နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးဖို့ စစ်ကောင်စီပြင်ဆင်နေ

ဩဂုတ်လ (၂၂)ရက်။

ဌာနဆိုင်ရာ၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းလမ်းတွေနဲ့ လစာပေးချေဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။

အခုအခါ တိုင်းနဲ့ ပြည်နယ်တွေမှာ ATM စက်တွေ တပ်ဆင်ပေးထားပြီး ရန်ကုန်တိုင်းမှာ (၁၉၀၈)လုံး၊ မန္တလေးတိုင်းမှာ (၇၀၇)လုံးနဲ့ နေပြည်တော်မှာ (၃၃၂)လုံး တပ်ဆင်ထားကာ လိုအပ်ရင် ထပ်မံတိုးချဲ့သွားမယ်လို့ ဆိုပါတယ်။

နေပြည်တော်က အရာထမ်းတွေအပါအ၀င် အမှုထမ်းတွေပါ ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးနိုင်ဖို့နဲ့ ရန်ကုန်နဲ့ မန္တလေးတိုင်းထဲက ၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးချေတာကို တိုးချဲ့ဆောင်ရွက်ဖို့ ညွှန်ကြားထားပါတယ်။

သက်ဆိုင်ရာ တိုင်းဒေသကြီးထဲရှိ ၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒေသထဲက ဌာနဆိုင်ရာ၀န်ထမ်းတွေကို လစာပေးချေတာမှာ ကတ်နဲ့ပေးချေတာ၊ ဘဏ်စာရင်းနဲ့ မိုင်ဘိုင်းငွေကြေးစာရင်းနဲ့ ပေးချေတာတို့ကို ဆောင်ရွက်နေပြီဖြစ်တယ်လို့ ရေးသားထားပါတယ်။

၀န်ကြီးဌာနနဲ့ အဖွဲ့အစည်းတွေအနေနဲ့ ၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးနိုင်ဖို့ ပူးပေါင်းဆောင်ရွက်ရန်နဲ့ ဆောင်ရွက်လိုတဲ့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေကို ပြန်လည်သတင်းပေးပို့ဖို့ အကြောင်းကြားထားပါတယ်။

၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးတာကို နေပြည်တော်မှာ ၂၀၂၃ခုနှစ် မေလကစတင်ခဲ့ကာ ရန်ကုန်နဲ့ မန္တလေးတိုင်းရှိ ၀န်ထမ်းတွေအပါအ၀င် တိုင်းနဲ့ပြည်နယ်ထဲရှိ ၀န်ထမ်းတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ ‌လစာပေးရာ စုစုပေါင်း (၉)ဘီလီယံကျော်အထိ လတိုင်းပေးနိုင်ခဲ့တယ်လို့ ဗဟိုဘဏ်က ပြောဆိုထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံရဲ့ ငွေကြေးလိုအပ်ချက်တွေကို လျော့ချနိုင်ဖို့အတွက် အခုလို ဒစ်ဂျစ်တယ်နည်းနဲ့ လစာပေးတာတွေကို ပြုလုပ်လာတာဖြစ်ပြီး ငွေသားအသုံးပြုတာကို ပိုမိုထိန်းချုပ်သွားဖို့ ရည်ရွယ်တာလို့ သုံးသပ်ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျောက်တော်ရှိ ကိုယ်ပိုင်ကျောင်းတခုကို စစ်တပ် လေကြောင်းဗုံးကြဲ၊ ကျောင်းသား/သူတွေနဲ့ ကလေးတွေအပါအဝင် (၁၈)ဦးသေဆုံး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 9 Views
စက်တင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၁)နာရီကျော်အချိန်က ကျောက်တော်မြို့ သရက်တပင်ရွာထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့
မြန်မာသတင်း

ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 10 Views
စက်တင်ဘာလ (၁၂)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ရင်းဌာနချုပ်တွေ၊ တပ်စခန်းတွေနဲ့ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ကလေးမြို့တိုက်ပွဲထဲ အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်သုံ့ပန်း(၇)ဦးကို ဖမ်းမိခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 43 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၂)ရက်နေ့က ကလေးမြို့ နန်းစောင်းပုရွာသစ်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကော်မရှင်တပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၁)စစ်ဒေသရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နန်းစောင်းပုရွာသစ်ကို စစ်ကော်မရှင်ဘက်က ဒစက(ကလေး)လက်အောက်ခံ တတက(၁၀)က ဗိုလ်မှူး ရဲမျိုးမင်း၊
မြန်မာသတင်း

တလထဲ စစ်အုပ်စုကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၀)ကျော်ရှိခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 30 Views
စက်တင်ဘာလ (၁၁)ရက်။ ပြီးခဲ့တဲ့ ဩဂုတ်လထဲ စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု (၆၀၅)မှုရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်အုပ်စုရဲ့ လူ့အခွင့်အရေးချိုဖောက်တဲ့ အမျိုးအစားတွေထဲ ပြည်သူတွေရဲ့ ကိုယ်ပိုင်ပစ္စည်းဖျက်ဆီံးခံရတာ (၁၃၀)မှုနဲ့ အများဆုံးဖြစ်ကာ
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို အရေးယူမယ်လို့ KNU သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 43 Views
စက်တင်ဘာလ (၁၁)ရက်။ စစ်ကော်မရှင်ရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် အားပေးအားမြှောက်ပြုသူတွေကို ကော်သူးလေဥပဒေနဲ့အညီ အရေးယူမယ်လို့ ညောင်လေးပင်ခရိုင် KNU တပ်မဟာ (၄)က ဒီကနေ့မှာ သတိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေမယ့် တိုင်းရင်းသားပြည်သူတွေအပေါ် ဖိနှိပ်ကျွန်ပြု၊
မြန်မာသတင်း

မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်ထွေအုပ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 33 Views
စက်တင်ဘာလ (၁၁)ရက်။ မနေ့က ည (၁၀)နာရီ (၁၀)မိနစ်ခန့်မှာ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့ရှိ ထွေအုပ်ရုံးက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အာဏာရူးတွေ အာဏာတည်မြဲဖို့ လက်တဆုပ်စာ ကိုယ်ကျိုးစီးပွားအတွက်လုပ်နေတဲ့
မြန်မာသတင်း

င‌ဖဲမြို့တိုက်ပွဲထဲ စစ်တပ်စစ်ကြောင်း အထိနာပြီး (၇၀)ကျော်သေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 32 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၄)ရက်နေ့နဲ့ (၇)ရက်နေ့တို့မှာ မကွေးတိုင်း ငဖဲမြို့ စွန်တက်ရွာရဲ့ အရှေ့မြောက်ဘက်အနီးမှာ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၄)ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲ‌မှာ (၂)နာရီကျော်ကြာမြင့်ခဲ့ပြီး
မြန်မာသတင်း

သပိတ်ကျင်းမြို့ရှိ ကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 69 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က သပိတ်ကျင်းမြို့ ဇရပ်ကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၁)နာရီခွဲဝန်းကျင်လောက်မှာ သပိတ်ကျင်းက ဇရပ်ကွင်းရွာစာသင်ကျောင်းကို စစ်တပ်က