နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 19 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်ဒေသမြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့က သဘောထားထုတ်ပြန်

မေလ (၂၂) ရက်

ရခိုင်ဒေသမြောက်ပိုင်း အခြေအနေများနှင့် ပက်သက်ပြီး အရပ်ဘက် အဖွဲ့အစည်း ၁၉၅ ဖွဲ့က ဒီနေ့ မေလ (၂၂) ရက်နေ့မှာ သဘောထားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်လာပါတယ်။

ရခိုင်ဒေသနဲ့ တနိုင်ငံလုံးက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအနေနဲ့ အဖိနှိပ်ခံ ရိုဟင်ဂျာလူမျိုးစုရဲ့ အသက်အိုးအိမ်စည်းစိမ်များ၊ ပုံရိပ်များတွေကို နိုင်ငံရေး စစ်ရေး လိုအပ်ချက်အတွက် အသုံးချနေခြင်းကို ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုက ရိုဟင်ဂျာလူမျိုးစုတွေကို ဖိနှိပ်ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို အစဉ်တစိုက် ကျူးလွန်ခဲ့ပြီး လက်ရှိမှာလည်း မတရား စစ်မှု မထမ်းမနေရ အမိန့်နဲ့ အတင်းအဓမ္မ ဖိအားပေးပြီး စစ်သားတွေအဖြစ်၊ လူသားဒိုင်းတွေအဖြစ်၊ စစ်အုပ်စုကိုယ်စား အကြမ်းဖက်မှု ကျူးလွန်သတွေ အဖြစ် အသုံးပြုနေတယ်လို့ ဆိုပါတယ်။

သိသာထင်ရှားတဲ့ သက်သေအနေနဲ့ ဒီနှစ် မတ်လအတွင်း ရခိုင်ဒေသ၊ ရသေ့တောင်မြို့နယ်၊ အငူမော်မှာ အာရက္ခတပ်တော် (AA) နဲ့ အကြမ်းဖက် စစ်အုပ်စုတို့အကြား တိုက်ပွဲမှာ စစ်အုပ်စုက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ရိုဟင်ဂျာ ၁၀၀ နီးပါး အစုအလိုက် အပြုံလိုက် သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်အုပ်စုအနေဖြင့် လက်ရှိမှာလည်း ဘူးသီးတောင်နဲ့ စစ်တွေမှာရှိတဲ့ IDP- အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေထားတဲ့စခန်းက ရိုဟင်ဂျာတွေကို အတင်းအကြပ် ဖိအားပေးကာ အာရက္ခ တပ်တော် (AA) ကို ဆန္ဒပြခိုင်းတာတွေ ပြုလုပ်နေပြီး ရိုဟင်ဂျာတွေအပေါ် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန်နဲ့ လူမျိုးရေး ပဋိပက္ခများ ထပ်မံ ဖြစ်ပွားစေရန် လှုံ့ဆော်နေတယ်လို့ ဆိုပါတယ်။

ဒီနှစ် ဧပြီလမှာ ရခိုင်ဒေသ ဘူးသီးတောင်မြို့ပေါ်ရှိ ရခိုင်လူမျိုးစုတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးရာမှာ စစ်မှုမထမ်းမနေရ အမိန့်နဲ့ အတင်းအဓမ္မ ဖိအားပေး စုဆောင်းထားတဲ့ ရိုဟင်ဂျာတွေကို အသုံးပြုပြီး ရခိုင်နဲ့ ရိုဟင်ဂျာလူမျိုးစုကြား လူမျိုးရေး ပဋိပက္ခ ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ စတင်ဖန်တီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒီလို လူမျိုးရေးပဋိပက္ခဖြစ်အောင် စစ်အုပ်စုက လုပ်ဆောင်နေတာအပြင် ရွေးချယ်ခွင့်မရတဲ့ ရိုဟင်ဂျာလူထုရဲ့ အခြေအနေနဲ့ နှစ်များစွာ ဖိနှိပ်ပိတ်လှောင်ခံရမှုကြောင့် အကြမ်းဖက်စစ်အုပ်စု ပုံဖော်ချင်တဲ့ပုံစံတွေအကြား ကြုံတွေ့နေရတဲ့ အခြားလူမျိုးစုတွေနဲ့ မတူတဲ့ အကျပ်အတည်းတွေကို တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူလူထုအနေနဲ့ အထူး သတိထားပြီး နားလည်သိရှိထားဖို့လိုတယ်လို့ ဖော်ပြထားပါတယ်။

အခုအခြေအနေမှာ အဖွဲ့အစည်းတွေ၊ မီဒီယာတွေအိမ်း လူပုဂ္ဂိုလ်တွေအနေနဲ့ ရိုဟင်ဂျာအားလုံးကို စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ပုံစံမျိုး ပုံဖော်မှုတွေ ရှိနေတဲ့အပြင် “ဘင်္ဂါလီ အကြမ်းဖက်များ”၊ “မွတ်စ်လင်မ် အကြမ်းဖက်သမား” စတဲ့ အမုန်းစကားပါတဲ့ ဝေါဟာရတွေကို တွင်တွင်သုံးနေကြတာကိုလည်း တွေ့ရှိနေရတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေဟာ လူမျိုးတစုလုံးနဲ့ ၎င်းတို့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရား တခုလုံးကို သိမ်းကျုံးစွပ်စွဲမှုတွေဟာ လူမျိုးရေး ဘာသာရေး ပဋိပက္ခများ၊ လူထုကြား အမုန်းတရား ကြီးမားလာစေရန် တွန်းပို့နေခြင်းသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တခြားလူမျိုးစုတွေနည်းတူ ရိုဟင်ဂျာလူမျိုးစု အတွင်းမှာလည်း အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ ကိုယ်ကျိုးစီးပွားအတွက် ပူးပေါင်းသောသူမတွေ ရှိနေပေမဲ့ စစ်အာဏာရှင်ကို ဆန့်ကျင်နေတဲ့ ရိုဟင်ဂျာတွေ မြောက်များစွာ ရှိနေတယ်ဆိုတဲ့ အချက်ကို အထူးသတိပြုရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုတွေဖြစ်တဲ့ Arakan Rohingya Salvation Army (ARSA), Arakan Rohingya Army (ARA) နဲ့ Rohingya Solidarity Organization (RSO) တို့ဟာ ရိုဟင်ဂျာလူမျိုးစု ပြည်သူတဦးချင်းစီကို လုံးဝကိုယ်စားမပြုဘူးဆိုတာ မိမိတို့ အားလုံးအနေနဲ့ နားလည်သိရှိပြီး အသေအချာ ခွဲခြားမြင်ရန် အထူးလိုအပ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူလူထုကို အဓမ္မ အနိုင်ကျင့်တဲ့ ရိုဟင်ဂျာလက်နက်ကိုင် အပါအဝင် ဘယ်လူမျိုးစု လက်နက်ကိုင်အုပ်စုကို မဆို မိမိတို့အနေဖြင့် လုံးဝ ရှုံ့ချ ဆန့်ကျင် ကန့်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက် စစ်အုပ်စုနဲ့ပူးပေါင်းနေတဲ့ ARSA အလားတူ အခြားလူမျိုးစု လက်နက်ကိုင်တွေရှိနေပြီး ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ လူမျိုးစုများကို ကိုယ်စားပြုသယောင် ပြောဆိုနေပေမဲ့ မိမိတို့အနေဖြင့်ကောင်းစွာ သိရှိနားလည်ထားပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ရက်နေ့ ကတည်းက ရိုဟင်ဂျာလူမျိုးစု အသိုင်းအဝိုင်းနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ARSA ဟာ ရိုဟင်ဂျာလူမျိုးစုကို ဘယ်လိုမှ ကိုယ်စားမပြုကြောင်း အတိအလင်း သဘောထား ထုတ်ပြန်ချက် ကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

လူမှုသဟဇာတဖြစ်ရေး အပါအဝင် ဒေသလူထုအတွက် တာဝန်ယူ၊ တာဝန်ခံသည့် အခြေအနေမျိုးကို အာရက္ခတပ်တော် (AA) အနေနဲ့ တာဝန်ယူဆောင်ရွက်ပေးရန် တိုက်တွန်းတယ်လို့ ဆိုပါတယ်။

ဂျီနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားတဲ့ဥပဒေ (IHL) တို့ကို လိုက်နာပြီး ပြည်သူများ နေထိုင်ရာ နေရာတွေမာ တိုက်ပွဲ မဖော်ဆောင်ဖို့နဲ့ ရိုဟင်ဂျာရွာတွေက ရွာသူ၊ ရွာသားတွေကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းတာတွေ မပြုလုပ်ဖို့လည်း လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။

အရပ်သားတွေကို အကာအကွယ်ပေးရမယ့် တာဝန်ဟာ စစ်ပွဲအတွင်း အထူး လိုက်နာရမယ့် (နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ) ကျင့်ဝတ်၊ တာဝန်ဖြစ်ပြီး အာရက္ခတပ်တော် (AA) အနေနဲ့ ဒေသတွင်း မှီတင်းနေထိုင်တဲ့ ရခိုင်လူမျိုးစု၊ ရိုဟင်ဂျာလူမျိုးစု အပြင် အခြားသော လူမျိုးစုနဲ့ ဘာသာဝင်တွေကိုလည်း စစ်ပွဲအတွင်း ပစ်မှတ် မထားရန်နဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ဝင်ခွင့်ပေးဖို့ အာရက္ခ တပ်တော် (AA) အား အထူးတိုက်တွန်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာ လူမျိုးစုတွေကို ဥပဒေမဲ့ သတ်ဖြတ်တာ၊ ဖမ်းဆီးတာတွေ မပြုလုပ်ပါလို့ ထုတ်ပြန်ထားပေမဲ့ လက်ရှိမြေပြင်မှာ တပ်တော် လက်အောက်ခံစစ်သားတွေက ကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

ဧပြီလနဲ့ မေလမှာ ဘူးသီးတောင်မြို့ရှိ သံကျောက်ခဲရွာ၊ ရွက်ညိုတောင်ရွာနဲ့ မြောက်ပိုင်း မောင်တောမြို့ရှိ သရက်အုတ်ရွာ စတဲ့ နေရာတွေမှာ ရွာအလိုက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရတာတွေ၊ ဖမ်းဆီးခေါ်ဆောင်ခံရပြီး လူမသိ၊ သူမသိ သတ်ဖြတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေနဲ့ မတရား ဖမ်းဆီးခေါ်ဆောင်နေမှုတွေ ရှိနေတယ်လို့ ထုတ်ပြန်ထားတဲ့ သတင်းတွေအရ သိရှိရတယ်လို့ ဖော်ပြထားပါတယ်။

သတင်းမီဒီယာတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်တွေအရ ဘူးသီးတောင်မြို့ရဲ့ နေရာအများစုကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီးနောက် မေလ ၁၇ရက် ညအချိန် ၁၀နာရီဝန်းကျင်မှာ ရိုဟင်ဂျာ အရပ်သား အများစု နေထိုင်တဲ့ ဘူးသီးတောင်မြို့ပေါ်ရှိ နေအိမ်တွေကို AA က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပြီး ဒီဖြစ်စဥ်ဟာ စစ်ရာဇဝတ်မှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တစ်ခုဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီကိစ္စရပ်တွေကို အာရက္ခ တပ်တော် (AA) အနေနဲ့ လွပ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့နဲ့ ကျူးလွန်မှုတွေ အမှန်တကယ် ရှိနေပါက ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရန် အခု ပူးတွဲ ထုတ်ပြန် လက်မှတ် ရေးထိုးထားတဲ့ အင်အားစုတွေအိမ်း အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အထူးအလေးအနက် တောင်းဆိုလိုက်တယ်လို့ ဖော်ပြထားပါတယ်။

အကာအကွယ် မဲ့နေသော အဖိနှိပ်ခံ အသုံးချခံ ရိုဟင်ဂျာ လူမျိုးစု အပေါ် နောက်တကြိမ် ဂျီနိုဆိုက်လူမျိုးတုံးသတ်ဖြတ်မှုများ ထပ်မံမဖြစ်လာစေရန် မြန်မာနိုင်ငံရှိ တော်လှန်ရေး နိုင်ငံရေးအင်အားစုတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေအပြင် ပြည်သူလူထု တစ်ဦးချင်းစီအနေနဲ့လည်း အရပ်သား ကာကွယ်ရေး၊ လူ့ ဂုဏ်သိက္ခာ ကာကွယ်ရေး အခြေခံအပေါ် ရပ်တည်ဖို့ အထူး အရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

ဒေသတွင်းတာဝန်ရှိတဲ့ အာရက္ခ တပ်တော် (AA) ဟာ ရခိုင်ဒေသ အတွင်း မှီတင်းနေထိုင်နေကြတဲ့ ပြည်သူလူထုအားလုံးကို ကာကွယ်ပေးရန် အထူးတာဝန်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

အာရက္ခ တပ်တော် (AA) ခေါင်းဆောင်တွေနဲ့ ရိုဟင်ဂျာ ခေါင်းဆောင်များလည်း အမြန်ဆုံး တွေ့ဆုံဆွေးနွေး တိုင်ပင်မှုတွေ ပြုလုပ်ကြဖို့ကိုလည်း တောင်းဆိုလိုက်တယ်လို့ ဆိုပါတယ်။

ပူးတွဲ ထုတ်ပြန်ကြေငြာချက်တွင် ပါဝင်တဲ့ အဖွဲ့အစည်းပေါင်း ၁၉၅ ဖွဲ့မှာ ၅၉ ဖွဲ့ဟာ ပြည်တွင်း လုံခြုံရေး အခြေအနေကြောင့် အမည်ဖော်ပြခြင်း မပြုဘူးလို့ သိရှိရပါတယ်။

1. Action Committee for Democracy Development (ACDD)

2. Ah Nah podcast – Conversations with Myanmar

3. All Young Burmese League, Australia

4. Alliance for Democracy in Myanmar (ADM)

5. Alliance of Students’ Unions – Yangon (ASU-Yangon)

6. Anti Dictatorship in Burma – DC Metropolitan Area.

7. Anti-Junta Mass Movement (AJMM)

8. Arakan Youth Peace Network

9. Athan – Freedom of Expression Activist Organization

10. ATN Ayarwaddy Youth Network

11. Aung San Su Kyi Park, Norway

12. Ayeyarwaddy West Development Organisation (AWDO), Magway

13. Ayeyarwaddy West Development Organisation (AWDO), Ngaphe

14. Bago Regional Support Team

15. Blood Money Campaign (BMC)

16. Burma Civil War Museum

17. Burma Human Rights Network (BHRN)

18. Burma Support

19. Burmese Women’s Union (BWU)

20. CAN-Myanmar

21. Chin Community in Norway

22. CRPH & NUG supporters Ireland

23. CRPH Funding Ireland

24. CRPH Support Group, Norway

25. CRPH, NUG Support Team Germany-Deutschland

26. Defend Myanmar Democracy (DMD)

27. Democracy Peace and Women Organization

28. Democratic Movement Strike Committee (Dawei)

29. Democratic Party for a New Society, Norway

30. Democratic Youth Council (DYC)

31. Doh Atu – Ensemble pour le Myanmar

32. Doh Ayay

33. Educational Initiatives

34. Equality Myanmar

35. Former ABSDF

36. Free Rohingya Coalition (FRC)

37. General Strike Committee (GSC)

38. General Strike Committee of Nationalities (GSCN)

39. Generation Wave

40. Global Myanmar Spring Revolution (GMSR – Japan)

41. Global Myanmar Spring Revolution (GMSR)

42. Historical Carriers Group

43. Human Rights Foundation of Monland

44. Inlighten Peninsula Tenasserim – IPT

45. International Society of Myanmar Scholars and Professionals

46. Justice for Myanmar

47. Kachin Association Norway

48. Karen Women’s Organization

49. Karenni Association – Norway

50. K’cho Ethnic Association

51. Keng Tung Youth

52. Knowledge Hub Myanmar

53. Kyae Lak Myay

54. Kyauktada Strike Committee

55. LASHIO UlC

56. Legal Aid For Human Rights

57. MAGGA Initiative

58. MATA စစ်ကိုင်းတိုင်း

59. Matu Burma Foundation

60. MilkTeaAlliance Calendar Team

61. Min Hla farmers Group

62. Minbu farmers Group

63. Minority Affairs Institute (MAI Myanmar)

64. Mon Association – Norway

65. Mother’s Embrace Foundation

66. Muslim of Myanmar Multi-Ethnic Consultative Committee (MMMCC)

67. Myanmar Baptist Churches in Norway

68. Myanmar Catholic Community In Norway

69. Myanmar Community Austria

70. Myanmar Community in Norway

71. Myanmar Cultural Research Society (MCRS)

72. Myanmar Freedom of Religion or Belief Network

73. Myanmar Hindu Community – Norway

74. Myanmar Muslim Organization – Norway

75. Myanmar Muslim Revolution Force

76. Myanmar Tourism Committee

77. MyaYar Knowledge Tree

78. Network for Human Rights Documentation – Burma (ND-Burma)

79. New Power Generation

80. New Rehmonnya Federated Force -NRFF

81. New Step

82. NLD Organization Committee (International) Norway

83. Norway Falam Community

84. Norway Matu Community

85. Norway Rawang Community

86. Nyan Lynn Thit Analytica

87. Olive Organization

88. People Defense and Supporting Force

89. Politics for Women Myanmar

90. Progressive Voice

91. Pwintphyu Development Organisation

92. RAISA Rohingya Southeast Asia Network

93. Rathedaung Society for Peace and Development (RSPD)

94. Rohingya Action Ireland

95. Rohingya Community in Norway

96. Rohingya Student Network (RSN)

97. Rohingya Union for Women Education and Development (RUWED)

98. Save and Care Organization for Ethnic Women at Border Areas (SCOEWBA)

99. Save Myanmar San Francisco

100. Save Myanmar USA

101. Shan MATA

102. Sisters 2 Sisters

103. Sitt Nyein Pann Foundation

104. South Dagon`s Saturated Blood of Revolution Strike Force

105. Southern Dragon Myanmar

106. Southern Monitor

107. Southern Voice

108. Southern Youth Development Organization

109. Spring Revolution Myanmar Muslim Community (SRMMC)

110. Support Group for Democracy in Myanmar (Netherlands)

111. Ta’ang Legal Aid Foundation-TLAF

112. Ta’ang Women’s Organization

113. Tamwe Nway Oo Channel

114. HTY Scout Channel

115. NOK Information & Scout Echo

116. Thaketa & Dawbon Scout Channel

117. Information & Scout News (Hlaing)

118. South Dagon Scouting Infos (SDG)

119. Kyimyindaing Scout Channel

120. Insein Scout Channel

121. North Dagon & East Dagon News

122. Youth Scout For Democracy (YSD)

123. Tanintharyi Nationalities Congress – TNC

124. Tenasserim Student’s Union Network- TSUN

125. Thint Myat Lo Thu Myar Organization

126. Union of Karenni State Youth (UKSY)

127. White Coat Society Yangon

128. Women Advocacy Coalition Myanmar (WAC-M)

129. Yangon Medical Network

130. Yangon Public Relations (YPR)

131. Youth for democratization of Myanmar (UDM)

132. Z Fighter News

133. Zomi Christian Fellowship of Norway

134. Zomi Community Norway

135. အညာလွင်ပြင်ရပ်ဝန်း

136. Women’s Peace Network (WPN)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မှော်ဘီလေတပ်စစ်ဆင်ရေးထဲ Dark Shadow တပ်သား (၂)ဦး ဖမိးဆီးခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေချိန် ရဲဘော်တပ်သား (၂)ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ Dark Shadow ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ရန်ကုန် အင်းစိန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 6 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်အချိန်က အင်းစိန်မြို့ရှိ စစ်ကောင်စီရဲ့ ရွာမအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

ကန့်ဘလူနယ်ထဲ စစ်ရှုံးစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ စစ်ရှုံးစစ်ကောင်စီဟာ ကန့်ဘလူမြို့နယ်ရှိ မလည်တိုက်နယ်ထဲ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ People’s Defense Comrade(PDC)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၄)ရက်နေ့ ညနေပိုင်းအချိန်ကစပြီး စစ်ရှုံးစစ်ကောင်စီဟာ တံတားဦးလေတပ်ကနေ Mi-35p တိုက်ခိုက်ရေးလေယာဉ်နဲ့
မြန်မာသတင်း

ပုသိမ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ အထူးရဲတစ်ဦးက ဓါးထိုးထွက်ပြေးကာ ရဲမှူးတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၄)နာရီအချိန်က ပုသိမ်မြို့မှာ သတင်းရဲတပ်ဖွဲ့(SB)တစ်ဦးကို ဖမ်းဆီးစစ်ဆေးချိန် ဓါးထိုးထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ ပုသိမ်က SB ဇော်ကြီးကို ရန်ကုန်ကဆင်းလာတဲ့ အထူးစစ်ဆေးရေးအဖွဲ့က ၀င်ရောက်စစ်ဆေးတဲ့အချိန်
မြန်မာသတင်း

မိတ္ထီလာမြို့ရှိ စစ်ကောင်စီရဲကင်း ဖောက်ခွဲတိုက်ခိုက်ခံရ၊ ရဲ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 4 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၈)နာရီအချိန်က မိတ္ထီလာမြို့၊ နန်းတော်ကုန်းရပ်ကွက်လမ်းဆုံရှိ စစ်ကောင်စီရဲကင်းကို ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က နံနက် (၈)နာရီလောက် နန်းတော်ကုန်းလမ်းနဲ့ ကန်ပတ်လမ်း လမ်းဆုံ
မြန်မာသတင်း

တပ်ကုန်းမြို့ ချောင်းခြားရွာက လူ (၁၀၀)ကျော် အစာအဆိပ်သင့်ကာ ဆေးကုသနေရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 3 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၁၀)နာရီခန့်က တပ်ကုန်းမြို့ရှိ ချောင်းခြားရွာက လူဦးရေ (၁၀၀)ကျော် အစာအဆိပ်သင့်တာကြောင့် ဆေးရုံတွေမှာ ဆေးကုသတာတွေ ခံယူနေရတယ်လို့ ကူညီပေးနေသူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က အလှူရှင်တွေ လာလှူတဲ့
မြန်မာသတင်း

ထန်တလန်မြို့ပေါ် စစ်ကောင်စီတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 5 Views
စက်တင်ဘာလ (၁၈)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ မနေ့က ညနေ (၃)နာရီနဲ့ (၄)နာရီကြားမှာ စစ်ကောင်စီတွေ အခြေချတပ်စွဲထားတဲ့ လိုင်ဗီလာတည်းခိုခန်းကို
မြန်မာသတင်း

မိုးသည်းထန်စွာရွာမှာကို မမှန်းဆမိခဲ့တဲ့အတွက် အထိအခိုက်များပြားခဲ့တာလို့ စစ်ခေါင်းဆောင် ၀န်ခံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 18 ရက်
  • 12 Views
စက်တင်ဘာလ (၁၈)ရက်။ သတိပေးတာတွေရှိပေမယ့် အချိန်တိုထဲ မိုးသည်းထန်စွာ ရွာသွန်းမှာကို မမှန်းဆခဲ့မိကြတာကြောင့် အထိအခိုက် များပြားခဲ့တာလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ သဘာ၀ဘေးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ သဘာ၀ဘေးဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ထဲ