နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 29 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုထဲ သံရုံးအချို့ပါဝင်

ဇွန်လ (၁၉)ရက်။

ဒီကနေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုမှာ သံရုံးအချို့လဲ ပါဝင်လာခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုကို မြန်မာနိုင်ငံဆိုင်ရာ သံရုံးတွေဖြစ်ကြတဲ့ ဂျာမနီ၊ ယူကေနဲ့ ဥရောပသမဂ္ဂသံရုံးတို့က သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့ဖြစ်ကာ ဖမ်းဆီးချုပ်နှောင်ထားတဲ့အပေါ် ရှုတ်ချတယ်လို့ ယူကေသံရုံးက ရေးသားထားပါတယ်။

ဒါ့ပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မတရားဖမ်းဆီးခံထားရတဲ့သူ အားလုံးကို ပြန်လွှတ်ပေးဖို့ကိုလဲ ထပ်မံတောင်းဆိုထားကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော်စွပ်စွဲချက်တွေဖြစ်တာကို ပေါ်လွင်ထင်ရှားတယ်လို့ ယူကေသံရုံးက ထုတ်ပြန်ထားပါတယ်။

လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ Facebook မှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အနေနဲ့ နှင်းဆီပန်းပုံတွေအပါအဝင် ပန်းသပိတ်လှုပ်ရှားမှုတွေကို ဖော်ပြတာတွေရှိတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးကာလထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 2 Views
မေလ (၂၉)ရက်။ နွေဦးတော်လှန်ရေး (၄)နှစ်တာထဲ ပကဖရဲဘော် (၁၀၀၀)ကျော် ကျဆုံးခဲ့တယ်လို့ NUG သယံဇာတဝန်ကြီး ဒေါက်တာတူးခေါင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အပေါ် အာဆီယံဦးဆောင်ပြီး စောင့်ကြည့်ထိန်းသိမ်းတဲ့ယန္တရားထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 11 Views
မေလ (၂၉)ရက်။ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေအပေါ် အာဆီယံဦးဆောင်ကာ နိုင်ငံတကာကပါဝင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ထိန်းသိမ်းရေးယန္တရားမရှိရင် ပြည်သူတွေကို ကာကွယ်နိုင်မှာမဟုတ်ဘူးလို့ NUG ရဲ့
မြန်မာသတင်း

အခုလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်လူနာတွေ ပြန်လည်တွေ့ရှိလာ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 9 Views
မေလ (၂၈)ရက်။ မေလဆန်းပိုင်းကစပြီး ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ အတည်ပြုလူနာတွေ ပြန်လည်တွေ့ရှိလာခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်တွင်းမှာ ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားတာ အနည်းငယ် မြင့်တက်လာခဲ့ပေမယ့် အခုဖြစ်ပွားနေတဲ့ ကိုဗစ်(၁၉) အိုမီခရွန် ဗီဇပြောင်းမျိုးကွဲတွေဟာ
မြန်မာသတင်း

မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 11 Views
မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့ မေလ (၂၈)ရက်။ မေလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြင်းခြံမြို့ပေါ်မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာ (၄)ခုကို တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

သေဘောဘိုးစခန်းကို စစ်ကူလာတဲ့ အင်အား(၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းတခုလုံး ရှင်းလင်းခံရ

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 17 Views
မေလ (၂၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်မှာ သေဘောဘိုးစခန်းကို စစ်ကူဖို့လာတဲ့ အင်အား (၁၀၀)ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသထဲစစ်ရေးသတင်းတွေထံက သိရပါတယ်။ “ ဝေါလေဗျူဟာအခြေစိုက် စကစစခန်းကနေ အင်အား (၁၀၀)ကျော်ရှိတဲ့ စစ်ကြောင်းနဲ့ မဲကလာချောင်းအနီးမှာ
မြန်မာသတင်း

မြန်မာစစ်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်တဲ့အပေါ် အလွန်စိုးရိမ်တယ်လို့ ဆွီဒင်သံရုံးထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 13 Views
မေလ (၂၈)ရက်။ မြန်မာစစ်အစိုးရရဲ့ အရပ်သားပြည်သူတွေကို လေကြောင်းကနေ နေ့တိုင်းနီးပါး တိုက်ခိုက်နေတဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး အလွန်စိုးရိမ်တယ်လို့ ဆွီဒင်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အစိုးရဟာ ကိုယ်တိုင်ကြေညာထားတဲ့ အပစ်ရပ်စဲရေးကို ချိုးဖောက်ပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင်
မြန်မာသတင်း

ငလျင်ကြောင့် ပျက်စီးသွားတဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးရုံးတို့ကို အမြန်ဆုံးပြန်ဆောက်ဖို့ စစ်ခေါင်းဆောင် ညွှန်ကြား

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 9 Views
မေလ (၂၈)ရက်။ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ တရားလွှတ်တော်ချုပ်ရုံးနဲ့ အလုပ်သမားဝန်ကြီးဌာနကို အမြန်ဆုံး ပြန်ဆောက်လုပ်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က နေပြည်တော်မှာ စစ်ဆေးချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီးတာမှာ ကြီးမားခဲ့တဲ့ အဆောက်အအုံတွေစာရင်းထဲ တရားလွှတ်တော်ချုပ်ရုံးနဲ့
မြန်မာသတင်း

ပဲခူးရိုးမအစပ်ရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စခန်းစွန့်ခွာထွက်ပြေး

  • 2025 ခုနှစ်၊ မေလ 27 ရက်
  • 31 Views
မေလ (၂၇)ရက်။ မနေ့က နံနက် (၆)နာရီခန့်မှာ အုတ်ဖိုအပိုင် ပဲခူးရိုးမအစပ်ရှိ ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ထန်းပင်ကုန်းရွာ ဗိုလ်ရုံစုမှာ  အင်အား