ဇွန်လ (၂၀)ရက်။
မနေ့က ညနေ (၄)နာရီ (၁၀)မိနစ်အချိန်က တိုက်ကြီးမြို့မှာ ပျူစောထီးခေါင်းဆောင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီဂဌုန်တပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ပစ်ခတ်ရှင်းလင်းခံရတဲ့ ပျူစောထီးခေါင်းဆောင်ဟာ ပန်းပင်တန်းကျေးရွာအုပ်စုရှိ သဲဖြူ-ပိန်းရှိုလေးရွာနေ ရာအိမ်မှူး ဝင်းမောင်ဖြစ်ကာ နေရာမှာပဲသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ရာအိမ်မှူး ဝင်းမောင်ဟာ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူးဖြစ်ပြီး ရန်ကုန်မြို့တော်ခန်းမရှေ့ တပ်ထောက်ခံပွဲတွေမှာ (၁၀၀၀၀)စားတွေ စုဆောင်းပေးနေသူလို့ ဖော်ပြထားပါတယ်။
ဝင်းမောင်ကို ပစ်ခတ်ရှင်းလင်းချိန် ဖဲဝိုင်းထဲက သူ့ရဲ့ဆိုင်ကယ်နဲ့ စာရွက်စာတမ်းတွေ၊ မှတ်ပုံတင်ကတ်၊ ကြံ့ခိုင်ရေးပါတီဝင်ကတ်၊ ဖုန်းတစ်လုံးနဲ့ ငွေကျပ်(၃)သိန်းတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် သူ့ဆီကနေ ရွှေဆွဲကြိုးတစ်ကုံးနဲ့ လက်စွပ်တစ်ကွင်းတို့ကိုလဲ သိမ်းဆည်းရမိခဲ့တယ်လို့ သာယာဝတီဂဌုန်တပ်ဖွဲ့က ပြောဆိုထားပါတယ်။
အခုလိုသိမ်းဆည်းရမိခဲ့တဲ့ ရွှေ၊ ငွေကြေးပစ္စည်းတွေအားလုံးကို သက်ဆိုင်ရာမြို့နယ်အဖွဲ့အစည်းတွေကို စနစ်တကျ အပ်နှံပေးသွားနိုင်ဖို့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။