်းဆိုတဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့နဲ့အတူ မြေပြင်သပိတ်အင်အားစုတွေ ပူးပေါင်းကာ “ ILO