နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရက်မူးပြီး AA တပ်ဖွဲ့ဝင်ကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိတစ်ဦး စစ်ဥပဒေနဲ့အရေးယူခံရ

ဒီဇင်ဘာလ (၁၈)ရက်။

ပန်ဆိုင်းမြို့မှာ အရက်မူးပြီး အာရက္ခတပ်တော်(AA)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိကို KIA က စစ်ဥပဒေနဲ့ အရေးယူခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်‌တွေထံက သိရပါတယ်။

“ ဖြစ်တာက KIO အစိုးရ အုပ်ချုပ်ရေးအရာရှိတစ်ဦးက အရက်မူးပြီး AA တပ်ဖွဲ့ဝင်ရဲ့ ခေါင်းကို ရိုက်တာ။ ပြီးတော့ ကားကိုလဲ ရိုက်ခဲ့သေးတယ်။ အဲ့ဒါတွေကြောင့် ဒီကနေ့ နံနက်အစောပိုင်းမှာ AA နဲ့ MNDAA တပ်ဖွဲ့ဝင်တွေက အဲ့ဒီအုပ်ချုပ်ရေးအရာရှိကို လာဖမ်းသွားတာ” လို့ ဆိုပါတယ်။

AA တပ်ဖွဲ့ဝင်ကို အရက်မူးပြီး ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိနဲ့ အဖွဲ့ဝင်အချို့ကို ဒီကနေ့ နံနက် (၁)နာရီခွဲအချိန်ခန့်က ပန်ဆိုင်းမြို့ရှိ ဖိုင်ကောင်း ခလွမ်ဘက်မှာ AA နဲ့ MNDAA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

“ အဲ့ဒီ KIO အုပ်ချုပ်ရေးအရာရှိကို MNDAA က ဖမ်းတာမဟုတ်ဘူး။ သူတို့က ဘေးကနေ လိုက်လာတဲ့သဘောပဲ။ ပြဿနာကလဲ ကြီးကြီးမားမားမဟုတ်ဘူး။ မှားတာကတော့ အရက်မူးပြီး လူရိုက်တဲ့ အရာရှိပါ။ အခုတော့ သူ့ကို KIO အစိုးရဘက်က အရေးယူနေပြီ” လို့ ဆက်ပြောပါတယ်။

အရက်မူးပြီး ရိုက်နှက်ခဲ့တဲ့ အုပ်ချုပ်ရေးအရာရှိကို KIO အစိုးရရဲ့ အုပ်ချုပ်ရေးပိုင်းက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူနိုင်ဖို့ ဆောင်ရွက်နေပြီး ဖမ်ဆီးခံခဲ့ရတဲ့ KIO တပ်ဖွဲ့ဝင်တွေလဲ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

ဒါ့အပြင် KIO အနေနဲ့ ပြစ်မှုကျူးလွန်တဲ့ ဘယ်လိုတပ်ဖွဲ့ဝင်ဖြစ်နေပါစေ စစ်ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူသွားမှာဖြစ်ပြီး ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘဲ ပြစ်မှုကျူးလွန်ရင် အရေးယူမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရန်ကုန် လှည်းကူးမှာ လုငယ်တွေကို ပေါ်တာဆွဲဖို့လူစုနေတဲ့ စစ်တပ်လက်ပါးစေတွေ ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီကနေ့ ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က လှည်းကူးမြို့ ကျောက်အိုင်ရွာရှိ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီတံတား(ရတနာသိင်္ခ)ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ဧရာဝတီတံတား(ရတနာသိင်္ခ)နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဧရာဝတီတံတား(ရတနာသိင်္ခ)ဟာ မန္တလေးတိုင်း
မြန်မာသတင်း

ကောလင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် စစ်ရှောင်ပြည်သူ (၆)ဦး ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 25 Views
ဒီဇင်ဘာလ (၂၃)ရက်။ မနေ့က ‌ညနေ (၅)နာရီ (၁၀)မိနစ်အချိန်က ကောလင်းမြို့အနောက်ခြမ်းရှိ နတ်အင်းရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကောလင်းခရိုင်တပ်ရင်း(၂)ထံက သိရပါတယ်။ “ စကစက တံတားဦးကနေ တက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ကောလင်းအနောက်ခြမ်း နတ်အင်းရွာစာသင်ကျောင်းကို လေကြောင်းဗုံးကြဲသွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG ကြေညာ၊ ဖမ်းဆီးရမိဖို့ ကြိုးပမ်းမယ်လို့ဆို

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၃)ရက်။ မင်းအောင်လှိုင်အပါအဝင် စစ်ကော်မရှင်အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအနေနဲ့ NUG က သတ်မှတ်ကြေညာထားတယ်လို့ ဒီဇင်ဘာလ (၂၁)ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG ရဲ့ အကြမ်းဖက်သမားတွေအနေနဲ့ ကြေညာခံရသူတွေဟာ မင်းအောင်လှိုင်၊ စိုးဝင်း၊ ညိုစော၊ အောင်လင်းဒွေး၊
မြန်မာသတင်း

ရန်ကုန်ရှိ ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၂)ရက်။ မနေ့က ည (၇)နာရီကျော်က ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထက်ပန်းဆိုးတန်းလမ်းရှိ ပြည်သူ့ပါတီရုံးအနီး ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ည (၇)နာရီကျော်လောက်ကဖြစ်တာ။ တိုက်အောက်က ကားမှန်တွေ ကွဲသွားတယ်။ ‌ပါတီဆိုင်းဘုတ်လဲ
မြန်မာသတင်း

ယင်းမာပင်နယ်မှာ ကျေးရွာထဲ တပ်စွဲနေထိုင်တဲ့ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 40 Views
တိုက်ပွဲထဲ စစ်တပ်က သူ့ဘက်သူ Gyrocopter နဲ့ ဗုံးသီးတွေမှားချတာကြောင့် အများအပြား သေဆုံးတာတွေရှိခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၂၂)ရက်။ ဒီဇင်ဘာလ (၁၇)ရက်နေ့က ယင်းမာပင်နယ်ရှိ ကျေးရွာတွေမှာ အင်အား (၂၀၀)ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ကြတယ်လို့ မြို့နယ်ပကဖလက်ရုံးတပ်(ULF)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ဝင်ပြိုင်သူတွေကို အမျိုးသားသစ္စာဖောက်အနေနဲ့ ကရင်နီပြည်လူငယ်အင်အားစု သတ်မှတ်ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 32 Views
ဒီဇင်ဘာလ (၂၂)ရက်။ ကရင်နီပြည်နယ်ထဲ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကိုဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ကရင်နီအမျိုးသားသစ္စာဖောက်အနေနဲ့ သတ်မှတ်တယ်လို့ ကရင်နီပြည်လူငယ်အင်အားစုက မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်နီပြည်လူငယ်ထုကိုယ်စားလှယ်တွေ ဦးဆောင်ပြီး ကရင်နီပြည် မြေပြင်တနေရာမှာ တွေ့ဆုံနှီးနှောဖလှယ်ပွဲ ကျင်းပကာ သဘောထားထုတ်ပြန်ခဲ့တာပါ။
မြန်မာသတင်း

ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 24 Views
ပလောနယ်မှာ CDM ဆရာမနဲ့ခင်ပွန်းကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန် ဒီဇင်ဘာလ (၂၂)ရက်။ ပလောနယ် လယ်မူလားမြို့မှာ CDM ဆရာမ ဒေါ်အေးသီတာအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရတာမှာ ကျူးလွန်သူတွေကို ဖမ်းမိခဲ့တယ်လို့ KNU ရဲ့