နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျွန်းစုမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်အပါ (၂)ဦးကို ဖမ်းဆီးချိန် ပြန်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့

ဩဂုတ်လ (၂၀)ရက်။

ကျွန်းစုမြို့နယ်မှာ ပျူစောထီးခေါင်းဆောင်နဲ့ ပျူစောထီးအဖွဲ့၀င်နှစ်ဦးကို ဖမ်းဆီးချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခဲ့ကာ သေဆုံးသွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသူ (၂)ဦးဟာ ပျုစောထီးခေါင်းဆောင် နောင်မေးဆိုသူနဲ့ ပျူစောထီး ကြယ်စင်အောင်တို့ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့တွေက သွားရောက်ဖမ်စဆီးချိန် ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

သူတို့(၂)ဦးဟာ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စုရှိ မင်းခေါင်းဆေးကျေးရွာမှာ ပျူစောထီးတပ်သားသစ်တွေ ခေါ်ယူစုဆောင်းနေပြီး သင်တန်းပေးနေတာကို သတင်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပျူစောထီးသင်တန်းပေးနေတာနဲ့ တပ်သားသစ်စုဆောင်းနေတာကို အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမယ့် လိုက်နာတာမရှိတဲ့အတွက် မနေ့က ညနေ(၆)နာရီခန့်မှာ သွားရောက်ဖမ်းဆီးခဲ့တာလို့ ပြောဆိုထားပါတယ်။

အခုလိုတိုက်ခိုက်ခဲ့တာဟာ ကျေးရွာနေပြည်သူတွေနဲ့ လုံး၀မသက်ဆိုင်ဘဲ ကျွန်းစုမြို့နယ် ကာကွယ်ရေးအဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ အသိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 0 Views
စက်တင်ဘာလ (၁၂)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 38 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 29 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုဖောက်တဲ့ အမျိုးအစားတွေထဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းဖျက်ဆီံးခံရတာ (၁၃၀)မှုနဲ့ အများဆုံးဖြစ်ကာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 42 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 33 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာရူးတွေ အာဏာတည်မြဲဖို့ လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 31 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 69 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က
မြန်မာသတင်း

၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 44 Views
၈၈ကျောင်းသားခေါင်းဆောင်ကိုမောင်မောင်ကျော်နဲ့လက်ရှိနိုင်ငံရေးအခင်းအကျင်းကိုဆွေး‌နွေးခြင်း။ ကိုမောင်မောင်ကျော်ဟာ ၁၉၈၈ခုနှစ်စစ်အာဏာမသိမ်းခင်ကတည်း စစ်အာဏာသိမ်း တော့မည်ကို ကြိုတင်ခန့်မှန်းမိပြီးတောခိုခဲ့သူဖြစ်ပါတယ်။ ကိုမောင်မောင်ကျော် ရဲ့လက်ရှိ နိုင်ငံရေးအခင်းအကျင်းကို ဦးထွန်းအောင်ကျော်ကမေးမြန်းပြီး အပြန်အလှန် ဆွေးနွေးတာကို တင်ပြလိုက်ပါတယ်။ ခေတ်မျက်လုံးအယ်ဒီတာအဖွဲ့