မေလ (၂၂)ရက်။
ဒီကနေ့ နေ့လယ် (၁၁)နာရီခွဲအချိန်ခန့်မှာ ဟား (၅)ကောင်အဖွဲ့ရဲ့ တော်လှန်အနုပညာရှင် ကိုဝိုင်းကျော် ကွယ်လွန်သွားခဲ့တယ်လို့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။
တော်လှန်အနုပညာရှင် ကိုဝိုင်းကျော်ဟာ (၉၆)ပါးရောဂါနဲ့ ထိုင်းနိုင်ငံရှိ မဲဆောက်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
အခုလို တော်လှန်အနပညာရှင်တစ်ဦးဖြစ်တဲ့ ကိုဝိုင်းကျော် ကွယ်လွန်သွားတဲ့သတင်းကို ဟား (၅)ကောင်အဖွဲ့ကလဲ အတည်ပြုထားကာ ပြည်သူတွေကလဲ ၀မ်းနည်းကြောင်း လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားကြပါတယ်။
(၉၆)ပါးရောဂါနဲ့ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့တဲ့ တော်လှန်အနုပညာရှင် ကိုဝိုင်းကျော်ရဲ့ ကျန်ရစ်ခဲ့တဲ့ ရုပ်အလောင်းကို မေလ (၂၄)ရက်နေ့ ကျောင်းကြီးကျောင်းကနေ သင်္ဂြိုလ်သွားမယ်လို့ သိရပါတယ်။
ဟား (၅)ကောင်အဖွဲ့ဟာ ၂၀၂၁ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လွတ်မြောက်နယ်မြေတွေကို သွားရောက်ကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းနိုင်ဖို့ တတ်စွမ်းတဲ့ အနုပညာနဲ့ တွန်းလှန်တိုက်ပွဲ၀င်နေကြတာပါ။
ဟား (၅)ကောင်အဖွဲ့ဟာ တော်လှန်အနုပညာရှင်တွေဖြစ်သလို အငြိမ့်ကတာ၊ ဇာတ်လမ်းတိုရိုက်တာတွေအပြင် တော်လှန်ရေးရန်ပုံငွေအတွက် တဖက်တလမ်းကနေ ပါ၀င်ကူညီပံ့ပိုးပေးနေတဲ့အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။