နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေ ပစ်ခတ်ခံရ

စက်တင်ဘာလ (၁၆)ရက်။

စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီခန့်ကလောင်းလုံးမြို့နယ် မောင်းမကန်ရဲစခန်းအနီးက စစ်ကောင်စီတပ်တွေကို ပစ်ခတ်ခဲ့တယ်လို့ LLPDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ (၁၂)ရက်နေ့ နေ့လယ် (၂)နာရီလောက် မောင်းမကန်ရဲစခန်းအနီးမှာ တပ်စွဲထားတဲ့ စခတွေကို (၄၀)မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့တာပါ။ ထိခိုက်သေဆုံးတာတော့ စုံစမ်းနေတုန်းပါ” လို့ ဆိုပါတယ်။

မောင်းမကန်ရဲစခန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို (၄၀)မမ ဗုံးသီးနဲ့ ပစ်ခတ်ခဲ့ပြီးနောက် (၁၀)မိနစ်ခန့်အကြာ အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်တိုက်ခိုက်တဲ့အထဲ စစ်ကောင်စီတပ်တွေဘက်က ထိခိုက်သေဆုံးတာကို စုံစမ်းနေတယ်လို့ ရေးသားထားပါတယ်။

ရဲစခန်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို လောင်းလုံ-ပကဖ ဇုန်(၁) ရွှေသောင်ယံတပ်စုက ဆောင်ရွက်ခဲ့ကာ တော်လှန်ရေးရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကနီမြို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၇)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 13 Views
စက်တင်ဘာလ (၁၂)ရက်။ မနေ့က နံနက် (၆)နာရီအချိန်ကစပြီး ကနီမြို့ ချောင်းမရွာထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ KLG-PDF ရဲ့
မြန်မာသတင်း

ဘင်္ဂလားဒေ့ရှ်ငါးခိုးဖမ်းသမားတွေက AA တပ်ဖွဲ့ဝင် (၂)ဦးကို သတ်ဖြတ်ပြီး လက်နက်လုယူထွက်ပြေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 25 Views
စက်တင်ဘာလ (၁၂)ရက်။ စက်တင်ဘာလ (၁၀)ရက်နေ့ နေ့လယ် (၁)နာရီကျော်အချိန် ရသေ့တောင်မြို့ရှိ ရခိုင်ရေပိုင်နက်ထဲကို ဘင်္ဂလားဒေ့ရှ် ငါးခိုးဖမ်းဘုတ် အစီး(၈၀)ခန့်က တရားမဝင်
မြန်မာသတင်း

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 24 Views
စက်တင်ဘာလ (၁၂)ရက်။ တော်လှန်ရေးရဲ့ အရေးကြီးအလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်း ဟန်ချက်ညီစစ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ MOD က ခုခံတွန်းလှန်စစ် (၄)နှစ်ပြည့်အစီရင်ခံစာမှာ ပြောဆိုထားချက်အရ သိရပါတယ်။ PDF ကို နေရာအနှံ့ တပ်ဖြန့်တည်ဆောက်ထားနိုင်တာအပါအဝင် ညီနောင်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကလဲ
မြန်မာသတင်း

ကျောက်တော်ရှိ ကိုယ်ပိုင်ကျောင်းတခုကို စစ်တပ် လေကြောင်းဗုံးကြဲ၊ ကျောင်းသား/သူတွေနဲ့ ကလေးတွေအပါအဝင် (၁၈)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 35 Views
စက်တင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က ကျောက်တော်မြို့ သရက်တပင်ရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁)နာရီ (၅)မိနစ်လောက်မှာ သရက်တပင်ရွာထဲကို စစ်တပ်က
မြန်မာသတင်း

ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 31 Views
စက်တင်ဘာလ (၁၂)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်-တာဆိုင်း-မြို့သစ်-လိုင်ဇာလမ်းကြောင်း၊ ‌ဗန်းမော်-မိုးမောက်-တာဆိုင်း-လိုင်ဇာလမ်းကြောင်းနဲ့ ဗန်းမော်-မိုးမောက်-လွယ်ဂျယ်လမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ထိုးစစ်ဆင်ခဲ့တာလို့
မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 58 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်းစောင်းပုရွာသစ်ကို စစ်ကော်မရှင်ဘက်က ဒစက(ကလေး)လက်အောက်ခံ တတက(၁၀)က ဗိုလ်မှူး ရဲမျိုးမင်း၊
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 41 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုဖောက်တဲ့ အမျိုးအစားတွေထဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းဖျက်ဆီံးခံရတာ (၁၃၀)မှုနဲ့ အများဆုံးဖြစ်ကာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 57 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊