နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်

မြန်မာသတင်း

မြန်မာသတင်း

အုတ်ဖိုမြို့မှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးခဲ့

ဇွန်လ (၁၃)ရက်။

ဇွန်လ (၁၂)ရက်နေ့ နံနက်(၇)နာရီ (၄၀)မိနစ်အချိန်က အုတ်ဖိုမြို့နယ်အပိုင် ဂမုန်းဆည်အနီးက တာဝါတိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ တာဝါတိုင်ရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စကစတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ၊ အဲ့ဒီစစ်ကြောင်းကို  ဇွန်လ(၉)ရက်‌နေ့က စကစတွေဆီ ဘက်ပြောင်းခိုလှုံသွားတဲ့ YOMA GBK-PDF တပ်ဖွဲ့က သစ္စာဖောက်လောက်ကောင် ဆလိုင်းက ဦးဆောင်တာပါ” လို့ သာယာဝတီခရိုင်တပ်ရင်းက ဆိုပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကို ခရိုင်တပ်ရင်းအပါအဝင် တပ်ခွဲ(၆) Black Dragon GBK-PDF၊ ခရိုင်တပ်ရင်း ၃၈၀၁၊ တပ်ခွဲ(၁) YOMA GBK-PDF၊ တပ်ခွဲ(၅) ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ သာယာဝတီခရိုင်ပကဖတို့က စောင့်ကြိုမိုင်းဆွဲခဲ့တာလို့ ဖော်ပြထားပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ စစ်ကောင်စီတပ်တွေကို မဟာမိတ်တပ်ပေါင်းစုက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသလို စစ်ကောင်စီဘက်ကလဲ လက်နက်ကြီး၊ လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ ရေးသားထားပါတယ်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်တာတွေဟာ (၃)နာရီကျော် ကြာမြင့်ခဲ့ပြီး တိုက်ပွဲထဲ စစ်ကောင်စီဘက်က (၇)ဦးသေဆုံးကာ (၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေဘက်က အထိနာခဲ့တာကြောင့် ဝိုင်းကျေးရွာရဲစခန်းကနေ လက်နက်ကြီးပစ်ကူတွေ ရယူပစ်ခတ်တဲ့အတွက် မဟာမိတ်တပ်ပေါင်းစုက ရဲဘော်တွေ ဘေးကင်းစွာဆုတ်ခွာခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 2 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ
မြန်မာသတင်း

မြောက်ဦးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံရပြီး (၂၈)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲအချိန်ကစပြီး မြောက်ဦးမြို့ ရမ်းချောင်းအနီး ဖမ်းမိထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ထိန်းသိမ်းထားတဲ့နေရာ ဗုံးကြဲခံခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရမ်းချောင်းအနီးတဝိုက်ကို ညနေ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီက စက်တပ်လေသီးနဲ့ ဗုံးသီးချတာကြောင့် အရပ်သား (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 13 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က နံနက် (၁)နာရီခွဲခန့်က တောင်သာမြို့နယ် ညောင်ကုန်းရွာကို စစ်ကောင်စီက စက်တပ်လေတီးနဲ့ ဗုံးသီးကြဲချခဲ့တယ်လို့ လူထုလှုပ်ရှားမှုကော်မတီ(တောင်သာ)ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ “ နံနက် (၁)နာရီခွဲလောက် စကစက စက်တပ်လေထီးနဲ့ ပန်းပေါင်းအုပ်စု
မြန်မာသတင်း

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 14 Views
ဇန်နဝါရီလ (၁၉)ရက်။ အခုတပတ်တာထဲ ကော့ကရိတ်-အာရှလမ်းရှိ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းရဲ့ ယာယီတပ်စခန်းငယ်တစ်ခုကို သိမ်းပိုက်ရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ လက်နက်ငယ် (၁၁)လက်၊ လက်နက်ကြီး (၁)လက်အပါအဝင် မိုင်း၊ ခဲယမ်းမျိုးစုံနဲ့ အခြားစစ်ဘက်သုံး
မြန်မာသတင်း

NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေမျှဝေတဲ့ အခမ်အနားပြုလုပ်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 16 Views
ဇန်နဝါရီလ (၁၉)ရက်။ မနေ့က NUG က မဟာမိတ်တွေဆီ တော်လှန်ရေးရန်ပုံငွေ မျှဝေတဲ့ အခမ်းအနားတရပ်ကို Zoom Platform ကနေတဆင့် ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခမ်းအနားမှာ NUG အနေနဲ့ ရရှိထားတဲ့ တော်လှန်ရေးရန်ပုံငွေတွေကို
မြန်မာသတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီ အထိုင်ချဂိတ်စခန်းတွေ တိုက်ခိုက်ချေမှုန်းခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၈)ရက်။ ဇန်နဝါရီလ (၁၆)ရက်နေ့ နံနက် (၁)နာရီခန့်က ညောင်လေးပင်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အထိုင်ချဂိတ်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ Fire Dragon PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနက် (၁)နာရီလောက်ကစပြီး
မြန်မာသတင်း

ဆီဆိုင်မြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းကြောင့် ပအိုဝ်းပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 19 ရက်
  • 9 Views
ဇန်နဝါရီလ (၁၈)ရက်။ ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေက လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နံနက်ပိုင်းက စစ်ကောင်စီဟာ