နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပေါက်မြို့မှာ NUG လက်အောက်ကမဟုတ်ဘဲ ဝင်ရောက်နေထိုင်တဲ့ လက်နက်ကိုင်တွေ နှောင့်ယှက်ရင် အရေးယူမယ်လို့ မြို့နယ်ပကဖ သတိပေး

နိုဝင်ဘာလ (၁၇)ရက်။

ပေါက်မြို့နယ်ထဲက ကာကွယ်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာ NUG လက်အောက်ခံမဟုတ်တဲ့ သီးခြားလက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်နေထိုင်တာတွေ ရှိနေတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီအဖွဲ့တွေဟာ မြို့နယ် ပအဖ၊ ပကဖ၊ ပလဖနဲ့ PDF တပ်ရင်းတွေရဲ့ ခွင့်ပြုချက်မရှိဘဲ သူတို့သဘောဆန္ဒအတိုင်း ရွာခံပြည်သူတွေနဲ့ ရင်းနှီးမှုကိုယူပြီး နေထိုင်နေတာလို့ ဆိုပါတယ်။

အခုလို စစ်ရေးအရ မြို့နယ်ထဲ ဝင်ရောက်နေထိုင်တာကို ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဝင်ရောက်တားဆီးဟန့်တားတာမပြုဘူးလို့ ဖော်ပြထားပါတယ်။

ဒီလို တားဆီးတာမရှိပေမယ့် မြို့နယ်ရဲ့ ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ကျေးရွာနေပြည်သူတွေကို စည်းရုံးပြီး စွပ်ဖက်နှောင့်ယှက်တာတွေ မပြုလုပ်ဖို့ ရေးသားထားပါတယ်။

ဝင်ရောက်နှောင့်ယှက်ပါက ဘယ်မိတ်ဖက်အဖွဲ့အစည်းကိုမဆို စဉ်းစားနေမှာမဟုတ်ဘဲ ပြင်းပြင်းထန်ထန် အရေးယူသွားမှာဖြစ်ပြီး လိုအပ်ရင် မြို့နယ်ထဲ နေထိုင်တာကို ဖယ်ရှားသွားမယ်လို့ အသိပေးထားပါတယ်။

အခုလို အသိပေးကြေညာတာကို ပေါက်မြို့နယ်ပကဖတာဝန်ခံရဲ့ လက်မှတ်နဲ့ ပအဖ၊ ပလဖ တာဝန်ခံတွေနဲ့ ဇုန်တာဝန်ခံတွေအပါအဝင် တပ်ရင်း (၁/၅/၁၂/၁၈)တို့ကို နိုဝင်ဘာလ (၁၃)ရက်နေ့က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KTV အတူသွားရာက စစ်ကောင်စီအရာရှိ မူးနေချိန် စစ်သားစုဆောင်းခံရသူ (၂)ဦး ခဲယမ်းတွေယူပြီး ထွက်ပြေးအလင်းဝင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
‌မတ်လ (၃)ရက်။ ‌ဖေဖော်ဝါရီလ (၂၈)ရက်နေ့က ပခုက္ကူမြို့နယ်ရှိ စစ်ကောင်စီရဲ့ တပ်မ (၁၀၁)က စစ်မှုထမ်းစုဆောင်းခံရသူ (၂)ဦး အလင်းဝင်လာခဲ့တယ်လို့ Burma
မြန်မာသတင်း

မြိုင်နဲ့ ပေါက်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်တိုက်ခိုက်၊ ပြည်သူ (၁၂)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
‌မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က မြိုင်မြို့နဲ့ ပေါက်မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ (၈)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုထံက
မြန်မာသတင်း

စစ်ခေါင်းဆောင်ရဲ့ ရုရှားခရီးစဉ် ဒီကနေ့စတင်

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
မတ်လ (၃)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် စစ်တပ်လေဆိပ်ကနေ အထူးလေယာဉ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ရှရှားနိုင်ငံကို သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီခရီးစဉ်ထဲ ရဲဝင်းဦးအပြင် ညိုစော၊ မိုးအောင်နဲ့ ဝန်ကြီးတွေဖြစ်တဲ့ ဦးသန်းဆွေ၊
မြန်မာသတင်း

ခင်ဦးနယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံးကြဲချ၊ ပြည်သူ (၂)ဦး ထိမှန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
‌မတ်လ (၃)ရက်။ မနေ့က ည (၁၂)နာရီခွဲဝန်းကျင်ခန့်က ခင်ဦးနယ် အနောက်တောင်ခြမ်းရှိ ညောင်ပင်ကြီးစုရွာကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။ “ ခင်ဦးနယ်အနောက်တောင်ခြမ်း အိမ်ခြေ (၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစုရွာကို
မြန်မာသတင်း

ယောဒေသတပ်ဖွဲ့(YPDF)ကို အပြီးတိုင်ဖျက်သိမ်းတယ်လို့ ထုတ်ပြန်ကြေညာ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
မတ်လ (၃)ရက်။ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPDF)ကို အပြီးတိုင် ဖျက်သိမ်းတယ်လို့ မနေ့က ထုတ်ပြန်ကြေညာထားချက်အရ သိရပါတယ်။ YPDF ကို ဖျက်သိမ်းတာဟာ ဖေဖော်ဝါရီလ ဒုတိယအပတ်ထဲ ကျင်းပခဲ့တဲ့ တပ်ဖွဲ့ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖျက်သိမ်းတာလို့ ဆိုပါတယ်။ အခုအခါ
မြန်မာသတင်း

ဒေသသစ်နဲ့ တိုက်ပွဲသစ်တွေအတွက် BPLA က တပ်သားသစ်တွေခေါ်ယူ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
မတ်လ (၃)ရက်။ ဒေသသစ်နဲ့ တိုက်ပွဲသစ်တွေအတွက် တပ်သားသစ်တွေကို လက်ခံခေါ်ယူနေတယ်လို့ BPLA စုဆောင်းရေးနဲ့ စိစစ်ရေးဌာနရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရှင်သန်ဖို့အတွက် ပြည်သူတွေကို လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲတိုက်ခိုက်တာနဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး
မြန်မာသတင်း

စစ်ကောင်စီက အမျိုးသမီးစစ်မှုထမ်းတွေ စတင်ခေါ်ယူ

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 5 Views
မတ်လ (၃)ရက်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ဆိုပြီး အမျိုးသမီးစစ်မှုထမ်းတွေ ခေါ်ယူနေတယ်လို့ ဒီကနေ့ထုတ် စစ်တပ်အာဘော်သတင်းစာမှာ ‌ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဆောင်ဖို့ အခြားအဆင့်အမျိုးသမီး စစ်မှုထမ်းတွေ အလိုရှိတယ်ဆိုပြီး ထုတ်ပြန်ထားကာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင် ကျောက်ဖြူမြို့ကို AA စတင်ထိုးစစ်ဆင်နေပြီး တိုက်စစ်အရှိန်ရနေပြီလို့ဆို

  • 2025 ခုနှစ်၊ မတ်လ 3 ရက်
  • 6 Views
‌မတ်လ (၂)ရက်။ ရခိုင်ပြည်နယ်ထဲမှာ ကျန်ရှိနေတဲ့ ကျောက်ဖြူမြို့က စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်(AA)က စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းတွေအရ သိရပါတယ်။ “ အခု ကျောက်ဖြူဘက်ကို တိုက်စစ်စတင်နေပြီ။ မြို့အစွန်ကျတဲ့ ဓညဝတီရေတပ်စခန်းဌာနချုပ်နဲ့ ရဲတပ်ရင်းကို စတင်တိုက်ခိုက်နေတာ၊ တိုက်စစ်အရှိန်ရလာနေပြီဖြစ်ပါတယ်” လို့