နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ငါးသိုင်းချောင်းမြို့ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက စစ်ရှောင်လာတဲ့ပြည်သူတွေဆီကနေ အဓမ္မငွေကြေးတောင်းယူနေ

ဩဂငတ်လ (၁၅)ရက်။

ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့နယ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေဟာ လုံခြုံရေးအကြောင်းပြပြီး စစ်ဘေးရှောင်လာသူတွေဆီကနေ အတင်းအဓမ္မ ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေဆီကနေ အတင်းအဓမ္မ ငွေကြေးတောင်းခံနေတာကို စစ်ကောင်စီရဲ့ ရေနံ့သာစစ်ဆေးရေးဂိတ်အပါအ၀င် ကျောက်ခဲချောင်းဂိတ်၊ အမတ(၃၄၄)ဂိတ်၊ မောင်းတံဂိတ်နဲ့ ဧရာနယ်စပ် ဗေဒါဂိတ်တို့က လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

အဲ့ဒီဂိတ်တွေဟာ နတခတိုင်းစစ်ဌာနချုပ် ဗိုလ်မှူးကြီး မျိုးညွန့်ဦး၊ အမတ(၃၄၄)တပ်ရင်းမှူး ငြိမ်းဇော်ဦးနဲ့ ကုန်းပြင်ရဲစခန်းမှူး မျိုးမင်းဆွေတို့ရဲ့ ညွှန်ကြားချက်အရလို့ သိရပါတယ်။

“ စခဂိတ်တွေကနေ ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေ၊ စစ်ဘေးဒုက္ခသည်တွေကို လုံခြုံရေးအကြောင်းပြပြီး အမျိုးမျိုးစစ်ဆေးတာတွေ ငွေကြေးအဓမ္မကောက်တာတွေ ပြုလုပ်နေတာပါ။ နောက်ပြီး မသင်္ကာတဲ့ လူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

အမတ(၃၄၄) မာလာကွင်းမှာထိုင်တဲ့ ဗိုလ်မှူးကြီး မျိုးညွန့်ဦးအတွက်ဆိုပြီး ပြည်သူတွေဆီကနေ အဓမ္မ ငွေကြေးတောင်းယူနေတာကို ရေနံ့သာစစ်ဆေးရေးဂိတ်က အဓိကလုပ်ဆောင်နေတာလို့ သိရပါတယ်။

ဖြတ်သန်းသွားလာတဲ့ စားသောက်ကုန်တင်ကားတွေအနေနဲ့ တစ်စီးကို (၅၀၀၀၀)ကျပ်ကနေ (၂၀၀၀၀၀)ကျပ်အထိ ပေးရပြီး စစ်ဘေးရှောင်ခရီးသည်ကားတွေဟာ အနည်းဆုံး (၅၀၀၀)ကျပ်ကနေ (၂၀၀၀၀)ကျပ်အထိ ပေးဆောင်မှသာ ဖြတ်သန်းခွင့်ပြုတယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အမတ(၃၄၄)ရဲ့ အနောက်ဘက်မာလာကွင်းထဲမှာ ပုသိမ်အခြေစိုက် နတခဘက်ကလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဂွမြို့ကနေ ထွက်ပြေးလာမယ့် စစ်ကောင်စီတပ်နဲ့ ရဲတွေကို ထားဖို့ဆိုပြီး အဆောက်အဦအသစ်ကို အမြန်ဆောက်လုပ်‌နေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“အတီအတာ ပလီပလာနဲ့ ကြည်ပြာအမှုပလပ်”

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 22 ရက်
  • 18 Views
အထက်ပါ ခေါင်းစဥ်နဲ့ဒီအပတ် ၃၅ ကြိမ်မြောက် အပတ်စဉ်နိုင်ငံရေးဖြစ်စဉ်ကို လေ့လာသုံးသပ်ကြည့်ခြင်း ဆွေးနွေးပွဲကိုပြောကြမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးအတွင်းဝန် မကြည်ပြာအမှုကို NUG က ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊
မြန်မာသတင်း

ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးဖို့ ULA/AA တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ချင်းနဲ့ ရခိုင် လူမျိုးနှစ်မျိုးအကြား သမိုင်းသစ်တခုရေးထိုးကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA/AA)က ချင်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ဒေသထဲနဲ့
မြန်မာသတင်း

ဒေါ်ကြည်ပြာကို ရာထူးတာဝန် ပြန်ခန့်အပ်ထားတာ မရှိသေးဘူးလို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ ဒေါ်ကြည်ပြာကို ရာထူးတာဝန်ကနေ ယာယီရပ်နားထားဆဲဖြစ်ပြီး ပြန်လည်ခန့်အပ်တာ မရှိသေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဒီကနေ့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျနော်တို့ စစ်ဆေးချိန်ကနေ အခုအချိန်အထိ ဒီအမှုအခင်းနဲ့ပတ်သက်တဲ့သူတွေ
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ်မှာ MNA လေယာဉ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က မြစ်ကြီးနားလေဆိပ်မှာ MNA ခရီးသည်တင်လေယာဉ်တစီး အသေခံဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒရုန်းတွေနဲ့ ပစ်ခတ်ခံရတဲ့ လေယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ မန္တလေးကို ပြန်လည်ထွက်ခွာမယ့် MNA
မြန်မာသတင်း

အင်အားကြီးသူပြောတိုင်းအမှန်ပဲလာ?

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 21 ရက်
  • 24 Views
ဝါရင့်ရှေ့နေကြီးဦးကြီးမြင့်နဲ့အမြင်ဖလှယ်ခြင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကို အင်အားကြီးသူက တိုက်ခိုက်သိမ်းပိုက် အောင်ပွဲခံ နေတာဟာ တကယ့်အောင်ပွဲလား၊ ဘယ်လိုကောင်းကျိုးတွေ ဆိုးကျိုးတွေရှိသလဲဆိုတာ သူတို့အမြင်များကို ဦးကြီးမြင့်နဲ့ဦးထွန်းအောင်ကျော်တို့ကဆွေး‌နွေးတင်ပြထားပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့
မြန်မာသတင်း

ကရင်နီမှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်းဖို့ တော်လှန်ရေးအင်အားစုတွေကို လူထု တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ကရင်နီပြည်မှာ တပ်တစ်တပ်ထဲ အမြန်ဆုံးဖွဲ့စည်း‌တည်ဆောက်ဖို့ လူထုတွေ့ဆုံပွဲကနေ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။ လွိုင်နန်းဖမြို့နယ်ရှိ ပြည်သူတွေက လူထုတွေ့ဆုံပွဲတခုပြုလုပ်ပြီး သက်ဆိုင်ရာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဆီ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ရက်စွဲနဲ့ စာပို့မေတ္တာရပ်ခံထားတာပါ။ လူထုတွေ့ဆုံပွဲကနေ တိုက်တွန်းတဲ့စာကို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ(KSCC)အပါအဝင်
မြန်မာသတင်း

ဒေါ်ကြည်ပြာကိစ္စ နစ်နာသူတွေ တရားမျှတမှုရရှိဖို့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့ တောင်းဆို

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 29 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာရဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ CDM နိုင်ငံ့ဝန်ထမ်းထုအဖွဲ့က မနေ့ကရက်စွဲနဲ့ တိုက်တွန်းတောင်းဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေါ်ကြည်ပြာကိစ္စကို NUG ဝန်ကြီးချုပ်လက်မှတ်နဲ့ ထုတ်ပြန်ခဲ့တဲ့စာဟာ ပြည်သူ၊ တော်လှန်ရေးအင်အားစုတွေနဲ့
မြန်မာသတင်း

တောင်ခေါင်းလောင်းရွာမှာ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 20 ရက်
  • 24 Views
ဖေဖော်ဝါရီလ (၂၀)ရက်။ ပုလောမြို့ တောင်ခေါင်းလောင်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KNLA တပ်မဂာ-၄ အထူးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းဟာ စစ်တပ်နဲ့ ပြည်သူ့စစ် အင်အား (၂၇)ဦးရှိပြီး နံနက်