နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားအားကစားပွဲ ကျင်းပတာ တည်ငြိမ်အေးချမ်းတာကို ပြသတာလို့ စစ်ခေါင်းဆောင်ပြော

ဒီဇင်ဘာလ (၂၁)ရက်။

အမျိုးသားအားကစားပွဲဟာ အားကစားပြိုင်ပွဲသက်သက် ကျင်းပတာထက် တည်ငြိမ်အေးချမ်းမှုကို ပြသနိုင်တဲ့ပွဲလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ပိတ်ပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခုအခါ နိုင်ငံဟာ ပြည်တွင်း၊ ပြည်ပအန္တရာယ်တွေ ဝင်ရာက်စွက်ဖက်တာတွေနဲ့ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံသာမက မဟာဗျူဟာအချက်အချာကျတဲ့ ကမ္ဘာ့နိုင်ငံငယ်အများစုမှာလဲ ကြုံနေရတယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် အဘက်ဘက်ကနေ ထိုးနှက်တိုက်ခိုက်နေတာတွေအပေါ် ပြည်သူ၊ အစိုးရ၊ စစ်တပ်တို့ရဲ့ ပေါင်းစည်းအား ညီညွတ်တဲ့စိတ်ဓါတ်တို့နဲ့ ကာကွယ်ဖို့ကိုလဲ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ပိတ်ပွဲအခမ်းနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ပွဲထဲ သေဆုံးသွားတဲ့ စစ်သားတွေ၊ ရဲတပ်ဖွဲ့ဝင်‌တွေ၊ စစ်မှုထမ်းအဖွဲ့ဝင်တွေ၊ နိုင်ငံ့ဝန်ထမ်းတွေကို ဦးညွှတ်မှတ်တမ်းတင်တယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

နောက်ပြီး အခုလို အမျိုးသားအားကစားပွဲတော် စုစည်းကျင်းပနိုင်တာဟာ နိုင်ငံကို လုံခြုံအောင် ကာကွယ်ပေးနိုင်တဲ့ သူရဲကောင်းတွေ ရှိနေတာကြောင့်လို့လဲ သူက ပြောဆိုခဲ့ပါသေးတယ်။

မနေ့က ဒီဇင်ဘာလ (၂၀)ရက်နေ့ နေပြည်တော်ရှိ ဝဏသိဒ္ဓိအားကစားကွင်းမှာ စစ်ခေါင်းဆောင်က အမျိုးသားအားကစားပွဲတော် ပိတ်ပွဲပြုလုပ်နေချိန် စစ်တပ်ရဲ့ အဓိကအရေးပါတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုကို ထပ်မံလက်လွှတ်ခဲ့ရတဲ့အချိန်ဖြစ်ပါတယ်။

အခုအချိန် နိုင်ငံတဝန်း တိုက်ပွဲတွေမှာ ရှုံးနိမ့်မှုတွေနဲ့ ကြုံတွေ့နေရတဲ့ စစ်ကောင်စီဟာ မြို့တွေ၊ တပ်စခန်းတွေ အများအပြားကို လက်လွှတ်ဆုံးရှုံးထားသလို တိုင်းစစ်ဌာနချုပ် (၂)ခုဖြစ်တဲ့ ရမခနဲ့ နပခ စစ်ဌာနချုပ်တို့ကို လက်လွှတ်ခဲ့ရပြီဖြစ်တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေဆိုပြီး ပြဋ္ဌာန်းလာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 27 Views
တပ်ချုပ်ရာထူး စွန့်လွှတ်စရာမလိုဘဲ အာဏာဆက်လက်ချုပ်ကိုင်နိုင်ဖို့လို့ဆို ဖေဖော်ဝါရီလ (၄)ရက်။ ယာယီသမ္မတတာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေကို မနေ့ကရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကျောင်းသားတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံပြီး နှစ်ဖက်တပ်တွေ ဆုတ်ခွာဖို့ သဘောတူခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၄)ရက်။ မနေ့က ကျောင်းသားတော်လှန်ရေးတပ်တော်(SRF)နဲ့ NUG တို့ တွေ့ဆုံညှိနှိုင်းခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ဒေသခံတွေရဲ့
မြန်မာသတင်း

စစ်ကိုင်းမှာ ပေါ်တာလာဆွဲတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 43 Views
ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က မန္တလေး-မုံရွာ-ရွှေဘိုလမ်းမှာ ပေါ်တာဆွဲဖမ်းဆီးဖို့လာတဲ့ စစ်ကော်မရှင်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်းလေး-မုံရွာ-ရွှေဘိုလမ်းနဲ့ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းဆုံက တင်းတိပ်ဆီဆိုင်ကွေ့မှာ ပေါ်တာဆွဲ ဖမ်းဆီးဖို့လာတဲ့ စခတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီမှာ
မြန်မာသတင်း

KNDF နဲ့ အင်းလေးPDF အပါအဝင် PDF (၂၄)ဦး အလင်းဝင်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 4 ရက်
  • 33 Views
အင်းလေးPDF တပ်ဖွဲ့ဝင်တဦးပါဝင်တယ်ဆိုတာ သတင်းအမှားလို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ KNDF နဲ့ အင်းလေးPDF အပါအဝင် PDF တပ်ဖွဲ့ဝင် (၂၄)ဦး ဥပဘောင်ထဲ ဝင်ရောက်လာတယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့
မြန်မာသတင်း

နယ်မြေစိုးမိုးမှု စနစ်တကျတိုးချဲ့နေတယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 36 Views
ရန်ကုန်-မန္တလေးလမ်းဟောင်းတလျှောက် စစ်တပ်စခန်း (၁၄)ခု တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ဆို ဖေဖော်ဝါရီလ (၃)ရက်။ စစ်မျက်နှာအသီးသီးမှာ အကြမ်းဖက်စစ်အုပ်စုကို ထိုးနှက်တိုက်ခိုက်ပြီး နယ်မြေစိုးမိုးမှု စနစ်တကျ တိုးချဲ့နေတယ်လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing အစီအစဉ်မှာ ပြောဆိုခဲ့တယ်လို့
မြန်မာသတင်း

ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့အဖွဲ့ နေပြည်တော်ကိုရောက်နေ၊ 

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 33 Views
မင်းအောင်လှိုင် ထွက်မတွေ့နိုင်ဘဲ လူမြင်ကွင်းကပျောက်တာ (၁)ပတ်အထိရှိလာ ဖေဖော်ဝါရီလ (၃)ရက်။ မနေ့က ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာ ဆာဂေးရွှိုင်းဂူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တော်ကို ရောက်ရှိလာခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရုရှားနိုင်ငံရဲ့ လုံခြုံရေးကောင်စီအတွင်းရေးမှူး
မြန်မာသတင်း

ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီက လက်ဖြန့်တောင်းပြီး မရနိုင်ဘူးလို့ MSFC ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 38 Views
ဖေဖော်ဝါရီလ (၂)ရက်။ မွန်အမျိုးသား‌တို့ရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို စစ်အုပ်စုဆီကနေ လက်ဖြန့်တောင်းလို့မရဘူးလို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒီကနေ့ မွန်အမျိုးသားနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MSFC ရဲ့ ထုတ်ပြန်ချက်ထဲ သမိုင်းတလျှောက် ဗမာစစ်တပ်ဟာ လက်နက်အင်အားနဲ့ ပြည်သူတွေကို အနိုင်ယူခဲ့တာသာဖြစ်တယ်လို့
မြန်မာသတင်း

သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂) ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 41 Views
ဖေဖော်ဝါရီလ (၂)ရက်။ မနေ့က နံနက် (၄)နာရီခွဲအချိန်က သရက်မြို့ရှိ စစ်တပ်ရဲ့ ကပစ(၁၂)ကို လက်လုပ်ရော့ကတ် (၁၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်တပ်ရဲ့ (၁၂၀)မမ၊ (၆၀)မမနဲ့ (၄၀)မမ