နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ညောင်ရွှေမြို့မှာ PNO ပြည်သူ့စစ် (၂)ဦး တိုက်ခိုက်ခံရပြီးသေဆုံးခဲ့

ဇူလိုင်လ (၁၅)ရက်။

မနေ့က နံနက် (၁၀)နာရီအချိန်မှာ ဆိုင်ကယ်နဲ့ထွက်လာတဲ့ PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးကို တိုက်ခိုက်ခဲ့တယ်လို့ ပျားစစ်ကြောင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးဟာ နမ့်ဗွမ်ကျေးရွာရှိ စစ်ကောင်စီစခန်းကနေ ဆိုင်ကယ်နဲ့ထွက်လာချိန် ပျားစစ်ကြောင်းက ပျောက်ကျားတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပျားစစ်ကြောင်းရဲ့ တိုက်ခိုက်ခံရတာကြောင့် PNO ပြည်သူ့စစ်တပ်ဖွဲ့၀င် (၂)ဦးစလုံး သေဆုံးခဲ့ပြီး သူတို့ဆီကနေ လက်နက် (၂)လက် ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အခုအခါ PNO ပြည်သူ့စစ်တပ်ဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အတူ နမ့်ဗွမ်ကျေးရွာမှာ စခန်းထိုင်ပြီး အခြေချနေထိုင်နေတာလို့ ပြောဆိုထားပါတယ်။

နမ့်ဗွမ်ရွာထဲ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်တွေနဲ့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့၊ SSRY နဲ့ ပျားစစ်ကြောင်းတို့ပါ၀င်တဲ့ ပူးပေါင်းအဖွဲ့တို့ဟာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန်ရှိ မှော်ဘီရဲတပ်ဖွဲ့ရုံး အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က ည (၆)နာရီ (၅၀)မိနစ်အချိန်က ရန်ကုန် မှော်ဘီမြို့ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame
1027 Operations မြန်မာသတင်း

မန်တုံရှိ KIA တပ်စခန်းတွေနဲ့ တိုက်နယ်ရုံးကို TNLA ဝင်ရောက်စီးနင်း၊ 

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 4 Views
KIA တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်တွေကို သိမ်းယူပြီး ရိုက်နှက်ဖမ်းဆီးခဲ့ ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်က မန်တုံမြို့နယ်ရှိ KIA တပ်စခန်း
မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီ အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ မနေ့က နောင်ချိုမြို့နယ် တောင်ရှည်ရွာနဲ့ မန်မော်ကျေးရွာကြားမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နေ့လယ် (၁)နာရီခွဲအချိန်က စစ်ကောင်စီတပ်ဟာ အဆိပ်ငွေ့ဗုံး
မြန်မာသတင်း

ကျားဖြန့်လုပ်တဲ့ ပြည်ပနိုင်ငံသား (၂၂၀၀)ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ မြန်မာနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာပြီး ကျားဖြန့်လုပ်ငန်းအပါအဝင် ဒုစရိုက်မှု‌တွေ ကျူးလွန်တဲ့ ပြည်ပနိုင်ငံသား (၂၂၂၀)ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖမ်းမိခဲ့တဲ့သူတွေဟာ နယ်စပ်လမ်းကြောင်းတွေကနေ တရားမဝင် ဝင်ရောက်လာပြီး မြဝတီမြို့
မြန်မာသတင်း

“NUG နိုင်ငံခြားရေး၊ ကာကွယ်ရေးနဲ့ သံယံဇာတဝန်ကြီးများအတွက်ပုစ္ဆာ”

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 9 Views
တော်လှန်ရေးအောက်ကအပြိုင်အဆိုင်စီးပွားရေးလုပ်ကွက်များဘယ်ကိုဦးတည်နေလဲ? မြိုင်ရေနံတွင်းများ၊ မင်းကင်းရွှေမြောနဲ့ ပဲခူးရိုးမသစ်ကွက်များအတွင်း ပီဒီအက်ဖ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ တော်လှန်‌ရေးသမားတွေဘဝကနေ စီးပွားရေးလုပ်ပိုင်ခွင့်တွေ ပေးလိုက်တဲ့အခါ ဒီစီးပွားရေးလုပ်ငန်းတွေမှာ သာယာလာပြီး တော်လှန်ရေးအားထုတ်မှုတွေ မှေးမှိန်သွားခဲ့သလို ပြည်သူသာအဓိက ပြည်သူသာ အားထားရာဆိုတဲ့ ဦးထိပ်ထားရမဲ့အရာတွေ ဘေးရောက်သွားခဲ့ပြီး ပြည်သူတွေက
မြန်မာသတင်း

ရန်ကုန်ကို စစ်ရေးဖော်ဆောင်ဖို့ တပ်ရွှေ့ပြောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ NUG ဝန်ကြီးချုပ် တွေ့ဆုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ရန်ကုန်ကို ဦးတည်ပြီး စစ်ရေးဖော်ဆောင်ဖို့ တပ်ရွှေ့ပြောင်းတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တောင်ပိုင်းစစ်ဒေသရှိ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေကို NUG ဝန်ကြီးချုပ်
မြန်မာသတင်း

တလတာထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၆၅)မှုရှိခဲ့တယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဇန်နဝါရီလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှု (၆၆၅)မှု ရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဒေသဟာ မန္တလေးတိုင်းဖြစ်ပြီး (၁၁၃)မှုအထိ
မြန်မာသတင်း အရှေ့တောင်အာရှ

နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်
  • 7 Views
ရွေးကောက်ပွဲကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော ဖေဖော်ဝါရီလ (၂၃)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E Mr. Maris Sangiampongsa နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ