နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျားက မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရ

နိုဝင်ဘယလ (၂၁)ရက်။

နိုဝင်ဘာလ (၁၉)ရက်နေ့ ညနေပိုင်းအချိန်က ဘုရားသုံးဆူမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ လျှပ်စစ်ဝန်ထမ်းတန်းလျား နေအိမ်က မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံက သိရပါတယ်။

“ အသတ်ခံရတဲ့ မိသားစု (၃)ယောက်က လျှပ်စစ်ဝန်ထမ်းတန်းလျားက အိမ်မှာနေတာ။ သူတို့ကို အဖွဲ့တဖွဲ့ရောက်လာပြီး လာခေါ်သွားရာကနေ ရာဘာခြံထဲမှာ အသတ်ခံထားရတာကို တွေ့ခဲ့တာပါ။ ဘယ်အဖွဲ့က လုပ်တာလဲဆိုတာတော့ အခုချိန်အထိ မသိရသေးဘူး” လို့ ဆိုပါတယ်။

သတ်ဖြတ်ခံရသူ (၃)ဦးဟာ ဦးကျော်သိန်းမောင် (၆၉)နှစ်အပါအဝင် သမီးဖြစ်သူ မသိမ့်သိမ့်သူ (၃၆)နှစ်နဲ့ မြေးဖြစ်သူ စိုင်းဝဏ္ဏထွန်း (၆)နှစ်တို့ဖြစ်ကာ အမည်မသိအဖွဲ့တဖွဲ့က နေအိမ်ကနေ လာရောက်ခေါ်ဆောင်သွားခဲ့တာလို့ သိရပါတယ်။

ဦးကျော်သိန်းမောင်အပါအဝင် သမီးဖြစ်သူနဲ့ မြေးဖြစ်သူတို့ကို အမည်မသိအဖွဲ့က လာရောက်ခေါ်ဆောင်သွားပြီး နောက်တရက်ဖြစ်တဲ့ မနေ့က နံနက်ပိုင်းအချိန်မှာတော့ ရာဘာခြံတစ်ခြံထဲ ဓါးဒဏ်ရာတွေနဲ့ သတ်ဖြတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

အခုလို မိသားစုဝင် (၃)ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို မသိရသေးသလို စစ်ကောင်စီဘက်ကလဲ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်မှာတော့ သတ်ဖြတ်ခံခဲ့ရတဲ့ မိသားစုဝင် (၃)ဦးစလုံးရဲ့ ရုပ်အလောင်းကို နေအိမ်ကနေ မြို့ပြင်သုဿာန်သို့ ပို့ဆောင်သင်္ဂြိုလ်ခဲ့တယ်လို့ ‌မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခေတ်မျက်လုံးပရိဿတ်များ –

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဒီအပတ် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီ ၂၆ရက် ၊ တနင်္ဂနွေနေ့ မှာ ခေတ်မျက်လုံးရဲ့ ပင်တိုင် ဟောပြောသူတွေဖြစ်တဲ့ ဦးထွန်းအောင်ကျော် နဲ့
မြန်မာသတင်း

မြင်းခြံမြို့ ဆင်းဂွတ်ရွာစာသင်ကျောင်းအနီး ဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် ဒါဇင်နဲ့ချီသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 17 Views
ဇန်နဝါရီလ (၂၆)ရက်။ ဒီကနေ့ နံနက် (၈)နာရီကျော်အချိန်က မြင်းခြံမြို့ ဆင်းဂွတ်ရွညစာသင်ကျောင်းအနီးကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 4 Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
မြန်မာသတင်း

စစ်ရေးသတိရှိဖို့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ကိုရောက်ချိန် စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 5 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ရန်ကုန်တိုင်းစစ်ဌာနချုပ် သန်လျင်တပ်နယ်မှာ စစ်ရေးသတိရှိဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်သားတွေအနေနဲ့ ဘယ်တပ်ဖွဲ့၊ ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေပါစေ စစ်ရေးသတိ၊ စစ်ရေးအသိ၊
မြန်မာသတင်း

တရုတ်အနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 11 Views
ဇန်နဝါရီလ (၂၆)ရက်။ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်ကူညီပေးဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ နှစ်နိုင်ငံပြည်သူတွေအကြား ရင်းနှီးချစ်ကြည်ဖို့ကို ပိုမိုတိုးတက်ခိုင်မာအောင် အလေးအနက်ထား ဆောင်ရွက်သွားမယ်လို့
မြန်မာသတင်း

တပတ်တာတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၂၀)ဦးကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 13 Views
ဇန်နဝါရီလ (၂၅)ရက်။ အခုလ (၁၈)ရက်နေ့ကနေ (၂၄)ရက်နေ့အထိ တောင်ပိုင်းစစ်ဒေသမှာ KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ကို (၁၆)ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုတိုက်ခိုက်ခဲ့ရာမှာ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်သား စုစုပေါင်း (၂၇)ဦး
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ပြည်သူ့ဆေးရုံကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ CDM ဝန်ထမ်းတွေနဲ့ အရပ်သားတွေ အများအပြား ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 17 Views
ဇန်နဝါရီလ (၂၅)ရက်။ ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲပြည်သူ့ဆေးရုံကို နေ့လယ်(၁)နာရီ (၂၅)မိနစ်နဲ့ (၂၉)မိနစ်တို့မှာ လေကြောင်းကနေ
မြန်မာသတင်း

ပအိုဝ်းဒေသကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့က အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 25 ရက်
  • 9 Views
ဇန်နဝါရီလ (၂၅)ရက်။ ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းရှိ ပအိုဝ်း‌ကျေးရွာတွေကို စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက အဆိပ်ပါတဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလို ဆီဆိုင်မြို့အရှေ့ဘက်ခြမ်းက ပအိုဝ်းရွာတွေကို လက်နက်ကြီးတွေနဲ့