နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မှာ အာဏာရှင်စနစ်ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

ဒီဇင်ဘာလ (၁၇)ရက်။

မနေ့က ရန်ကုန်မြို့တနေရာမှာ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ ဗကသများအဖွဲ့ချုပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုအနေနဲ့ “ တော်လှန်ရေးသမားကို သေမိန့်ချရုံနဲ့ တော်လှန်ရေးကို သတ်လို့မရဘူး” စာသားပါ ဘန်နာကို ချိတ်ဆွဲခဲ့ကြတာလို့ ဆိုပါတယ်။

အဲ့ဒီလှုပ်ရှားမှုကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး လုပ်ဆောင်ခဲ့ကြတာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေအကြောင်းပြုပြီး နေ့ရောညပါ ဖမ်းဆီးနေတဲ့ ရန်ကုန်မြို့မှာ မြို့ပြတော်လှန်ရေးအင်အားစုတွေက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို ပြုလုပ်နေကြတာပါ။

လာမယ့်ရက်သတ္တပတ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရန်ကုန်မြို့ကို လာဖို့ရှိနေတဲ့သတင်းတွေနဲ့အတူ လုံခြုံရေးတွေလဲ ပိုမိုတင်းကြပ်ထားတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်းမှာပြုလုပ်မယ့် မြန်မာအရေးဆွေးနွေးပွဲကို စစ်ကောင်စီ တက်ရောက်မယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 11 Views
ဒီဇင်ဘာလ (၁၇)ရက်။ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇောမင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မုံရွာမြို့အဝင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 7 Views
ဒီဇင်ဘာလ (၁၇)ရက်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၆)နာရီအချိန်က မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ စုစုပေါင်း (၆၉)စီးခန့်ရှိတဲ့ ယာဉ်တန်းကို
မြန်မာသတင်း

မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၇)ရက်။ မတ္တရာမြို့နယ် အနောက်ခြမ်းရှိ ကျေးရွာအချို့က အရပ်သားနေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မတ္တရာအနောက်ခြမ်းက ရွာတွေကို စခတွေက ပြီးခဲ့တဲ့အပတ်ထဲကစပြီး မီးရှို့ဖျက်ဆီးနေတာ။ ဒီနေ့လဲ ဥဒိန်၊
မြန်မာသတင်း

မင်းတပ်မြို့မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေ လုံးဝမလုပ်ဖို့ မြို့နယ်ပအဖထုတ်ပြ်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၇)ရက်။ မင်းတပ်မြို့နယ်မှာ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်ကျင်းပတာတွေ လုံးဝ(လုံးဝ)မပြုလုပ်ဖို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်ကောင်စီဟာ မင်းတပ်မြို့နယ်ထဲ မကြာခဏ လေကြောင်းတိုက်ခိုက်တာ‌တွေ ပြုလုပ်နေတာကြောင့် အခုလို အသိပေးချက်ထုတ်ပြန်တာလို့ ဆိုပါတယ်။ အခုအခါ မင်းတပ်မြို့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

အမ်း နပခက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၇)ရက်။ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင် လက်နက်ချတဲ့အခြေအနေ ရုပ်သံဖိုင်တစ်ခုကို AA က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီရုပ်သံဖိုင်ထဲ နပခဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား အလံဖြူထောင် လက်နက်ချလာတာကို ဖော်ပြထားပြီး
မြန်မာသတင်း

မန္တလေးမှာ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့လူငယ် (၁၂၅)ဦးရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၇)ရက်။ အခုလ (၁၅)ရက်တာထဲ မန္တလေးမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရတဲ့ လူငယ် (၁၂၅)ဦးအထိရှိခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီဇင်ဘာ (၁)ရက်ကနေ (၁၅)ရက်အထိ (၂)ပတ်တာကာလထဲ မြေပြင်သတင်းတွေကို
မြန်မာသတင်း

“ ဝ” တပ်စခန်းတွေကိစ္စ ထိုင်း-မြန်မာ နယ်ခြားကော်မတီကတဆင့် ဆွေးနွေးမယ်လို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 5 Views
ဒီဇင်ဘာလ (၁၇)ရက်။ “ ဝ” တပ် UWSA ရဲ့ တပ်စခန်းတွေကို ဖယ်ရှားခိုင်းတဲ့ကိစ္စ ထိုင်း-မြန်မာ နယ်ခြားကော်မတီအစည်းအဝေးကတဆင့် ဆွေးနွေးသွားမယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြန်မာနဲ့ ထိုင်းကြားမှာ နယ်ခြားကော်မတီအဆင့်ဆင့်
မြန်မာသတင်း

ရန်ကုန်မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် လှုပ်ရှားတဲ့ တော်လှန်လူငယ် (၂)ဦးကို စစ်ကောင်စီ ဖမ်းဆီး

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၆)ရက်။ ရန်ကုန်မြို့မှာ ဒီဇင်ဘာလ (၁၀)ရက်နေ့က ကျရောက်တဲ့ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်လှုပ်ရှားတဲ့ လူငယ် (၂)ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ မျိုးဆက်သစ်လူငယ်သပိတ်ကော်မတီ(NGYSC)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် လှုပ်ရှားမှုကို ရွှေပြည်သာသပိတ်ကော်မတီနဲ့