နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟိုပုံးမြို့တိုက်ပွဲမှာ စစ်ကောင်စီထံက အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ PNLA ထုတ်ပြန်

ဖေဖော်ဝါရီလ (၂၁)ရက်။

ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက် (၁၁)နာရီကနေ ညနေ (၅)နာရီအထိ ဟိုပုံးမြို့မှာ PNLA နဲ့ စစ်ကောင်စီအပေါင်းအပါ ပြည်သူ့စစ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဟိုပုံးမြို့တစ်နေရာမှာ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက လာရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားခဲ့ပြီး နယ်မြေရှင်းလင်းရေးပြုလုပ်ရာ အခင်းဖြစ်ပွားတဲ့နေရာမှာ စစ်ကောင်စီနဲ့ လက်အောက်ခံ ပြည်သူ့စစ် အလောင်း (၅)လောင်းကျန်ရှိခဲ့ပြီး ခဲယမ်း၊ ကျည်ဆန်အပါအဝင် သေနတ် (၄)လက် သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် မနေ့က စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေဟာ မဲနယ်တောင်ဒေသကို လက်နက်ကြီးနဲ့ (၅၇)ကြိမ်ပစ်ခတ်ခဲ့ရာ ကျောက္ကဆျားရွာက နေအိမ် (၁၀)လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းအပါတွေ ပစ်ခတ်ဖျက်ဆီးတဲ့နေရာတွေဟာ PNLA တပ်ဖွဲ့ဝင်တွေ တည်ရှိတဲ့နေရာမဟုတ်သလို တပ်စွဲထားတာလဲမရှိဘဲ ဟိုပုံးမြို့ကနေပြီး ထမ်းဆန်းဂူဒေသအနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေတယ်လို့ ပြောဆိုထားပါတယ်။

အခုတိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့ တိုက်ပွဲဖြစ်တာကြောင့် ပြည်သူ့စစ်တွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်ကို အမြန်ဆုံးကူးပြောင်းကြဖို့ PNLA က ထပ်မံတိုက်တွန်းထားပါတယ်။

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ PNLA တပ်ဖွဲ့ဝင်တွေထံ ဆက်သွယ်ကာ လက်နက်နဲ့အတူ ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 20 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 15 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 38 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 16 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ကိုယ်တိုင်စီမံပြီး သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ်တို့ နေပြည်တော်မှာ တွေ့ဆုံ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 18 Views
ဧပြီလ (၇)ရက်။ မနေ့က နေပြည်တော်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်သံအမတ် Ms. Ma Jia တို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတွေ့ဆုံရာမှာ မင်းအောင်လှိုင်က သမ္မတအနေနဲ့ ကြေညာပြီးနောက်ပိုင်း ပြည်ပသံတမန်တွေထဲ ပထမဆုံးလာတွေ့တဲ့
မြန်မာသတင်း

ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁) ကာကင်းစခန်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 34 Views
ဧပြီလ (၆)ရက်။ မနေ့က ည (၉)နာရီခွဲကျော်အချိန်က ခေါ်ဇာမြို့အခြေစိုက် စစ်တပ်ရဲ့ ခလရ(၃၁)ကာကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်လို့ MSRF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၉)နာရီ (၄၅)မိနစ်လောက်က ခေါ်ဇာအခြေစိုက် အမှတ်(၃၁)ခြေလျင်တပ်ရင်းရဲ့ ကာကင်းစခန်းကို
မြန်မာသတင်း

ပေါက်နယ်ထဲ စစ်ရှောင်စခန်းတခု လေကြောင်းတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 25 Views
ဧပြီလ (၆)ရက်။ ဒီကနေ့ ‌နေ့လယ် (၁)နာရီကျော်အချိန်က ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းတခုကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်လူသားချင်းစာနာမှုအဖွဲ့ထံက သိရပါတယ်။ “ ပေါက်နယ် အနောက်မြောက်ပိုင်းမှာရှိတဲ့ စစ်ရှောင်စခန်းတခုကို တံတားဦးလေတပ်နဲ့ မကွေးလေတပ်ကနေ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်သွားတာ။ စစ်ရှောင်တဲတွေ
မြန်မာသတင်း

သင်္ကြန်ကာလ လုံခြုံရေးသတိနဲ့ ဂရုစိုက်နေကြဖို့ ဒီပဲယင်းမြို့နယ်ပအဖ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 6 ရက်
  • 19 Views
ဧပြီလ (၆)ရက်။ ဒီပဲယင်းနယ်ထဲ စစ်တပ်ဟာ ပြည်သူအပေါ် စစ်ကြောင်းတွေ၊ လေကြောင်းတွေနဲ့ တိုက်ခိုက်တာတွေ လျော့သွားတာမရှိဘူးလို့ မြို့နယ်ပအဖရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ဒီကနေ့အချိန်အထိ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘာသာရေးအဆောက်အဦတွေ၊ အလှူပွဲတွေ၊