နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်ကနေ လုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းထားကြောင်း သတင်းထွက်ပေါ်နေ

ဧပြီလ (၁၆) ရက်။

သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို အကျဉ်းထောင်ကနေ လုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

သမ္မတဦးဝင်းမြင့်ကို တောင်ငူထောင်မှာ ထောင်ချထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေပြည်တော် အချုပ်ထောင်မှာ ထောင်ချထားပါတယ်။

ရာသီဥတုအပူရှိန်ပြင်းထန်တဲ့အတွက် သူတို့နှစ်ဦးကို ကျန်းမာရေးအရ လုံခြုံစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းထားတယ်လို့ သိရပါပေမယ့် နေရာအတိအကျ မသိရှိရသေးပါဘူး။

လက်ရှိမှာ သမ္မတ​ဦးဝင်းမြင့်ဟာ တရားစွဲဆိုခံထားရတဲ့ အမှု​ပေါင်း ၈ မှုနဲ့ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခံထားရပါတယ်။

ဒေါ်​အောင်ဆန်းစုကြည်ကတော့ အမှု​ပေါင်း ၁၉ မှုနဲ့ ​ထောင်ဒဏ် ၃၂ နှစ် ချမှတ်ခံထားရပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ စစ်ကောင်စီက သူတို့နှစ်ဦး ချမှတ်ခံထားရတဲ့ပြစ်ဒဏ်တွေကနေ ထောင်ဒဏ် နှစ်နှစ်စီကို ​ပြစ်ဒဏ်ကနေ ​လျော့ချ​ပေးခဲ့သလို ၂၀၂၃ ခုနှစ်၊ သြဂုတ် ၁ ရက်နေ့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၆) နှစ်နဲ့ ဦးဝင်းမြင့်ကို ထောင်ဒဏ် (၄) နှစ် ထပ်မံပြီး လွတ်ငြိမ်းသက်သာခွင့်ပြုထားပါတယ်။

စစ်အစိုးရ ခေါင်းဆောင်ပိုင်းမှာ လုပ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေအနေနဲ့လည်း လုံခြုံမှုကင်းမဲ့လာတယ်။ သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုလည်း ခြိမ်းခြောက်မှုတွေ ဖြစ်လာတဲ့။ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ကိုင်တွယ်မှုပေါ်မှာလည်း ကောင်းမွန်စွာ မထိန်းချုပ်နိုင်ဘူးလို့ သံသယတွေ ကြီးထွားလာနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းနဲ့ နီးစပ်သူက ဆိုပါတယ်။ အဲ့ဒါကြောင့် သူ့ကို ခြိမ်းခြောက်နိုင်တယ်၊ ခြိမ်းခြောက်နေတယ်လို့ ယူဆရတဲ့သူတွေကို နောက်ကြောင်းပြန် အကျင့်ပျက်ခြစားမှုတွေနဲ့ အရေးယူတာတွေ လုပ်လာတယ်။ အကျင့်ပျက်ခြစားမှု မလုပ်တဲ့ စစ်ဗိုလ်ချုပ်ဆိုတာ မရှိဘူး။ အားလုံးက အကျင့်ပျက်နေကြတာကြီးပဲလို့ သူက ထပ်လောင်းပြောဆိုပါတယ်။

ဒီလို ကိုယ့်တပ်ကိုယ်ပြန်နင်းရတဲ့အခြေအနေမျိုး ဖြစ်နေတဲ့အချိန်မှာ စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးဖို့ ပထမ ခြေလှမ်း လှမ်းလိုက်တာလို့ မြင်မိတယ်လို့ သူက ဆိုပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 31 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 82 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 23 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 20 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 36 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 27 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 20 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊