နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 1 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီမြို့သိမ်းတိုက်ပွဲ တော်လှန်ရေးအင်အားစုဘက်က ပြန်ဆုတ်ပေးလိုက်ရ

မတ်လ (၁၄) ရက်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား (၁၁) ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တော်လှန်ရေးအင်အားစုဘက်က ကနီမြို့ကနေ တပ်ပြန်ဆုတ်လိုက်ရတယ်လို့ သိရပါတယ်။

မတ်လ (၂) ရက်နေ့ မနက် ၅ နာရီဝန်းကျင်က မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုအကြား ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အဆမတန်သုံးခဲ့တဲ့အပြင် ရဟတ်ယာဉ်နဲ့ စစ်သားစစ်ကူ၊ လက်နက်ခဲယမ်းစစ်ကူ အများအပြားပို့ပေးခဲ့ပြီးနောက် စစ်ကောင်စီဘက်က အသာစီးပြန်ရသွားတာလို့ ဆိုပါတယ်။

မတ်လ (၂) ရက်နေ့ကနေ မတ်လ (၇) ရက်နေ့အထိ မြို့ပေါ်နေရာအများစုကို တော်လှန်ရေးရဲဘော်တွေဘက်က သိမ်းပိုက်ထားနိုင်ခဲ့ပြီး မတ်လ (၈) ရက်နေ့မှာတော့ စစ်ကောင်စီဘက်က ပထမဆုံး စစ်ကူအနေနဲ့ ပုလဲမြို့၊ အင်မထီးပျူရွာကနေ ပျူအင်အား ၈၀ နီးပါးကို Mi17 နဲ့ ၄ ခေါက် ပို့ဆောင်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

အဲ့ဒီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုဘက်က အဲ့ဒီစစ်ကူစစ်ကြောင်းကို နှစ်ပိုင်းခွဲလိုက်နိုင်ပြီး စစ်ကောင်စီဘက်ကို စစ်ကူအရောက်နောက်ကျအောင် လုပ်နိုင်ခဲ့ပြီး မတ်လ (၁၀) ရက်နဲ့အထိ တော်လှန်ရေးအင်အားစုဘက်က မြို့ထဲမှာ ခြေကုတ်ယူထားနိုင်သေးတယ်လို့ သိရပါတယ်။

ဒါပေမယ့် မတ်လ (၁၀) ရက်နေ့ ညဘက်နဲ့ မတ်လ (၁၁) ရက်မှာတော့ ရေဦးမြို့နယ်က ခမရ ၇၀၈ ဘီလူးစစ်ကြောင်းကို Mi 17 နဲ့ ကနီမြို့၊ ရေလည်ကျွန်းပျူရွာကို ပို့ဆောင်ခဲ့ပြီး အဲ့ဒီပျူရွာကတဆင့် မတ် ၁၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ အင်အား ၁၅၀ လောက်နဲ့ မြေပြင်က စစ်ကြောင်းထိုးပြီး မြို့ထဲကို ရောက်လာခဲ့တယ်လို့ ဆိုပါတယ်။ မြို့ထဲကလက်ကျန်းအင်အားနဲ့ ပေါင်းလိုက်တော့ စစ်ကောင်စီအင်အားဟာ ၂၀၀ လောက် ရှိသွားတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက ရှေ့တန်းရဲဘော်တွေရဲ့ နောက်ကျောကို ရောက်လာပြီး တိုက်ပွဲအကြီးအကျယ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကနီတိုက်ပွဲမှာ နှစ်ဘက်အကျအဆုံးများတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။ တော်လှန်ရေးအင်အားစုဘက်က ၁၀ ယောက်ကျော် ကျဆုံးပြီး ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကနီမြို့သိမ်းတိုက်ပွဲကို ကနီမြို့အခြေစိုက် တော်လှန်ရေးအင်အားစုတွေပါဝင်ပြီး တိုက်ခိုက်ခဲ့ကြတာတာလို့ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲမှာ ပါဝင်ခဲ့တဲ့ ADRPA က ကိုလင်းနွေကလည်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကနီမြို့ကနေ ဆုတ်ပေးလိုက်ရာတာကို အောက်ပါအတိုင်း ရေးထားပါတယ်။

11ရက်မြောက်နေ့ ညနေမှာ ကျနော်တို့တပ်ဖွဲ့တွေ ကနီမြို့ထဲကနေ အကြောင်းအမျိုးမျိုး အခြေအနေအရပ်ရပ်ကြောင့် ပြန်ဆုတ်ခွါလိုက်ရပါတယ်။11ရက်တာကာလမှာ မြို့ဟာ တစပြင်ကြီးဖြစ်သွားပြီး မီးလောင်ပြင်၊တိုက်အပြိုတွေနဲ့တစ်မြို့လုံး အပုပ်နံ့တွေ ထောင်းထောင်းထနေတယ်။ ရန်သူ့အလောင်းတွေပုံနေပြီး အကောင်ပုပ်တွေကြားမှာ ကျနော်တို့ ၁၁ရက်တာ တိုက်ပွဲဝင်ခဲ့ကြတယ်။

ရန်သူ့လေကြောင်းတိုက်ခိုက်မှုကတော့ အခေါက်ရေ (၅၇) ကြိမ်အထက်ပဲရှိတယ်။ ဒါဟာ ကြဲချတဲ့ဗုံးအလုံးအရေအတွက် မဟုတ်ဘူး။ လေကြောင်းကကြဲတဲ့ဗုံးတွေဟာ ၂ ထပ်တိုက်၊ ၁ထပ်တိုက်ကတော့ အလုံးလိုက်ပျောက်သွားတယ်။ Y-12 နဲ့ ၂ခေါက် တိုက်ခိုက်မှုမှာ ကြဲချတဲ့ဗုံးအရေအတွက်ဟာ(၁၂၁)လုံး မြို့ထဲကို ကောက်စိုက်သလို ကြဲချခဲ့တယ်။ ရန်သူဟာ စစ်ကူကို ထောက်ပို့ရဟတ်ယာဉ်နဲ့ (၈) ကြိမ် တပ်ကူပို့ခဲ့ရတယ်။

ကျနော်တို့ဘက်ကလဲ အကျအဆုံးရဲဘော်တွေရှိပြီး၊ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေများခဲ့ပြီး ရန်သူ့လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်။ မြို့သိမ်းဟာ ပါးစပ်ကပဲ အပြောလွယ်တာ လက်တွေ့မှာ ဗီယက်နမ်စစ်ပွဲထဲ ရောက်သွားသလိုပါပဲလို့ ဆိုပါတယ်။

အခုတော့ နားတွေအူပြီး နားထဲ ခြင်မြည်သံကြားရင်ကို မြေကြီးမှာပြားပြီးဝပ်ဖို့ပြင်နေမိတော့တယ်။တိုက်ပွဲကြားဆွဲထုတ်ရင်းလက်ပေါ်ကျသွားတဲ့ ရဲဘော်၂ယောက်မျက်နှာကတော့ အခုထိမျက်စိထဲကမထွက်ဘူးရယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 10 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 16 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 11 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 16 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 21 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 23 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်