နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

မတ္တရာမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း (၂၈)ခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ MDY-PDF ထုတ်ပြန်

ဇူလိုင်လ (၁၆)ရက်။

မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း (၂၈)ခုအထိ သိမ်းပိုက်ရရှိထားတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ Alpha ဘိလပ်မြေစက်ရုံထဲက တပ်စခန်းအပါအ၀င် တောင်သံငါတပ်စခန်းတို့ကို MDY-PDF က အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

Alpha ဘိလပ်မြေစက်ရုံရှိ တပ်စခန်းကနေ ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေဟာ အဆောက်အဦကို မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မတ္တရာစစ်ဆင်ရေးထဲမှာ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေနဲ့ သုံ့ပန်းတွေကို ထပ်မံသိမ်းဆည်းရမိခဲ့တာကို သတင်းဓါတ်ပုံတွေနဲ့အတူ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဒါ့အပြင် မတ္တရာမြိုနယ်ထဲက စစ်ကောင်စီရဲ့ ကျောက်တံတားတပ်စခန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး အပြီးသတ်သိမ်းပိုက်ရရှိဖို့ လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)MDY-PDF အနေနဲ့ မတ္တရာမြို့နယ်ထဲက သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 19 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 18 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ
မြန်မာသတင်း

AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 19 Views
ဇန်နဝါရီလ (၂၁)ရက်။ မနေ့က ည (၇)နာရီကျော်အချိန်က ကျောက်တော်နဲ့ ပုဏ္ဏားကျွန်းမြို့အစပ်မှာ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေရှိတဲ့နေရာအနီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၇)နာရီ (၂၄)မိနစ်နဲ့ (၂၈)မိနစ်မှာ
မြန်မာသတင်း

ခွင့်ပြုမိန့်မတင်ဘဲ ညစ်ညမ်းအက ဖျော်ဖြေတယ်ဆိုပြီး သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင် အမှုဖွင့်ထား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 20 Views
ဇန်နဝါရီလ (၂၁)ရက်။ ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းအကနဲ့ ဖျော်ဖြေတယ်ဆိုပြီး သရုပ်ဆောင် သဉ္ဇာဝင့်ကျော်ကို စစ်ကော်မရှင်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၁၅)ရက်နေ့က ရန်ကုန်ရှိ နိုဗိုတယ်ဟိုတယ်မှာ သက်ဆိုင်ရာကို ခွင့်ပြုမိန့်တင်ပြတာမရှိဘဲ “ Cloud Seven
မြန်မာသတင်း

စစ်ခေါင်းဆောင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 34 Views
ဇန်နဝါရီလ (၂၀)ရက်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လူငယ်တွေကို နေရာပေးဖို့လိုတယ်ဆိုပြီး ရှေ့တန်းပို့ အသေခံခိုင်းနေတယ်လို့ ပြည်သူ့ပန်းတိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လူငယ်တွေကို နေရာပေးဖို့လိုတယ်၊ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အဓိက စွမ်းအားဖြစ်တယ် ဆိုပြီး
မြန်မာသတင်း

တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ TNLA က အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 33 Views
ဇန်နဝါရီလ (၂၀)ရက်။ (၆၃)နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာ အကျဉ်းသား (၁၅)ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအကျဉ်းသားတွေဟာ တအာင်းပြည်ထဲရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျူးလွန်ပြီး အကျဉ်းကျနေသူတွေဖြစ်ကာ TNLA က
မြန်မာသတင်း

ကျွန်းစုမြို့ (၁၂)ရက်ကြာတိုက်ပွဲထဲ ပကဖစခန်း မီးလောင်ပျက်စီးခဲ့ပြီး ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 20 ရက်
  • 35 Views
ဇန်နဝါရီလ (၂၀)ရက်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၃၁)ရက်နေ့ကစပြီး ကျွန်းစုမြို့ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ ကျောက်တန်းငယ်ရွာဘက်ကို မန်းကြီးမြစ်ကြောင်းအတိုင်း စစ်‌တပ်ရေတပ်နဲ့ ပျူစောထီးတို့ပေါင်းကာ စစ်ကြောင်းထိုးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းနဲ့ မြို့နယ်ပကဖတို့ ထိတွေ့တိုက်ပွဲ (၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့