နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

တိုက်ပွဲကြောင့် တားမြစ်ထားတဲ့ ရေဦး-ကလေး၀လမ်းပိုင်းမှာ ကုန်ကားသမားတွေက ဆူပူပြီး တော်လှန်ရေးရဲဘော်တွေကို ဝိုင်း၀န်းထိုးကြိတ်ရိုက်နှက်ခဲ့

ဇူလိုင်လ (၁၆)ရက်။

ဇူလိုင်လ (၈)ရက်နေ့က ရေဦး-ကလေး၀လမ်းပိုင်းမှာ ကုန်တင်ကားသမားတွေက တော်လှန်ရေးရဲဘော်တွေကို ထိုးကြိတ်ရိုက်နှက်တာတွေ ပြုလုပ်ခဲ့ကြတယ်လို့ မြို့နယ်-ပကဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သထရပါတယ်။

ရေဦး-ကလေး၀ ကားလမ်းပိုင်းရှိ စစ်ကောင်စီရဲ့ အောင်ချမ်းသာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ဇွန်လဆန်းကစပြီး ထိုးစစ်ဆင်နေတာကြောင့် လမ်းအသုံးပြုတာကို ယာယီပိတ်ပင်ထားတာလို့ ဆိုပါတယ်။

အဲ့ဒီတားမြစ်ထားတဲ့လမ်းကို ကုန်တင်ကားသမားအချို့ ဦးဆောင်တဲ့ ကားအစီး (၈၀)ခန့်က ၀င်ရောက်လာတာကြောင့် ရဲဘော်တွေက အကြိမ်ကြိမ် ဖြောင်းဖျပြောဆိုခဲ့ကာ လက်မခံတဲ့အတွက် ရှေ့ဆုံးကားဘီးကို ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပစ်ခတ်တားမြစ်ခဲ့ပြီးနောက် ကားသမား (၆၀)ခန့်ဟာ သစ်သားတုတ်၊ သံတုတ်တွေနဲ့ ရဲဘော်တဦးကို ဝိုင်း၀န်းရိုက်နှက် ထိုးကြိတ်ခဲ့ပေမယ့် တာ၀န်ကျရဲဘော် (၇)ဦးက တုန့်ပြန်တာမပြုဘဲ ဖြည်းဖြည်းချင်း ဆုတ်ခွာပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

ဆက်လက်ရန်ရှာနေတဲ့ ကားသမားတွေကို တပ်ရင်းအင်အားအသုံးပြုပြီး တားမြစ်ချက်တွေကို ချိုးဖောက်တာ၊ လုံခြုံရေးတာ၀န်ထမ်းဆောင်နေတဲ့ ရဲဘော်ကို ရိုက်နှက်ထိုးကြိတ်ဆဲဆို အကြမ်းဖက်တာတို့နဲ့ ကားသမားအဖွဲ့ထဲက ဦးဆောင်သူ (၁၃)ဦးကို ယာယီဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

အခုအခါ စစ်ကောင်စီစစ်ကြောင်းအချို့ ဆုတ်ခွာသွားတဲ့အတွက် အများပြည်သူယာဉ်တွေ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ဖို့ မိုင်းရှင်းလင်းနေကာ လမ်းပြန်ဖွင့်ဖို့ ကြိုးပမ်းနေတယ်လို့ အသိပေးထားပါတယ်။

အောင်ချမ်းသာ စစ်ကောင်စီစခန်းကို ကလေး၀မြို့နယ်တပ်ရင်းနဲ့ ပကဖအပါအ၀င် မင်းကင်းမြို့နယ်က တပ်ရင်းတွေ ပကဖတွေနဲ့ KG Drone ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 113 Views
မတ်လ (၁၆)ရက်။ ရှေ့ကာလတွေမှာ တော်လှန်ရေးပုံစံနဲ့ ကိုက်ညီတဲ့ လွှတ်တော်ဖြစ်အောင် ပုံဖော်ကြဖို NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့မှာကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ
မြန်မာသတင်း

စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ဦးခင်ရီကို ခန့်အပ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 20 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ‌နံနက် (၁၀)နာရီအချိန်ကစပြီး စစ်တပ်ရဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်မှာ ကျင်းပနေပြီဖြစ်တယ်လို သိရပါတယ်။ အဲ့ဒီ ပြည်သူ့လွှတ်တော်အစည်းအဝေး
မြန်မာသတင်း

ရေစကြိုမှာ PDF စခန်း (၂)ခု စီးနင်းခံရပြီး ရဲဘော် (၃)ဦးကျဆုံးကာ (၃)ဦး အရှင်ဖမ်းဆီးခံရ

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 33 Views
မတ်လ (၁၆)ရက်။ ရေစကြိုမြိုနယ်ထဲမှာ PDF စခန်း (၂)ခုကို အင်အား (၁၅၀)ခန့်ပါ စစ်တပ်စစ်ကြောင်းက ဝင်ရောက်စီးနင်းခဲ့တယ်လို အညာမြေတပ်ပေါင်းစုထံက သိရပါတယ်။ “ အင်အား (၁၅၀)လောက်ပါတဲ့ စခစစ်ကြောင်းက (၁၃)ရက်နေ့မှာ ရေစကြိုကနေ စထွက်လာတာ။ (၁၄)ရက်နေ့မှာ
မြန်မာသတင်း

ိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အနေနဲ့ KNU သတ်မှတ်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
မတ်လ (၁၆)ရက်။ KNU ရဲ့ တပ်မဟာ (၄)နယ်မြေမှာ ဝင်ရောက်လှုပ်ရှားတဲ့ ဆာကဆောစစ်ကြောင်းမှူး ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA ကို စစ်တပ်ရဲ့ မိတ်ဖက်အကြမ်းဖက်အဖွဲလို KNU က မနေ့က သတ်မှတ်ကြေညာခဲ့တယ်လို သိရပါတယ်။ ၂၀၂၁ခုနှစ်
မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

  • 2026 ခုနှစ်၊ မတ်လ 15 ရက်
  • 40 Views
မတ်လ (၁၄) ရက်။ စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။ “ စစ်ကိုင်းက
မြန်မာသတင်း

ပုလောမှာ စစ်တပ် တပ်စွဲထားတဲ့ စခန်းတခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 44 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပုလောမြို့ တောင်ယာကမ်းရွာမှာ တပ်စွဲထားတဲ့ စစ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစခန်းကို မတ်လ (၁၁)ရက်နေ့ နံနက် (၅)နာရီ (၄၅)မိနစ်အချိန်မှာ
မြန်မာသတင်း

မန္တလေးမှာ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်း(၂၃၀၀)ကျော်ပါသွားခဲ့

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 47 Views
မတ်လ (၁၄)ရက်။ မနေ့က နေ့လယ် (၃)နာရီကျော်အချိန်က မန္တလေး ပြည်ကြီးတံခွန်မြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ (၃)နာရီကျော်လောက် (၁၃၃)လမ်းနဲ့ (၁၃၄)လမ်းကြား (၇၈)လမ်း ရန်ကုန်-မန္တလေးလမ်းဟောင်းက KBZ စက်မှုပန်းခြံဘဏ်ခွဲ
မြန်မာသတင်း

ကွတ်ခိုင်မြို့မှာ ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့ တိုက်ပွဲပြင်းထန်နေ

  • 2026 ခုနှစ်၊ မတ်လ 14 ရက်
  • 42 Views
မတ်လ (၁၄)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်ကစပြီး ကွတ်ခိုင်မြို့မှာ ကိုးကန့်တပ်(MNDAA)နဲ့ တအာင်းတပ်(TNLA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စတိုက်တာက ကိုးကန့်တပ်ဘက်က စတာ။ မနက် (၁ဝ)နာရီလောက်ကထဲက လက်နက်ကြီးသံကြားရတာ။ မြို့ထဲမှာ ဆိုင်တွေလဲပိတ်ထားရတယ်။