နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်

မြန်မာသတင်း

မြန်မာသတင်း

မုံရွာမြို့ပေါ်မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေ ပစ်ခတ်ခံရ၊ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး သေနတ်တစ်လက်သိမ်းဆည်းရမိခဲ့

နိုဝင်ဘာလ (၁၅)ရက်။

မနေ့က နံနက် (၇)နာရီခန့်က မုံရွာမြို့ပေါ်ရှိ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကျောက္ကာလမ်းမ ရန်ကင်းမီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ရခ(၂)ကောင်ကို တိုက်ခိုက်ချေမှုန်းခဲ့တာပါ။ အဲ့ဒီ ရခ (၂)ကောင်ကိုလဲ သုတ်သင်ရှင်းလင်းခဲ့ပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့တယ်” လို့ ဆိုပါတယ်။

မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီရဲတွေ တိုက်ခိုက်ခံရတာကြောင့် ဒုအရာခံဗိုလ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး BA.63 (ခ) G3 တစ်လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ခိုက်ခံရပြီးနောက် ရန်ကင်းဘုန်းကြီးကျောင်းထဲ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေက စစ်ကူပစ်ပေးခဲ့တာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံရှင်းလင်းခဲ့ရာ စစ်ကောင်စီဘက်က (၄)ဦး သေဆုံးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

စစ်ဆင်ရေးကို မုံရွာမြို့နယ်ပလဖနဲ့ Kaung Kin Local PDF(ဒီပဲယင်းမြို့နယ်)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၀)ကျော်သေဆုံးပြီး (၁၀၀)ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 1 Views
နိုဝင်ဘာလ (၁၅)ရက်။ အောက်တိုဘာလတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၉၄)ဦးထက်မနည်း သေဆုံးကာ (၁၀၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 1 Views
နိုဝင်ဘာလ (၁၅)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့ကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ ပုလဲမြို့သိမ်းတိုက်ပွဲ (၄)ရက်မြောက်တဲ့နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ မနေ့က ညပိုင်းအချိန်မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ဆင်ရေးတစ်နှစ်တာထဲ မြို့ (၁၂)မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားတယ်လို့ AA ထုတ်ပြန်၊ စစ်ရေးရည်မှန်းချက် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ပြီလို့ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 8 Views
နိုဝင်ဘာလ (၁၅)ရက်။ အာရက္ခဒေသနဲ့ ပလင်ဝစစ်ဆင်ရေး တစ်နှစ်ပြည့်တဲ့အချိန် မြို့နယ်ပေါင်း (၁၂)မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထိုးစစ်စတင်ခဲ့တဲ့‌နေ့ကစပြီး တစ်နှစ်ပြည့်တဲ့အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်တာမရှိတဲ့အထိ ရက်ဆက်ထိုးစစ်‌တွေ၊ မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ စစ်ကောင်စီရဲ့ ကြည်း၊
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 9 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့
မြန်မာသတင်း

ရန်ကင်းမြို့ရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ် မိုင်းခွဲသတိပေးခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 9 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်အချိန်က ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ သရုပ်ဆောင် ရန်အောင်ရဲ့နေအိမ်ကို မိုင်းဖောက်ခွဲခဲ့တယ်လို့ Dark Shadow ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ သူ(ရန်အောင်)က ပြည်သူတွေကို
မြန်မာသတင်း

ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းလက်မှတ် ရုပ်သိမ်းအရေးယူ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 9 Views
နိုဝင်ဘာလ (၁၄)ရက်။ ပုံနှိပ်သူနဲ့ ထုတ်ဝေသူ (၂)ဦးကို ညစ်ညမ်းစာဖော်ပြပါရှိလို့ဆိုပြီး စစ်ကောင်စီက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ရုပ်သိမ်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လုပ်ငန်းလက်မှတ် ရုပ်သိမ်းခံရသူ (၂)ဦးဟာ ပုံနှိပ်ထုတ်ဝေတဲ့ စာရေးသူ မဟူရာ ရေးသားတဲ့ “
မြန်မာသတင်း

တပ်ဖွဲ့ဝင်တွေအားလုံး မြို့ထဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ DKBA သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 8 Views
နိုဝင်ဘာလ (၁၄)ရက်။ ဘုရားသုံးဆူမြို့ထဲ တပ်ဖွဲ့ဝင်တွေအားလုံး လက်နက်ကိုင်ဆောင်သွားလာတာ မပြုလုပ်ဖို့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)က သတိပေးထားတယ်လို့ သိရပါတယ်။ တပ်ဖွဲ့ဝင်တွေ၊ လက်အောက်ခံတပ်ရင်းတွေနဲ့ စစ်ကြောင်းတွေအနေနဲ့ တာဝန်ချိန်ကလွဲပြီး မြို့ထဲ သွားလာတဲ့အခါ လက်နက်ခဲယမ်းကိုင်ဆောင်မသွားကြဖို့ အမိန့်ကို အောက်တိုဘာလ (၂၄)ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ထားတာလို့
မြန်မာသတင်း

စစ်ရှုံးစစ်ကောင်စီက ပုလဲမြို့ လက်လွှတ်အဆုံးရှုးမခံရဖို လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်၊ ပုလဲမြို့ကျသွားပြီလို စစ်လော်ဘီတွေပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 14 Views
နိုဝင်ဘာလ (၁၄)ရက်။ စစ်ံးစစ်ကောင်စီဟာ ပုလဲမြိုကို လက်လွှတ်ဆုံးရှုးမခံရဖို လေကြောင်းကနေ (၃) ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို People’s Defense Comrade ရဲ့ တာဝန်ခံ ထူးခန့်ဇော် (အမေ့သား)ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။ “