နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

1027 Operations

1027 Operations မြန်မာသတင်း

နမ့်ခိုင်းတံတားအနီး MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့

ဒီဇင်ဘာလ (၁၈)ရက်။

ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၉)နာရီအချိန်က နမ့်ခိုင်းတံတားအနီးမှာ MNDAA ကားတစ်စီးက အမျိုးသမီးတစ်ဦးကို တိုက်မိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ကွတ်ခိုင်နဲ့ မိုင်းယုလေးလမ်းခွဲကြား ဆက်သွယ်ထားတဲ့ နမ့်ခိုင်းတံတားနားမှာ နမ့်ဖတ်ကာကနေ မောင်းလာတဲ့ MNDAA ကားက အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိတာ” လို့ ဆိုပါတယ်။

နမ့်ခိုင်းတံတားအနီးမှာ နမ့်ဖတ်ကာကနေ အရှိန်နဲ့မောင်းလာတဲ့ MNDAA တပ်ဖွဲ့ကားက ပြည်ထောင်စုလမ်းမကြီးအနီးမှာ အင်တာနက်လိုင်းသုံးနေတဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့တာလို့ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ထဲ ကားတိုက်ခံရတဲ့ အမျိုးသမီးဟာ ထိခိုက်ဒဏ်ရာရရှိခဲ့သလို MNDAA တပ်ဖွဲ့ကားဟာလဲ တိမ်းမှောက်ခဲ့ပြီး ကားပေါ်ပါလာတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

MNDAA တပ်ဖွဲ့ကားနဲ့ တိုက်ခံရတဲ့ အမျိုးသမီးဟာ အသက် (၅၀)နှစ်အရွယ်ရှိပြီဖြစ်ပြီး မိုင်းယုလေးအုပ်စု ပန်လော့ကျေးရွာမှာနေထိုင်ကာ အခုအခါ MNDAA က တာဝန်ယူ ဆေးကုပေးနေတယ်လို့ ပြောဆိုထားပါတယ်။

ယာဉ်တိုက်မှုဖြစ်စဉ်ထဲ မောင်းနှင်လာတဲ့ MNDAA တပ်ဖွဲ့ကားကို ဘယ်လို အရေးယူသွားမယ်ဆိုတာကိုတော့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း‌ပြောဆိုထားတာမရှိဘူးလို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အရက်မူးပြီး AA တပ်ဖွဲ့ဝင်ကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိတစ်ဦး စစ်ဥပဒေနဲ့အရေးယူခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 4 Views
ဒီဇင်ဘာလ (၁၈)ရက်။ ပန်ဆိုင်းမြို့မှာ အရက်မူးပြီး အာရက္ခတပ်တော်(AA)ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးကို ရိုက်နှက်ခဲ့တဲ့ KIO အုပ်ချုပ်ရေးအရာရှိကို KIA က စစ်ဥပဒေနဲ့
မြန်မာသတင်း

(၃)ရက်တာထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ ပေါ်တာဆွဲဖမ်းဆီးခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 4 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု (၃)ရက်တာကာလထဲ အရာတော်မြို့ပေါ်က လူငယ် (၁၁)ဦးအထိ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ အရာတော်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မာနယ်ပလောဒေသ စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီရဲ့ တပ်ရင်းမှူးနဲ့ တပ်ကြပ်ကြီးအပါအဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 7 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီဇင်ဘာလ (၁၆)ရက်နေ့က မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ အမှတ်(၃၁၁)အမြောက်တပ်ရင်း၊ ပွိုင့်(၉၁၃)စခန်းကုန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ KNDO ရဲ့ ဒီကနေ့မှာ ထူတ်ပြန်ထားချက်အရ သိရပါတယ်။ “ စခန်းမှာ အင်အားက (၃၀)လောက်ပဲရှိတယ်။
မြန်မာသတင်း

အုတ်ဖိုမှာ ပျုစောထီး(၂)ဦး ဖမ်းဆီးထိန်းသိမ်းထားချိန် ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 2 Views
ဒီဇင်ဘာလ (၁၈)ရက်။ အုတ်ဖိုမြို့နယ်မှာ ဖမ်းဆီးခံထားရတဲ့ ပျူစောထီး (၂)ဦး ထွက်ပြေးတာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၂)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ ပျူစောထီး အရှည်ကြီးနဲ့ ဝေလင်းတို့ဟာ ဆင်ကူးရွာဘက်ကနေ
မြန်မာသတင်း

အမ်း နပခအဆောက်အအုံ မီးလောင်ပျက်စီးတဲ့အခြေအနေ AA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၈)ရက်။ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) အဆောက်အအုံ မီးလောင်ပျက်စီးနေတဲ့ အခြေအနေကို အာရက္ခတပ်တော်(AA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နပခဌာနချုပ်အဆောက်အအုံ မီးလောင်ပျက်စီးနေတဲ့ ပကတိ မြေပြင်အခြေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလံဖြူထောင်တဲ့ အခြေအနေကို မနေ့က ရုပ်သံဖိုင်နဲ့
မြန်မာသတင်း

ဘက်စုံတော်လှန်‌ရေးအပိုင်း (၃)

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 9 Views
ဘက်စုံတော်လှန်‌ရေးအပိုင်း (၃) ဘာသာရေးမှာ ကျား-မတန်းတူ သာသနာပြုခွင့် ရှိသင့်သလား? ကမ္ဘာမှာ ဗုဒ္ဓဘာသာကို သက်ဝင်ယုံလို့ ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ကျင့်ကြံတရားအားထုတ်နေသူတွေ ပေါ်ထွက်လာခဲ့ပါတယ်။ မိရိုးဖလာဗုဒ္ဓဘာသာဝင် မဟုတ်သူတွေ မိမိတို့လေ့လာမှုအရ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်လာကြပြီး ဘာသာ‌ပြောင်းလဲလာခဲ့ကြသလို တချို့ဗုဒ္ဓရဲ့
မြန်မာသတင်း

ထိုင်းမှာပြုလုပ်မယ့် မြန်မာအရေးဆွေးနွေးပွဲကို စစ်ကောင်စီ တက်ရောက်မယ်လို့ဆို

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 16 Views
ဒီဇင်ဘာလ (၁၇)ရက်။ ထိုင်းနိုင်ငံမှာ ပြုလုပ်မယ့် မြန်မာအရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇောမင်းထွန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။ “ (၁၉)ရက်နေ့ မြန်မာနဲ့ အိမ်နီးနားချင်းနိုင်ငံတွေ ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးစီးတက်ရောက်သွားမှာပါ။
မြန်မာသတင်း

မုံရွာမြို့အဝင်မှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်သေဆုံးတာတွေရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 12 Views
ဒီဇင်ဘာလ (၁၇)ရက်။ ဒီဇင်ဘာလ (၁၅)ရက်နေ့ ညနေ (၆)နာရီအချိန်က မုံရွာမြို့က ထွက်လာတဲ့ စစ်ကောင်စီရဲ့ စုစုပေါင်း (၆၉)စီးခန့်ရှိတဲ့ ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မုံရွာကနေ စစ်ကိုင်းဘက်ကို