နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်မှာ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်တဲ့အပေါ် ညီနောင်(၃)ဖွဲ့ စိုးရိမ်

ဇန်နဝါရီလ (၁၉)ရက်။

ရခိုင်ဒေသထဲက မြို့နယ်အချို့မှာ စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် များစွာစိုးရိမ်နေတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

အခုလို စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတဲ့အချိန်တွေမှာ ပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်တတ်တဲ့ အထောက်အထားတွေ တွေ့ကြုံခဲ့ဖူးတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီလ (၁၇)ရက်နေ့ ည(၉)နာရီကျော်က ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ(၂၂)လက်အောက်ခံတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီလိုပစ်ခတ်တာတွေကြောင့် အမှတ်(၅)ရပ်ကွက်ရှိ ရွာသစ်က ဒေသခံလူငယ်တစ်ဦး လက်နက်ကြီးကျည်စထိမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ရခိုင်ဒေသမှာ တိုက်ပွဲဖြစ်ပွားတဲ့ (၃)လတာကာလအတွင်း စစ်ကောင်စီကြောင့် ရခိုင်ပြည်သူ (၈၁)ဦးသေဆုံးကာ (၂၆၀)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ HDCO က မနေ့က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီထိခိုက်သေဆုံးစာရင်းဟာ ၂၀၂၃ခုနှစ် နိုဝင်ဘာလက သေဆုံးသူ (၂၈)ဦးနဲ့ ဒဏ်ရာရသူ (၁၀၃)ဦး၊ ဒီဇင်ဘာမှာ သေဆုံးသူ (၂၇)ဦးနဲ့ ဒဏ်ရာရသူ (၆၆)ဦးအပြင် ၂၀၂၄ခုနှစ် ဇန်နဝါရီလမှာ သေဆုံးသူ (၂၆)ဦးနဲ့ ဒဏ်ရာရသူ (၉၁)ဦးတို့ဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရွှေသောင်ယံရှိ ကျေးရွာတွေကို စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ဒေသခံတွေ တိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၈)ရက်။ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့နယ်ခွဲရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ညအချိန်မတော် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေထံက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 14 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်ကောင်စီဗုံးကြဲခဲ့တဲ့ ကျောက်နီမော်ရွာက ပြည်သူတွေကို AA ထောက်ပံ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၆)ရက်။ စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရမ်းဗြဲမြို့ ကျောက်နီမော်ရွာက ပြည်သူတွေဟာ မီးလောင်ဆုံးရှုံးတာတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ လေကြောင်းဗုံးကြဲခံရပြီး နေအိမ်နဲ့ ပစ္စည်းဥစ္စာတွေ မီးလောင်ဆုံးရှုံးကာ အခက်အခဲဖြစ်နေတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

AA နဲ့ PDF ပူးပေါင်းအဖွဲ့ ဧရာဝတီတိုင်း ရွှေသောင်ယံအထိရောက်လာလို့ စစ်ကောင်စီ အင်အားထပ်ဖြည့်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 12 ရက်
  • 41 Views
ဇန်နဝါရီလ (၁၂) ရက်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၁၁ ရက်နေ့မှာ ရွှေသောင်ယံမြို့အထိ ထိုးစစ်ဆင်ရောက်ရှိလာပြီလို့သိရပြီး ထိတွေ့တိုက်ပွဲတွေမှာလည်း နှစ်ဖက်အကျအဆုံး ရှိတယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။ AA နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 36 Views
ဇန်နဝါရီလ (၁၁)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်ရှိ လူနေရပ်ကွက်နဲ့ ဈေးထဲကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်တော်မြို့ပေါ်က လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ရပ်ကွက်နဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ် အရပ်သား အနည်းဆုံး (၄၁)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 37 Views
ဇန်နဝါရီလ (၁၁)ရက်။ ဇန်နဝါရီလ (၈)ရက်နေ့ နေ့လယ် (၁)နာရီခန့်က ရမ်းဗြဲမြို့ ကျောက်နီမော်ရွာ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ အရပ်သား အနည်းဆုံး (၄၁)ဦး သေဆုံးခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကျောက်နီမော်ရွာကို အကြမ်းဖက်စစ်အုပ်စုက
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရမ်းဗြဲမြို့ ကျောက်နီမော်ကို စစ်ကောင်စီ လေကြောင်းက တိုက်ခိုက် အနည်းဆုံး ၄၀ ခန့်သေဆုံး

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 51 Views
ဇန်နဝါရီလ (၉) ရက်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြိုနယ်၊ ကျောက်နီမော်တိုက်နယ်ကို မနေ့က ဇန်နဝါရီလ ၈ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၄၀ ခန့် သေဆုံးပြီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်စစ်ရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေတစ်စီးကို ဟိုင်းကြီးကျွန်းနား စစ်ကောင်စီရေတပ်က ဖမ်းဆီးထိန်းသိမ်းထား

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 72 Views
ဇန်နဝါရီလ (၆)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က ရခိုင်စစ်ဘေးရှောင် (၂၀၀)ခန့်ပါတဲ့ စက်လှေကြီးတစ်စီးကို စစ်ကောင်စီရေတပ်က ဟိုင်းကြီးကျွန်းအနီးမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ငပုတော ဟိုင်းကြီးကျွန်းနား ရေလယ်မြစ်ဝမှာ ရခိုင်ဘက်က စစ်ရှောင်စက်လှေတစ်စီး ရောက်နေတယ်လို့ သိရပါတယ်။