နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

သန်းခေါင်စာရင်းကောက်ယူတာမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးခဲ့

နိုဝင်ဘာလ (၁၈)ရက်။

‌ရေစကြိုမြို့နယ်ထဲ သန်းခေါင်စာရင်းကောက်ယူတာမှာ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ ထွက်ပြေးခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ သန်းခေါင်စာရင်းကောက်တာမှာ လုံခြုံရေးယူနေတဲ့ စကစတပ်သား (၂)ဦးက (၁၆)ရက်နေ့မှာ ထွက်ပြေးတာပါ။ အဲ့ဒါကို သတင်းရရှိတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်ရှာဖွေခဲ့တာ (၁၇)ရက်နေ့မှာတော့ တွေ့ရှိခဲ့တယ်” လို့ ဆိုပါတယ်။

အဲ့ဒီတပ်သား (၂)ဦးဟာ ရေစကြိုမြို့နယ် ခလရ(၂၅၇)လက်အောက်ခံ တပ်သား ကိုဦး ကိုယ်ပိုင်အမှတ် (တတ/၁၃၆၄၇၁)နဲ့ ခလရ(၂၄၈)လက်အောက်ခံ တပ်သား စိုးလင်းအောင် ကိုယ်ပိုင်အမှတ် (တတ/၁၃၆၄၀၃)တို့ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ (၂)ဦးဟာ နိုဝင်ဘာလ (၁၆)ရက်နေ့ ‌နေ့လယ် (၂)နာရီအချိန်က ရေစကြိုမြို့နယ် ရုံးပေါင်းစုံထဲ သန်းခေါင်စာရင်းကောက်တာမှာ လုံခြုံရေးယူနေချိန် ထွက်ပြေးခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေခဲ့ပြီး (၁၇)ရက်နေ့မှာ တွေ့ရှိခဲ့တာလို့ ဖော်ပြထားပါတယ်။

အဲ့ဒီနောက် တပ်သား (၂)ဦး ယူဆောင်လာတဲ့ MA1 (၂)လက်၊ ကျည်ဘောက် (၉)ဘောက်နဲ့ ၅.၅၆ကျည် (၄၅၀)ခန့်ကို ရေစကြိုမြို့နယ်ပကဖထံ အပ်နှံခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီထံက ထွက်ပြေးလွတ်မြောက်လာတဲ့ သူတို့ (၂)ဦးကို ကောင်းမွန်စွာထားရှိပြီး တစ်ဦးကို ငွေကျပ် (၁၅)သိန်းစီ ပေးအပ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး ရေစကြိုမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ ပြည်သူ့ဘက်ကို ဘက်ပြောင်းခိုလှုံကြဖို့ ထပ်မံတိုက်တွန်းထားကာ ၀၉၉၈၈၈၉၅၄၂၈ ကို လုံခြုံစိတ်ချစွာ ဆက်သွယ်နိုင်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 0 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 26 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 34 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 38 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 31 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 22 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 21 Views
ဒီဇင်ဘာလ (၂၂)ရက်။ ရွေးကောက်ပွဲမှာ စစ်တပ်နဲ့ လက်တွဲဆောင်ရွက်နိုင်သူကို မဲပေးဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ မကြာမီ ရွေးကောက်ပွဲ ကျင်းပတော့မယ့်အတွက် မဲပေးတဲ့အခါ ဒို့တာဝန်အရေးသုံးပါး လိုက်နာစောင့်ထိန်းသူ၊ ဒေသနဲ့
မြန်မာသတင်း

“ဘယ်သူတွေကလမ်းမှားလျှောက်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 21 ရက်
  • 30 Views
NUG ကလမ်းတွေပျောက် တပ်ပေါင်းစုကလမ်းမှန်ရောက်” ဒီအပတ်တနင်္ဂနွေနေ့ ဆွေးနွေးမဲ့အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များဆွေးနွေးတင်ဆက်မှု (၂၆)ကြိမ်မြောက်အဖြစ်ခေတ်မျက်လုံးက စစ်ခေါင်းဆောင်က NCA သဘောတူညီမှုကနေ ထွက်သွားသူများဟာလမ်းမှားလျှောက်နေသူများဖြစ်တယ်ဆိုတဲ့ပြောဆိုချက်၊ NUG သမတကြီးဒူးဝါးလရှီးလ က သူတို့အစိုးရအနေနဲ့ လက်တွေ့အလုပ်နဲ့ သက်သေပြမယ်ဆိုပြီး ကြုံးဝါးလိုက်တာ၊ NUG အောက်မှာမရှိတဲ့ အင်အားရှိတဲ့တော်လှန်ရေးတပ်ဖွဲ့