အောက်တိုဘာလ (၂၁)ရက်။
ဒီကနေ့ ရန်ကုန်မြို့မှာ “ People’s voices to Chinese Government ပြည်သူ့အသံ တရုတ်သိစေဖို့” ဆိုတဲ့ လှုပ်ရှားမှုတရပ်ကို တော်လှန်ညီနောင် (၄)ဖွဲ့နဲ့ ပြည်သူတွေ ပူးပေါင်းကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့ဖြစ်တဲ့ Mayangone Democratic Front(MDF)၊ Linn Young Ni Youth Association(LYNYA)၊ Owl Community နဲ့ Kyimyidaing Networks (KMD18)တို့က ပြည်သူတွေနဲ့အတူ ပူးပေါင်းပြီး “ ကြုံး” လိုက်တာလို့ ဆိုပါတယ်။
ရန်ကုန်တော်လှန်ညီနောင်(၄)ဖွဲ့က “ အရာရာဟာ ပြည်သူ့သဘောအတိုင်းဖြစ်ရမည်၊ ပြည်သူသည်သာ အခရာ အရာရာကို ပြောင်းလဲနိုင်သည်။ ဒီခရီးနီးနေပြီ။ ကျွတ်မနေနဲ့ ကြုံး” လို့ ဖော်ပြထားပါတယ်။
လှုပ်ရှားမှုထဲ “ China Shame On You” ၊ “ China is not our good neighbor” ၊ “ Justice is Blind, Myanmar Army makes Crimes, China is Behind” နဲ့ “ China Back off from Myanmar” စတဲ့ စာသားတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
တရုတ်နိုင်ငံဟာ စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ကို ကူညီပံ့ပိုးသွားမယ်လို့ ပြောဆိုခဲ့သလို စစ်ကောင်စီကို တဖက်တလမ်းကနေ ထောက်ခံနေတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေရဲ့ ပြစ်တင်ဝေဖန်တာကို ခံနေရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလဲ မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရကာ အဲ့ဒီလုပ်ရပ်အပေါ် NUG က ကန့်ကွက်ရှုတ်ချထားပြီး စစ်ကောင်စီဘက်က စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။