ဒီဇင်ဘာလ (၂၁)ရက်။
မနေ့က ညနေ(၄)နာရီခန့်က စစ်ကိုင်းမြို့ ဇေယျာတိုးချဲ့ရပ်ကွက်နေ ပျုစောထီး မင်းသူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရတနာပုံတပ်ဦးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ဇေယျာတိုးချဲ့ရပ်ကွက်မှာနေတဲ့ မင်းသူကို ဖရဲသီးသတင်းပေးကြောင့် စောင့်ကြည့်ပြီး ပျူစောထီးတစ်ဦးဆိုတာကို သိရှိခဲ့ရတာပါ။ သူ့ကို ဘီယာဆိုင်ထိုင်နေတယ်ဆိုတဲ့ ဖရဲသီးသတင်းရရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့တာ” လို့ ဆိုပါတယ်။
မင်းသူဆိုသူကို တပ်တွင်းသတင်းပေးချက်အရ စောင့်ကြည့်ခဲ့ပြီးနောက် ပျူစောထီးတစ်ဦးဖြစ်တာကြောင့် တပ်မ(၃၃)ရဲ့ နောက်ကျောဘက် တောင်ငူကုန်းရွာထိပ်ရှိ Beer Star 5 ဆိုင်ထဲ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဖော်ပြထားပါတယ်။
ပျူစောထီးမင်းသူဟာ အပေါင်းအပါ ပျူစောထီးတွေနဲ့ ပူးပေါင်းပြီး ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျတာနဲ့ မြို့ထဲ ဓါးပြမှုတွေ ကျူးလွန်လာတာကြောင့် တပ်တွင်းသတင်းရရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ရေးသားထားပါတယ်။
ပစ်ခတ်ရှင်းခင်းခံရတဲ့ ပျူစောထီးမင်းသူဟာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေက စစ်ကိုင်းမြို့နယ် တင်းတိပ်ရွာကို ဝင်ရောက်မွှေနှောက်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ အရပ်သားပြည်သူ (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆင်ရေးကို Burmese Revolution Force(BRF)၊ ရတနာပုံတပ်ဦးနဲ့ Brave Soldiers Guerilla Force မဟာမိတ်ရဲဘော်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။