ဇူလိုင်လ (၁၉)ရက်။
ဒီကနေ ရန်ကုန်မြို့မှာ စစ်ကောင်စီက လုံခြုံရေးအင်မတန် တင်းကြပ်ထားတဲ့ကြားကနေ အာဏာရှင်ဆန့်ကျင်တဲ့ လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ရန်ကုန်မှာ လုံခြုံရေးတင်းကြပ်ထားတဲ့ကြားက “ ဦးအောင်ဆန်းရေ အာဏာရှင်တစုကြောင့် လူထု မျက်ရည်ကျနေရပြီ” ဆိုတဲ့စာတန်းကို စမ်းချောင်းပင်မသပိတ်စစ်ကြောင်းက ချိတ်ဆွဲခဲ့တာလို့ ဆိုပါတယ်။
အခုကာလမှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ လူတစုက အကြမ်းဖက် စစ်အာဏာသိမ်းထားတာကြောင့် တိုင်းပြည်မှာ အဖက်ဖက်ကနေ ပြိုလဲပျက်စီးနေတယ်လို့ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုတရပ်လုံးလဲ အခက်အခဲ၊ အကြပ်အတည်းမျိုးစုံ ခံစားနေရတယ်လို့ ရေးသားထားပါတယ်။
ဒီလိုအခြေအနေမှာ “ တိုင်းပြည်နဲ့ ပြည်သူလူထုကိုသာ ရှေ့တန်းတင်ပြီး ဆောင်ရွက်တတ်တဲ့ တပ်မတော်ရဲ့တည်ထောင်သူ ဦးအောင်ဆန်းလိုဗိုလ်ချုပ်မျိုးကို လွမ်းဆွတ်တမ်းတတဲ့ရည်ရွယ်ချက်နဲ့” အခုလှုပ်ရှားမှုကို ပြုလုပ်တာလို့ သိရပါတယ်။