နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ကမာရွတ်မြို့မှာ (၅)ရက်အတွင်း ဖမ်းဆီးခံရသူ (၆)ဦးထက်မနည်းရှိလာ

ဖေဖော်ဝါရီလ (၁၆)ရက်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ထဲမှာ ဖမ်းဆီးခံရသူ (၆)ဦးထက်မနည်းရှိလာပြီဖြစ်တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဖေဖော်ဝါရီလ (၁၀)ရက်နေ့ကစပြီး ဖေဖော်ဝါရီလ (၁၅)ရက်နေ့အထိ မြို့နယ်ထဲ အကြမ်းဖက်စစ်တပ်က အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတာတွေ၊ ရှာဖွေတာတွေနဲ့ ဧည့်စာရင်းစစ်တာတွေ ပိုမိုပြုလုပ်လာခဲ့တယ်လို့ ဆိုပါတယ်။

“ ကမာရွတ်မြို့နယ်ထဲက ပုံမှန်စစ်ဆေးနေကြဖြစ်တဲ့ နေရာတွေမှာ အရပ်ဝတ်သတင်းပေးတွေ အင်အားတိုးလာတာတွေ့ရတယ်။ အဲ့ဒီနောက်ပိုင်း ဖမ်းဆီးတာတွေ ဧည့်စစ်တာတွေနဲ့ ငွေညှစ်တာတွေကို ရဲရဲတင်းတင်း လုပ်လာတာတွေ့ရတယ်” လို့ မြေပြင်သတင်းအဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီ (၅)ရက်ထဲမှာ အမှတ်(၁)ရပ်ကွက်ရှိ မိုးစန္ဒာလမ်းက အဆောင်တစ်ခုကို ဧည့်စာရင်းအကြောင်းပြ ဝင်စစ်ပြီး ပြည်သူ(၂)ဦးကို ဖမ်းဆီးခဲ့သလို နီလာလမ်းမှာလဲ ပြည်သူ (၂)ဦးကို ဝင်ဖမ်းကာ ငွေညှစ်တာတွေရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေထံက သိရပါတယ်။

ဒါ့ပြင် အမှတ်(၁)ရပ်ကွက်နဲ့ အမှတ် (၆)ရပ်ကွက်ထဲကို ဝင်ရောက်စစ်ဆေးတာတွေရှိခဲ့ပြီး အမှတ် (၈)ရပ်ကွက်၊ လှည်းတန်းလမ်းရှိ D Two Liquor ဆိုင်ရှေ့နဲ့ ထွန်းတည်းခိုခန်းတို့မှာ ပြည်သူ(၅)ဦးခန့်ကို အရပ်ဝတ်တွေက ဖမ်းဆီးကာ ကမာရွတ်မြို့မရဲစခန်းထဲ ငွေညှစ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလိုဖမ်းဆီးခံရတဲ့သူတွေထဲမှာ စစ်တပ်နဲ့ ရဲကို ငွေကျပ် (၃)သိန်းနဲ့အထက် ပေးခဲ့ရပြီး ပြန်လွတ်လာသူတွေရှိပေမယ့် ကျန်ဖမ်းဆီးခံရတဲ့သူတွေကတော့ သတင်းအစအန ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

“ အရင်က မှတ်တိုင်တွေနဲ့ လမ်းတွေမှာ လူငယ်တွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးငွေညှစ်တာတွေရှိတယ်။ အခုကျတော့ ဒီဥပဒေကြောင့် တရားဝင်ငွေညှစ်ဖို့ လုပ်ပေးသလိုဖြစ်သွားတာပေါ့။ စစ်တပ်၊ ရဲ၊ သတင်းပေးနဲ့ အုပ်ချုပ်ရေးမှူးတွေကို တရားဝင်ငွေရပေါက်တစ်ခုအနေနဲ့ ဖန်တီးပေးလိုက်သလိုပဲ” လို့ မြို့နေပြည်သူတစ်ဦးက ဆိုပါတယ်။

ကမာရွတ်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ တရားမဝင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်တာတွေ၊ တပ်သားစုဆောင်းဖို့အတွက် ဧည့်စာရင်းတိုင်တဲ့သူတွေကို စာရင်းပြုစုတာတွေ ပြုလုပ်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမြို့မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 15 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၅)ရက်နေ့ နံနက် (၇)နာရီအချိန်က ပခုက္ကူမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

နှစ်ဖက်အပစ်ရပ်ဖို့ TNLA နဲ့ MNDAA တို့ လောက်ကိုင်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 18 Views
မတ်လ (၁၇)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး လောက်ကိုင်မြို့မှာ TNLA နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

စစ်အုပ်စုဖန်တီးမယ့် ဘယ်လိုနိုင်ငံရေးအစီအမံကိုမှ အသိအမှတ်မပြုဖို့ ပြည်ထောင်စုလွှတ်တော် တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 17 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် နဝမအကြိမ်အစည်းကနေ အချက် (၁၀)ချက်ကို အတည်ပြုကြေညာခဲ့တယ်လို့ CRPH ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအချက်တွေထဲ အကြမ်းဖက်စစ်အုပ်စုနဲ့ အတုအယောင်ရွေးကောက်ပွဲကနေ ဖန်တီးမယ့် တရားမဝင်လွှတ်တော်နဲ့ အုပ်ချုပ်ရေးအဖွဲ့အပါအဝင် ဘယ်လို
မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 128 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို သိရပါတယ်။ “ အခုဆိုရင် လွှတ်တော်အမတ်မင်းတွေက အခြေအနေအရ နေရာဒေသအသီးသီးမှာ ရှိနေကြရတာကို
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမနေ့မှာ လွှတ်တော်သဘာပတိအနေနဲ့ နန္ဒကျော်စွာက တာဝန်ယူပြီးလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌတိုကို ရွေးချယ်ခန့်အပ်ကြပါတယ်။ အဲ့ဒီလို ရွေးချယ်တာမှာ
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 33 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 41 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက