နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် လှုပ်ရှားတဲ့ တော်လှန်လူငယ် (၂)ဦးကို စစ်ကောင်စီ ဖမ်းဆီး

ဒီဇင်ဘာလ (၁၆)ရက်။

ရန်ကုန်မြို့မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားတဲ့ လူငယ် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ(NGYSC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနဲ့ NGYSC တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီးနောက် ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

လှုပ်ရှားမှုပြုလုပ်ပြီး ညပိုင်းအချိန် ရွှေပြည်သာမြို့နယ် အမှတ်(၈)ရပ်ကွက်ရှိ မိုတယ်တစ်ခုမှာ ဝင်ရောက်နားခိုနေချိန် ဧည့်စာရင်းအကြောင်းပြကာ စစ်ကောင်စီတပ်က မတရားဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံရတဲ့ တော်လှန်ရဲဘော် (၂)ဦးဟာ ရွှေပြည်သာသပိတ်ကော်မတီကဖြစ်ပြီး စစ်ကောင်စီတပ်က ရွှေပြည်သာစစ်ကြောရေးမှာ စစ်ဆေးနေကာ စစ်ခုံရုံးတင်ပြီး မတရားပုဒ်မတွေနဲ့ တရားစွဲထောင်ချဖို့ စီစဉ်နေတယ်လို့ ရေးသားထားပါတယ်။

ဖမ်းဆီးခံရတဲ့ ရဲဘော်တွေဟာ လူ့အခွင့်အရေးနဲ့ တရားမျှတမှုအတွက် ရဲဝံ့ပြောင်မြောက်စွာ လှုပ်ရှားတိုက်ပွဲဝင်ခဲ့ကြသူတွေသာဖြစ်ပြီး ပြစ်မှုကျူးလွန်သူတွေမဟုတ်ဘဲ စစ်အုပ်စုအနေနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို အပြင်းထန်ဆုံး ဖိနှိပ်နေတာလို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီပြုသမျှ ခံနေရမယ့် အပြုခံတွေ၊ အဖြည့်ခံတွေ မဟုတ်ဘဲ တော်လှန်ရဲဘော် (၂)ဦး ဖမ်းဆီးခံထားရတာနဲ့ ပြည်သူတွေ နေ့တိုင်း ရင်ဆိုင်နေရတဲ့ မတရားမှုတွေကို ဆန့်ကျင်ဖီဆန်ဖို့ နှိုးဆော်ထားပါတယ်။

ဒီဇင်ဘာလ (၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုမှာ ၂၀၀၈ခြေဥစာအုပ်နဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်အလံကို မီးရှို့တာအပါအဝင် “ လူ့အခွင့်အရေးထွန်းကားစေတရားမျှတလွတ်လပ်မြေ” စာသားကိုင်ဆောင်ပြီ ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်လှုံ့ဆော်ခဲ့ကြတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 104 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 19 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 32 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 40 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 47 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။