နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်

မြန်မာသတင်း

မြန်မာသတင်း

KIA စစ်ဦးစီးချုပ်က တစ်နိုင်ငံလုံးရဲ့ ခုခံတွန်းလှန်စစ်ကဏ္ဍအတွက် အထူးအရေးပါသူလို့ NUG ပြော

မေလ (၁၄)ရက်။

ကွယ်လွန်သွားတဲ့ KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး R ခေါလွမ်းဟာ တစ်နိုင်ငံလုံးရဲ့ ခုခံတွန်းလှန်စစ်ကဏ္ဍအတွက် အထူးအရေးပါတဲ့ ဦးဆောင်မှုပြုခဲ့သူလို့ NUG ရဲ့ ဒီကနေ့ ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းဟာ အမှတ်(၁)စစ်ဒေသကို မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ကာ စုဖွဲ့၊ ကွပ်ကဲခဲ့တယ်လို့ ဆိုပါတယ်။

သူဟာ နှစ်ပေါင်း (၃၅)နှစ်ကျော် ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝပြီး အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ လွတ်လပ်မှဒအတွက် တာဝန်အသီးသီးကို ကျေပွန်တာထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အခုလို တပ်မှူးကောင်းကြီးတစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်းကို ဆုံးရှုံးရတာက ကချင်အမျိုးသားထုအတွက်သာမက တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးဖို့ မစွမ်းသာတဲ့ ဆုံးရှုံးမှုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီလိုဆုံးရှုံးခဲ့တာတွေအတွက် ကာယကံရှင် မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲကြောင်းနဲ့ အလေးအနက် မော်ကွန်းတင်ကြောင်း ရေးသားထားပါတယ်။

NUG အနေနဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်တဲ့ စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်စေဖို့ ထိန်းသိမ်းမြှင့်တင်သွားမှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

တိုက်ပွဲကြောင့် ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူတွေ တစ်မြို့လုံးနီးပါး တိမ်းရှောင်နေကြ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 3 Views
ဇန်နဝါရီလ (၂၀)ရက်။ တိုက်ပွဲတွေကြောင့် ပုသိမ်မြို့နယ်ရှိ ရွှေသောင်ယံမြို့နယ်ခွဲက ပြည်သူ‌တွေ တစ်မြို့လုံးနီးပါး စစ်ဘေးတိမ်းရှောင်နေကြပြီလို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

ရွာလုံးကျွတ်နီးပါး မီးရှိခံရပြီး (၂)နှစ်ကြာ နေရပ်မပြန်နိုင်သေးတဲ့ ဆားလင်းကြီးမြို ထန်းတောရွာ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 0 Views
+++++++++++++++++++++++++++++++++++++++++++++++ ဇန်နဝါရီလ (၂၀)ရက်။ ဆားလင်းကြီးမြို ထန်းတောရွာဟာ အိမ်ခြေထက်ဝက်ကျော် မီးရှိခံရပြီး စစ်ကောင်စီစစ်ကြောင်းနဲ့ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်တာ (၂)နှစ်ပါးရှိနေပြီဖြစ်တယ်လို ဒေသခံတွေထံက
1027 Operations မြန်မာသတင်း အာရှ

စစ်ကောင်စီနဲ့ MNDAA အပစ်အခတ်ရပ်စဲရေး သဘောတူလိုက်ပြီလို့ တရုတ်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 17 Views
ဇန်နဝါရီလ (၂၀) ရက်။ မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)တို့သည် စနေနေ့က စတင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံနယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာသတင်း

နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်တဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
ဇန်နဝါရီလ (၂၀)ရက်။ မုံရွာအခြေစိုက် နမခတိုင်းစစ်ဌာနချုပ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းအပတ်စဉ်(၅)က စစ်ကောင်စီတပ်သား (၄) လက်နက်တွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Union Liberation Front ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့
မြန်မာသတင်း

အုတ်တွင်းမြို့မှာ ကင်းလှည့်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး (၆)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 9 Views
ဇန်နဝါရီလ (၂၀)ရက်။ ဇန်နဝါရီလ (၁၈)ရက်နေ့ ည(၈)နာရီခွဲအချိန်က အုတ်တွင်းမြို့နယ် အုန်းပင်ရွာအုပ်စုရှိ သံတိုင်ခင်ကျေးရွာအနီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သံတိုင်ခင်ရွာအနီး ကင်းလှည့်ထွက်လာတဲ့ စခတွေ၊ ရဲတွေနဲ့ စစ်မှုထမ်းခိုင်းဖို့
မြန်မာသတင်း

မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ် မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 14 Views
ဇန်နဝါရီလ (၂၀)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်က မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာမှာ ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ BLDF တပ်ခွဲ အညာမိုင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးလမ်းတစ်နေရာမှာ ကင်းယူ ဆက်ကြေးကောက်နေတဲ့ စခတွေကို
မြန်မာသတင်း

မွန်တော်လှန်ရေး (၄)ဖွဲ့က ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 16 Views
ဇန်နဝါရီလ (၂၀)ရက်။ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့(၄)ဖွဲ့က စစ်ဆင်ရေးလုပ်ငန်းတွေအတွက် “ ရာမည ပူးတွဲစစ်ကြောင်း” ဖွဲ့စည်းတာကို မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့ (၄)ဖွဲ့ဟာ ပူးတွဲစစ်ဆင်ရေးလုပ်ငန်းတွေအတွက် ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းပြီး ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ မွန်တော်လှန်ရေးအဖွဲ့
မြန်မာသတင်း

မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 23 Views
မကွေးရှိ စစ်ကောင်စီရဲ့ ကပစ(၂၁) ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ ဇန်နဝါရီလ (၁၉)ရက်။ မနေ့က ညနေ (၄)နာရီခွဲခန့်ကစပြီး မကွေးတိုင်း ဆိပ်ဖြူမြို့နယ်ရှိ ကပစ(၂၁)ကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ No More Dictatorship PDF