နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုဒုံမြို့မှာ ကမာဝက်နယ်မြေရဲစခန်းမှူးစီးလာတဲ့ကား ပစ်ခတ်ခံရ

မတ်လ (၁၅)ရက်။

မနေ့က ညနေ (၆)နာရီခန့်မှာ မုဒုံမြို့ ကမာဝက်နယ်မြေရဲစခန်းမှူး မင်းဌေးမောင်မောင် စီးလာတဲ့ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ NMSP-AD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သံဖြူဇရပ်ကနေ မုဒုံဘက်ကို မောင်းလာတဲ့ ကမာဝက်နယ်မြေရဲစခန်းမှူးကားကို ကွမ်လှာရွာနဲ့ ရောင်းဒေါင်းရွာအကြားမှာ ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီနယ်မြေရဲစခန်းမှူးကားတိုက်ခိုက်ခံရတဲ့ထဲ သံဖြူဇရပ်မြို့ စရဖကားလဲ ပါဝင်ကာ ကားပေါ်ပါလာသူတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုတိုက်ခိုက်ခဲ့တာမှာ MA-1 သေနတ်တစ်လက်နဲ့ စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကာ ကားနှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ကျိုက်မရောမြို့၊ ကြံတောရွာမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သလို မတ်လ (၁၃)ရက်နေ့ကလဲ တံခွန်တိုင်ရွာရှိ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 1 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township
မြန်မာသတင်း

ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလိုက်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 0 Views
မတ်လ (၁၇)ရက်။ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင်ရှိ ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 1 Views
မတ်လ (၁၇)ရက်။ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အားလုံးသိတဲ့အတိုင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်တာတွေကို စီစဉ်နေပါပြီ။ ရွေးကောက်ပွဲကို
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 4 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
မြန်မာသတင်း

စစ်ဆင်ရေးအရှိန်မြင့်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာခွင့်တားမြစ်

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 4 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာတာတွေကို တားမြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဲခူးရိုးမထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် တားမြစ်တာလို့
မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 18 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး သတင်းပေးပို့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ၎င်း၏ သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 24 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ကမမောင်းတပ်စခန်းကနေ (၁၂၀)မမ လက်နက်ကြီး (၃)လုံးနဲ့
မြန်မာသတင်း

ရွှေစာရံဘုရားပွဲလာတဲ့ ကားတစ်စီး တိမ်းမှောက်ကာ (၆)ဦးသေဆုံး

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 13 Views
မတ်လ (၁၆)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကျောက်ဆည်-အုန်းချော ခရိုင်ချင်းဆက်လမ်းမကြီးပေါ်ရှိ ရွှေစာရံမြစ်ကူးတံတားအနီးမှာ ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။ “ အဲ့ကားလေးက ပြင်ဦးလွင် မိုးကြိုးရွာက ရွှေစာရံဘုရားပွဲကို လာရောက်လည်ပတ်တာ။ အဲ့ဒါ ရွှေစာရံမြစ်ကူးတံတားနားက