နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြေးနီသတ္ထုတွင်းစီမံကိန်း‌တွေ ပြန်လည်ပတ်ဖို့ကြိုးစားနေတာကို လုံးဝလက်ခံ ငြိမ်နေမှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစု သတိပေး

မေလ (၁၅)ရက်။

ဆားလင်းကြီးမြို့နယ်ထဲက မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်းစီမံကိန်းတွေ ပြန်လည်လည်ပတ်ဖို့ ကြိုးစားနေတာကို ဒေသခံပြည်သူတွေအပါအဝင် ပြည်သူအပေါင်းက လုံးဝလက်ခံ ငြိမ်နေမှာမဟုတ်ဘူးလို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကြေးနီသတ္ထုတွင်းစီမံကိန်းတွေဟာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အာဏာကို အဓမ္မသိမ်းယူခဲ့တာကြောင့် အလုပ်သမားတွေရဲ့ CDM လှုပ်ရှားတာတွေနဲ့ ရပ်နားထားနိုင်ခဲ့ပေမယ့် အခုအခါမှာ တရုတ်နဲ့ စစ်တပ်အကျိုးစီပွားအတွက် ပြန်လည်လည်ပတ်ဖို့ အပူတပြင်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြန်မာဝမ်ပေါင်နဲ့ မြန်မာယန်စီ ကြေးနီသတ္ထုတွင်းစီမံကိန်းတွေကြောင့် ဒေသခံပြည်သူတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့ သတ်ဖြတ်တာ၊ မီးရှို့တာ၊ ဖမ်းဆီးခံရတာနဲ့ အခြားလူ့အခွင့်အရေးချိုးဖောက်တာတွေကို ကာလကြာရှည် ခံစားနေရတယ်လို့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားကိုသာ ရှေ့ရှုနေပြီး ပြည်သူလူထုအသံကို မျက်ကွယ်ပြုထားတဲ့အပြင် ပိုမိုဆိုးရွားတဲ့ စစ်ရာဇဝတ်မှုတွေကို ထပ်မံကျူးလွန်နေတယ်လို့ ရေးသားထားပါတယ်။

အခုလို ပြည်သူအပေါ် ရက်စက်ယုတ်မာနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ချက်ချင်းရပ်တန့်ဖို့နဲ့ ပြည်သူလူထုအသံကို အလေးအနက်ထားဖို့ အသိပေးတိုက်တွန်းထားပါတယ်။

ဒါ့ပြင် အကြမ်းဖက်စစ်တပ်ဟာ သတ္ထုတွင်းစီမံကိန်းတွေ ပြန်လည်လည်ပိတ်နိုင်ဖို့ ကြိုးပမ်းတာအပြင် ဒေသခံအလုပ်သမားတွေကို ငွေကြေးအရသိမ်းသွင်းတာ၊ ခြောက်လှန့်စည်းရုံးတာတွေ ပြုလုပ်နေပြီး တော်လှန်ရေးကို အနှောင့်အယှက်ပေးဖို့ ပစ်မှတ်ထားဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။

 တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီတွေအနေနဲ့ နှစ်နိုင်ငံအကျိုးစီးပွားနဲ့ အိမ်နီးချင်းပီပီ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်နိုင်ဖို့က ပြည်သူလူထုအသံကို အလေးထားပြီး NUG နဲ့သာ ပူးပေါင်းဆောက်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အခုထုတ်ပြန်ချက်ကို အလေးအနက်မထားဘဲ ပြည်သူကို ထပ်မံလျစ်လျူရှု ဥပေက္ခာပြုမယ်ဆိုပါက ပြည်သူဒဏ်ခတ်တာကို ခံရမှာဖြစ်တဲ့အတွက် အကြမ်းဖက်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်နေတာကို ရပ်တန့်ဖို့ အသိပေးထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 17 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 24 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 25 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 30 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 36 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 34 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်
မြန်မာသတင်း

တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း စစ်ရေးနည်းမသုံးဘဲ မဟာမိတ်နည်းနဲ့သာ ဖြေရှင်းဖို့ တော်လှန်ရေးအင်အားစုတွေ တောင်းဆို

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 37 Views
မတ်လ (၁၁)ရက်။ တော်လှန်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြား ရန်သူလို လက်နက်ကြီးငယ်နဲ့ ခြိမ်းခြောက်ဖြေရှင်းတာတွေ တနေ့တခြား ပိုတွေ့လာတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခု ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်ပြီး ဘုံရည်မှန်းချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ဖြစ်သလို ဘုံရန်သူကို