ဖေဖော်ဝါရီလ (၂၁) ရက်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်တွင် မကွေးတိုင်း တစ်နေရာမှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီ၊ မကွေးလူထုတိုက်ပွဲကော်မတီ၊ မြိုင်မြို့နယ် အခြေခံပညာသပိတ်ကော်မတီနဲ့ ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ ပူးပါင်းပြီး လူထုသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီ သပိတ်လှုပ်ရှားမှုတွေမှာ “ မတရား စစ်မှုထမ်း ဥပဒေကို ဝိုင်း၀န်းဆန့်ကျင်ကြ” စာသားကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေ အော်ဟစ် ချီတက်၍ သပိတ်ကော်မတီ အသီးသီးက ရဲဘော်တွေက ပြည်သူလူထုကို သပိတ်တရားများ ပြောဆိုပြီး ဦးညွှတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ မန္တလေးသပိတ်အင်အားစုတို့ကလည်း ဒီသပိတ်လှုပ်ရှားမှုပါ ပူးပေါင်းဝန်းရံခဲ့တယ်လို့ သိရပါတယ်။