နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 26 ရက်

ချင်းတော်လှန်ရေး

ချင်းတော်လှန်ရေး

ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်းဗျူဟာစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်၊ ခေတ်မျက်လုံး။

စစ်ကောင်စီ တပ်စွဲထားတဲ့ ကလေး-တီးတိန်လမ်းပေါ်က သိုင်းငင်း ဗျူဟာ စခန်းကို ချင်းကာကွယ်ရေး တပ်ပေါင်းစု အဖွဲ့တွေသိမ်းပိုက်ရရှိသွားပြီလို့ CDF CDM Siyin တာဝန်ရှိသူတစ်ဦးကို ခေတ်မျက်လုံးကို အတည်ပြုပြောဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့ မနက် အစောပိုင်းမှာ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဘက်က သိုင်းငင်းရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

CDF-CDM-SIYIN အဖွဲ့ တာဝန်ခံက “တိုက်ပွဲဖြစ်နေတာကလည်း ဟုတ်ပါတယ်။ စစ်ရေး အခြေအနေအရ တိုက်ပွဲပြီးတဲ့အခါ‌ ဆက်လက်ပြောကြားပေးမယ်” လို့ ပြောပါတယ်။

ကလေးတက္ကသိုလ်ကျောင်းထဲမှာ တပ်စွဲ‌နေတဲ့ စစ်ကောင်စီတပ်က သိုင်းငင်းတိုက်ပွဲဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ကလေးမြို့တွင်းမှာလည်း လက်နက်ကြီးသံတွေ ဆူညံနေတယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ခံတဦးက “လက်နက်ကြီးသံတွေက ဆူညံနေပြီး မြေကြီးတွေလည်း တုန်ခါနေတယ်” လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

သိုင်းငင်းကျေးရွာဟာ ချင်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ ကလေး-တီးတန်-ဖလမ်း လမ်းမပေါ်မှာတည်ရှိပြီး ‌လူဦးရေ ၇၀၀ ကျော် နေထိုင်ပါတယ်။

နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ကလေး-သိုင်းငင်း-တီးတိန် လမ်းမကြီးကို ဒေသခံတွေ အနေနဲ့ရော ခရီးသွားတွေအနေနဲ့ပါ အသုံးမပြုကြဖို့ CDF-Civic Defense Militia -CDM-Siyin အဖွဲ့က သတိပေးထားပါတယ်။

အဲဒီ စစ်ကောင်စီစခန်းက တပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေ၊ ခရီးသွားပြည်သူတွေ အပေါ်မှာ နှိပ်ဆက်တာတွေ၊ ငွေကြေး ကောက်ခံတာတွေ၊ မတရားဖမ်းဆီးတာတွေ ပြုလုပ်တယ်လို့ ပြောပါတယ်။

သိုင်းငင်းဗျူဟာစခန်းကို ရရှိဖို့ ချင်းတော်လှန်ရေးအင်အားစုတွေ ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ရပြီး ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။

စခန်းသိမ်း တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုနဲ့ စစ်‌ရေးအခြေအနေတွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ချင်းတော်လှန်ရေး

သိုင်းငင်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၉ လောင်းတွေ့ရှိ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 16 ရက်
  • 55 Views
ဇန်နဝါရီလ (၁၆) ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ဒီကနေ့ မနက်ပိုင်းမှာ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့ပြီး စခန်းရှင်းလင်းရေး