နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေချစခန်းတွေကို သိမ်းယူနိုင်ခဲ့တယ်လို့ ချင်းညီနောင်ထုတ်ပြန်

ဒီဇင်ဘာလ (၂၀)ရက်။

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ဖလမ်းမြို့ပေါ်က စစ်ကောင်စီအခြေချစစ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ချင်းညီနောင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ချင်းညီနောင်စစ်ဆင်ရေးအနေနဲ့ မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို နိုဝင်ဘာလ (၉)ရက်နေ့ကစပြီး မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်ခဲ့ရာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးထဲ မြို့ပေါ်ရှိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ စံမင်းသီရိစေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း(စံပြရပ်ကွက်)၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်မင်းတပ်၊ မြလေးပွင့်စေတီကုန်းနဲ့ (၄)မိုင်ကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ကျန်ရှိနေသေးတဲ့ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်းနဲ့ ခလရ(၂၇၄)တပ်ရင်းတို့ကို ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာလ (၁၅)ရက်နေ့က ရဲတပ်ဖွဲ့ဝင်းထဲရှိ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် (၁၂၃)ဦးက သူတို့မိသားစုဝင်တွေနဲ့အတူ လက်နက်ချအညံ့ခံခဲ့တယ်လို့ ပြောဆိုထားပါတယ်။

နောက်ပြီး ဖလမ်းမြို့သိမ်းစစ်ဆင်ရေးထဲ ဖလမ်းခရိုင်ရဲတပ်ဖွဲ့ရုံး၊ မြို့နယ်ရဲတပ်ဖွဲ့ရုံး၊ ဆောက်လုပ်ရေးရုံး၊ ထွေ/အုပ်ရုံးနဲ့ ဆေးရုံကုန်းနေရာတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ရဲတပ်ဖွဲ့ဝင် (၄၅)ဦး လက်နက်ခဲယမ်းတွေနဲ့ လက်နက်ချအညံ့ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ချင်းညီနောင်အနေနဲ့ မင်းတပ်နဲ့ ဖလမ်းတို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်နိုင်တဲ့အထိ ပြင်းပုင်းထန်ထန် ထိုးစစ်ဆင်သွားမှာဖြစ်သလို ချင်းပြည်နယ်ထဲ စစ်ကောင်စီကင်းစင်ဖို့နဲ့ အကြမ်းဖက်အာဏာရှင်ကို ဆက်လက်တိုက်ထုတ်သွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 17 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည်
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 44 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 36 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 29 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 36 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က