နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

နိုဝင်ဘာလ (၁၄)ရက်။

မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့ ရဲစခန်းအနောက်ကို ပေါင် (၃၀၀)ဗုံး (၂)လုံး ထပ်ကြဲချသွားတာ၊ အရပ်သား (၄)ဦးဒဏ်ရာရပြီး အိမ်တွေနဲ့ ကားတွေ ထိခိုက်ပျက်စီးတာရှိတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်း အနောက်ဘက်ကို ပေါင်(၃၀၀)ဗုံး (၂)လုံး ကြဲချခဲ့တာဖြစ်ပြီး အမျိုးသား (၄)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃)လုံးနဲ့ အိမ်စီးကားတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၁၂)ရက်နေ့ကလဲ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလဖက်ရည်ဆိုင်မှာ ခရီးသည်တွေရှိနေချိန် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနဲ့ ခရီးသွားပြည်သူ (၁၁)ဦးသေဆုံးပြီး (၁၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

အဲ့ဒီဗုံးကြဲတိုက်ခိုက်တဲ့ဖြစ်စဉ်ထဲ နေအိမ် (၁၄)လုံးနဲ့ ဈေးဆိုင်ခန်း (၁၃)ခန်း ထိခိုက်ပျက်စီးခဲ့ပြီး အိမ်စီးကားနဲ့ ခရီးသည်ကားအပါအဝင် ကား (၇)စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို ပြန်လည်ရရှိဖို့ စစ်ကောင်စီဟာ လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူနဲ့ နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးတာတွေ ရှိနေတာပါ။

ဒ့ါအပြင် နောင်ချိုမြို့အနီးရှိ စစ်ကောင်စီရဲ့ အမြောက်တပ်ကို TNLA နဲ့ ပူးပေါင်းတပ်တွေက ဆက်လက်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေကာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 12 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 11 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 14 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 8 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 32 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။ “ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 87 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။